Sunday, September 30, 2012

U8825D ရဲ့ power ပိတ်ပြီး အားသွင်းရင် CWM recovery ကိုရောက်ရောက်သွားတဲ့ error ကိုဖြေရှင်းနည်း

Huawei U8825D ကို power ပိတ်ပြီးအားသွင်းရင် CWM recovery သို့ရောက်ရောက်နေတတ်ပါတယ်။ အဲဒါဟာ ပထမတင်ထားတဲ့ English version CWM recovery ရဲ့ error ကြောင့်လို့ ပြောလို့ရပါတယ်။ အဲဒီ error ကို ဖြေရှင်းဖို့ကတော့ power ပိတ်ပြီး အားသွင်းတာကို support လုပ်နိုင်တဲ့ Chinese version CWM recovery အစားထိုးမှာဖြစ်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ရေးထားတဲ့ U8825D CWM recovery installer လေးကိုသုံးသွားမှာဖြစ်ပါတယ်။

U8825D CWM recovery installer ကို ဒီမှာဒေါင်းပါ ပြီးရင်Zip ဖြေလိုက်ပါ ။ ( Password  ။ ။   htayhlaingoo )

ဒေါင်းလို့ရလာတဲ့ U8825D_CWM_recovery_installer.rar ဖိုင်ကိုဖြေပါ။ အထဲမှ U8825D_CWM_recovery_installer.exe ကို run လိုက်ပါ။အောက်မှာပြထားတဲ့ ပုံအတိုင်းတွေ့ရပါလိမ့်မယ်။


Install CWM ကိုနှိပ်လိုက်ပါ။ အောက်ပါပုံပေါ်လာပါလိမ့်မယ်။


ကြိုက်ရာ key တစ်ခုကိုနှိပ်လိုက်ပါ။ အော်မှာပြထားတဲ့ပုံ ပေါ်လာပါလိမ့်မယ်။



ဖုန်းမှ volume down + power ကို ၁၅ စက္ကန့်လောက် ဖိနှိပ်ပြီး fastboot mode ၀င်ပါ။ ပြီးလျှင် computer နှင့် ချိတ်လိုက်ပါ။
cmd box ပိတ်သွားပါလိမ့်မယ်။ ဖုန်းကို battery ဖြုတ်ပြီး power  ပြန်ဖွင့်လိုက်ပါ။ အခုဆိုရင်တော့ သင့်ရဲ့ဖုန်းမှာရှိနေတဲ့ CWM recovery error ရှင်းလို့ပြီးသွားပါပြီ။
power ပိတ်ပြီးအားသွင်းလို့လည်းရပါပြီ။ အားလုံးအဆင်ပြေကြပါစေ....................။

Post By Htay Hlaing Oo  အား ကျေးဇူးအထူးတင်ပါတယ် ။

Huawei U8812D ကို Google Application ထည့်နည်း

အခုပြောပြပေးမှာကတော့ Huawei U8812D ကို Google application တွေထည့်နည်းပဲဖြစ်ပါတယ်။ U8812D ကို CWM သွင်းပြီးသွားရင်တော့ google application တွေကို ထည့်လို့ရပါပြီ။ U8812D အတွက် ကျွန်တော် တင်ပေးထားတဲ့ CWM recovery v5.0.2.8 ဟာ တရုတ်လိုဖြစ်နေတဲ့ အတွက် လုပ်တဲ့နေရာမှာတော့ အခက်အခဲအနည်းငယ်ရှိပါတယ်။ အဲဒါကိုပြေလည်အောင် ဘာသာပြန်ပုံလေးနဲ့ တင်ပြပေးပါ့မယ်။

Google application ကို ဒီမှာဒေါင်းယူပါ ။



တရုတ်စာကို English လို ဘာသာပြန်ထားတာပါ။

--reboot system now 重启系统
--apply sdcard:update.zip 使用SD卡根目录的update.zip更新系统
--wipe data/factory reset 清空data分区并恢复出厂设置
--wipe cache partition 清空cache分区
--install zip from sdcard 从SDcard选择文件更新系统
--apply sdcard:update.zip 使用SD卡根目录的update.zip 更新系统
--choose zip from sdcard 从SD卡选择zip格式升级包
--toggle signature verification 切换签名验证
--toggle script asserts 切换升级脚本检查 
--backup and restore 备份和恢复
--Backup 备份
--Restore 恢复
--Advanced Restore 高级恢复
--mounts and storage 挂载和存储
--mount /system 挂载/system分区(系统分区)
--mount /data 挂载/data分区(数据分区)
--mount /cache 挂载/cache分区(缓存分区)
--mount /sd-ext 挂载/sd-ext分区(A2SD分区)
--format boot 格式化内核分区
--format system 格式化系统分区
--format data 格式化数据分区
--format cache 格式化缓存分区
--format sdcard 格式化存储卡
--format sd-ext 格式化内存卡SD
--mount USB storage 挂载SD卡为U盘模式
--advanced 高级
--Reboot Recovery 重启Recovery 
--Wipe Dalvik Cache 清空Dalvik缓存
--Wipe Battery Stats 清空电池状态
--Report Error 报告错误
--Key Test 键位测试
--Partition SD Card 对SD卡分区
--Fix Permissions 修复权限
--power off 关机
--touch calibration 触屏校准

(က) ဒေါင်းလို့ ရလာတဲ့ zip ဖိုင်ကို sd card ထဲထည့်ပါ။

(ခ) ဖုန်းကို ပိတ်ပါ။ ပြီးလျှင် volume up + power ကိုနှိပ်ပြီး recovery mode ၀င်ပါ။ အဲဒီနည်း အလုပ်မလုပ်လျှင် ဒီနည်း လမ်းဖြင့် CWM recovery သို့ ၀င်နိုင်ပါတယ်။

(ဂ) Google application မသွင်းခင် အရင်ဆုံး Nandroid Backup ယူထားစေချင်ပါတယ်။ တစ်ခုခုဖြစ်ခဲ့လျှင် firmware တင်စရာမလိုပဲ ပြန်ပြီး restore လုပ်လို့ရအောင်ပါ။


(ဃ) ပြီးလျှင်အပေါ်မှာပြထားတဲ့ ပုံနှစ်ခုကိုနိုင်းယှဉ်ပြီး  install zip from sdcard > choose zip from sdcard > gapps-ics-20120429-signed.zip ကိုရွေးပြီး update လုပ်ပေးပါ။ ခဏစောင့်ပါ။


(င) main menu သို့ ပြန်သွား၍ reboot system now ကို နှိပ်လိုက်ပါ။ အခုဆိုရင်တော့ google application တွေထည့်လို့ပြီးသွားပါပြီ။

အားလုံးအဆင်ပြေကြပါစေ........။


Post By Htay Hlaing Oo အား ကျေးဇူးအထူးတင်ပါတယ် ။

U8812D ကို root မလုပ်ပဲ မြန်မာဖောင့်ထည့်နည်း နှင့် root လုပ်နည်း

အခုပြောပြပေးမှာကတော့ လူတိုင်းမျှော်လင့် စောင့်စားနေတဲ့ Huawei U8812D ကို root မလုပ်ပဲမြန်မာဖောင့်ထည့်နည်းနှင့် root လုပ်နည်းဖြစ်ပါတယ်။ root မလုပ်ပဲ CWM recovery ကို သွင်းပြီးတော့ ကျွန်တော် တို့ဖန်တီးထားတဲ့ HWMMfont.zip နဲ့ CWM ကနေ update လုပ်လိုက်ရင်ရပါပြီ။

လိုအပ်သောဖိုင်ကို ဒီမှာဒေါင်းပါ ။ password  ။ ။  htayhlaingoo )

download လုပ်၍ရလာသော U8812D_root_by_HtayHlaingOo.rar ကို ဖြေလိုက်ပါ။ အထဲမှာ အောက်မှာပြထားတဲ့ပုံအတိုင်း တွေ့ရပါလိမ့်မယ်။


(၁) Driver သွင်းနည်း
ဖုန်းရဲ့ battery ကို ၁၅ စက္ကန့်လောက် ဖြုတ်ထားပါ။ ပြီးလျှင် ပြန်တပ်ပြီး computer နှင့် usb ကြိုးမှ တဆင့်ချိတ်လိုက်ပါ။ computer မှာ driver တောင်းပါလိမ့်မယ်။ အဲဒီအခါကျရင်ဒေါင်းလို့ရတဲ့ folder 6575驱动 > USB VCOM Driver > နောက်က ကိုယ့် ကွန်ပျူတာရဲ့ window အမျိုးအစားပေါ်လိုက်ပြီး ရွေးပေးပါ။ သူ့ဘာသာသူ driver သွင်းပေးသွားပါလိမ့်မယ်။ 

(၂) CWM သွင်းနည်း နှင့် Root လုပ်နိုင်သည့် kernel ချိန်းနည်း
driver သွင်းပြီးပြီဆိုရင်တော့ CWM သွင်းပါမယ်။ ဒေါင်းလို့ရတဲ့ SP_Flash_Tool_v3.1220.01 folder ထဲက Flash_tool.exe ကို run လိုက်ပါ။ အောက်မှာပြထားတဲ့ ပုံအတိုင်းတွေ့ရပါလိမ့်မယ်။


ပုံမှာ ပြထားတဲ့ နေရာကို click လိုက်ပြီး MT6575_Android_scatter_emmc.txt ကိုရွေးလိုက်ပါ။ အောက်မှာပြထားတဲ့ ပုံအတိုင်း တွေ့ရပါလိမ့်မယ်။


 အဲဒီနေရာမှာတော့ ရွေးစရာ သုံးမျိုးရှိပါတယ်။

(က) root ပဲလုပ်မယ်ဆိုရင်တော့ BOOTIMG နေရာတစ်ခုတည်းမှာ အမှန်ခြစ်ထားပါ။
(ခ) CWM ပဲသွင်းမယ်ဆိုရင်တော့ RECOVERY နေရာတစ်ခုတည်းမှာ အမှန်ခြစ်ထားပါ။
(ဂ) နှစ်ခုစလုံး လုပ်မယ်ဆိုရင်တော့ နှစ်ခုစလုံးလို အမှန်ခြစ်ထားပါ။

ကိုယ်ကြိုက်နှစ်သက်ရာရွေးချယ်ပြီးရင်တော့ ပုံမှာပြထားတဲ့ download ဆိုတာကို နှိပ်လိုက်ပါ။ Not All images are correctly loaded ဆိုတဲ့ စာ ပေါ်လာရင် Yes ကို ရွေးပေးပါ။
ဖုန်းရဲ့ battery ကို ၁၅ စက္ကန့်လောက် ဖြုတ်ထားပါ။ ပြီးလျှင် ပြန်တပ်ပြီး computer နှင့် usb ကြိုးမှ တဆင့်ချိတ်လိုက်ပါ။ စတင်အလုပ်လုပ်ပါလိမ့်မယ်။ အရင်ဆုံး အနီရောင်ပြေးပါမယ်။ ပြီးလျှင် အ၀ါရောင်ပြေးပါမယ်။ နောက်ဆုံးပြီးရင်တော့ အစိမ်းရောင်ဖြင့် download ok ဆိုတဲ့ box တစ်ခု ကျလာပါလိမ့်မယ်။- အခုဆိုရင်တော့ ဖုန်းကို ဖြုတ်ပြီး ကြည့်လိုက်ပါ။ ကိုယ်လုပ်ချင်တာကို လုပ်လို့ရပါပြီ။CWM သွင်းတာကတော့ ဒီမှာပဲပြီးသွားပါပြီ။

မြန်မာဖောင့်ထည့်နည်း

CWM သွင်းပြီးရင်တော့ မြန်မာဖောင့်ထည့်ချင်တဲ့သူများကတော့ CWM သွင်းပြီးပြီ ဖြစ်တဲ့ အတွက် မြန်မာဖောင့်ထည့်နည်းကို ဒီနေရာ မှာသွားရောက်လေ့လာနိုင်ပါတယ်။

Google Application ထည့်နည်း ။

CWM သွင်းပြီးရင်တော့ Google Application ထည့်ချင်သူများကတော့ ဒီနေရာ မှာ သွားရောက်လေ့လာနိုင်ပါတယ်။ 

သို့သော်လည်း root လုပ်ချင်တယ်ဆိုရင်တော့

နှစ်သက်ရာ root tool နဲ့ root လုပ်လို့ရပါပြီ။ Unlock Tool သို့ဒီမှာသွားပါ ။


အားလုံးအဆင်ပြေကြပါစေ....................။

Post By Htay Hlaing Oo အား ကျေးဇူးအထူးတင်ပါတယ် ။


Huawei တွင် Root မလုပ်ပဲ မြန်မာဖောင့်ထည့်နည်း

အရင် Huawei ဖုန်းတွေဟာ Root မလုပ်ပဲနဲ့ မြန်မာ ဖောင့်ကို ထည့်လို့မရပါဘူး။ ဒါပေမယ့် CWM ကို တော့ သွင်းလို့ရတာကို တွေ့ရပါတယ်။ CWM သွင်းပြီးရင် Root လုပ်ဖို့ လွယ်သွားပါပြီ။ သို့သော်လည်း ကိုယ့်ရဲ့ ဖုန်းကို Root မလုပ်ချင်သူများအတွက် ဒီနည်းကို အသုံးပြုလို့ရပါတယ်။ CWM သွင်းလို့ မရတဲ့ ဖုန်းတွေအတွက် ဒီနည်းက အဆင်မပြေသေးပါဘူး။ အခုကျွန်တော် ပြောပြပေးမှာကတော့ Huawei မှာ Root မလုပ်ပဲ မြန်မာစာ၊ တရုတ်စာ ၊ အင်္ဂလိပ်စာ များကို အဆင်ပြေပြေသုံးနိုင် အောင် ဖောင့်ထည့်သွင်းနည်းဖြစ်ပါတယ်။

လိုအပ်သော HWMMFont.zip ကိုဒေါင်းပါ ။
down ၍ ရလာသော HWMMFont.zip ကို sd card ထဲထည့်ပါ။

၁။ CWM သွင်းနည်း ။
Huawei ဖုန်းတွေအတွက် CWM သွင်းနည်း ကတော့ ဖုန်းတစ်ခုနဲ့ တစ်ခု မတူပါဘူး။ အဲဒါကြောင့် ကျွန်တော် ဒီနေရာမှာ ရှင်းမပြတော့ပါဘူး။

၂။ မြန်မာဖောင့်ထည့်နည်း ။
CWM ထည့်ပြီးပြီဆိုရင်တော့ ဖုန်းကို သက်ဆိုင်ရာခုလုတ်များကို ပြိုင်တူနှိပ်၍ CWM recovery mode သို့ဝင်ပါ။ CWM ၀င်နည်းကတော့ ဖုန်းအမျိုးအစားပေါ်လိုက်ပြီး နှိပ်ရတဲ့ ခလုပ်တွေ ကွဲပြားပါတယ်။ အဲဒါတွေကို ခေါင်းစားမခံချင်ရင်တော့ ဒီနည်း ကိုသုံးပြီး recovery mode ကို လွယ်ကူစွာဝင်လို့ရပါတယ် ။ ဒီမှာနှိပ်၍ သွားကြည့်နိုင်ပါတယ် ။
ပြီးလျှင် install zip from sdcard > choose zip from sdcard > HWMMFont.zip ကို update လုပ်ပါ။ main menu သို့ ပြန်သွား၍ reboot system now ကို နှိပ်လိုက်ပါ။
ဖုန်း Reboot ပြန်တက်လာတဲ့ အခါ မြန်မာစာ တွေကို ဖတ်လို့ ရေးလို့ရပါပြီ။

မြန်မာကီးဘုတ်ကိုတော့ ဒီမှာဒေါင်းပြီး ကိုယ့်ဘာသာပဲ ထည့်လိုက်ပါတော့။

အားလုံးအဆင်ပြေကြပါစေ...........။

Post By Htay Hlaing Oo အား ကျေးဇူးအထူးတင်ပါတယ် ။

Android ဖုန်းအားလုံးအတွက် Recovery Mode ၀င်နည်း

အခုပြောပြပေးမှာကတော့ Android ဖုန်း အားလုံးအတွက် Recovery Mode ၀င်နည်း ဖြစ်ပါတယ်။ အရင်က Recovery mode ကို ၀င်ဖို့ဆိုရင် ဖုန်းအမျိုးအစားပေါ်လိုက်၍ သက်ဆိုင်ရာ ခလုပ်များကိုနှိပ်ရပါတယ်။ အခုပြောမည့် နည်းကတော့ ဘာခလုပ်မှ နှိပ်စရာမလိုတော့ပါဘူး။ လိုအပ်သော One Click Recovery ဖိုင်ကိုဒေါင်းပါ။

One Click Recovery ကို ဒီမှာဒေါင်းပါ ။

ဒေါင်း၍ရလာသော One Click Recovery.rar ကို ဖြေချလိုက်ပါ။ အဲဒီထဲမှာ ပါလာတဲ့ One Click Recovery.exe ကို ကွန်ပျူတာပေါ်မှာ install လုပ်လိုက်ပါ။ desktop ပေါ်မှာ One Click Recovery ဆိုတဲ့ Icon လေး တွေ့ရပါလိမ့်မယ်။Recovery mode ၀င်ချင်တဲ့ ဖုန်းကို power ဖွင့်ပြီး ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ။ ပြီးလျှင် desktop ပေါ်က One Click Recovery ကို run လိုက်ပါ။ အောက်ပါပုံက box ကလေး တွေ့ရပါလိ့မ်မယ်။


Click To Enter Recovery ကို နှိပ်လိုက်ပါ။ ကဲ အခု ဖုန်းလေးကို ကြည့်လိုက်ပါ အောက်ကပုံအတိုင်း Recovery mode ထဲ ရောက်သွားတာ တွေ့ရပါလိ့မ်မယ်။


အားလုံးပဲအဆင်ပြေကြပါစေ....... ။

Post By Htay Hlaing Oo အား ကျေးဇူးအထူးတင်ပါတယ် ။

Friday, September 28, 2012

Nga Tat Pyar V1.0 For Android

Android စက်ရုပ်သမားတွေအတွက် မြန်မာမှုပြုထားတဲ့ ဂိမ်းလေးဖြစ်တဲ့ (Nga Tat Pyar & ငတတ်ပြား) ဆိုတဲ့ မြန်မာ့ဂိမ်းလေးကို တင်ပေးလိုက်ပါတယ် ပိုက်ဆံလိုက်စားရတဲ့ ဂိမ်းလေးပါ ရုပ်ထွက်ကောင်းမွန်ပြီး အရမ်းလန်းတဲ့ဂိမ်းလေးဖြစ်ပါတယ် ကျနော်မားကပ်မှာ အခုနောက်ဆုံးထွက်ဗားရှင်းလေးကို တင်ပေးလိုက်ပါတယ် လိုချင်သူများ အောက်မှာဒေါင်းယူပါ ။




Nga Tat Pyar V1.0 ကို လိုချင်သူများ ဒီမှာဒေါင်းယူပါ ဆိုဒ်က 15 MB ရှိပါတယ် ။

(ထုတ်လုပ်သူများ ဖြစ်ကြသော) ။ ။ အောင်စည်သူကျော် ၊ သက်နိုင်ဆွေ ၊ ကျော်သူအောင်ဘ ၊ ကိုသာသာ ၊ ဂျင်မီ တို့အား ကျေးဇူးအထူးတင်ပါတယ် ။

မူရင်းဆိုက်ဖြစ်တဲ့ Facebook လင့်ပါ ။ 

Google Play လင့်ပါ ။ 

Granny Smith V1.0.0 For Apple

Apple ပန်းသီးသမားတွေအတွက် အရမ်းလန်းတဲ့ mini 3D HD ဂိမ်းလေးဖြစ်တဲ့ Granny Smith ဆိုတဲ့ ဂိမ်းလေးပါ ။ စိတ်လှုပ်ရှား ထိတ်လန့်ဖွယ်ဖြစ်တဲ့ ခုန်ရတဲ့ဂိမ်းလေးပါ အဖွားကြီးရဲ့ ပန်းသီးခြံထဲကို သူခိုးကဝင်လာပြီး ပန်းသီးတွေခိုးသွားလို့ စကိတ်စီးပြီး ပြန်လိုက်လုတဲ့ဂိမ်းလေးပါ ပန်းသီးသုံးလုံးကို ရအောင်စားရမှာပါ ဖွားဖွားဂေါ်လီကြီးနော် ခိခိ ။ တားတားနေ့ရောညပါကိုက်နေတဲ့ ဂိမ်းလေးပေါ့ လက်မထိပ်တွေလဲနာနေပြီ ခိခိ ဒီဂိမ်းလေးဟာ မားကပ်မှာဆိုရင် $ .99 ကျပ်တန်ပါတယ် ကျနော်အခုနောက်ဆုံးထွက်ဖူးဗားရှင်းလေးကို တင်ပေးလိုက်ပါတယ် လိုချင်သူများ အောက်မှာဒေါင်းယူ


Granny Smith V1.0.0 ကို လိုချင်သူများ ဒီမှာဒေါင်းယူပါ ဆိုဒ်က 24 MB ရှိပါတယ် ။ 

Android သမားများ ဒီမှာသွား၍ ဒေါင်းယူပါ ဆိုဒ်က 19 MB ရှိပါတယ် ။ 

Thursday, September 27, 2012

Granny Smith V1.0.1 For Android

Android စက်ရုပ်သမားတွေအတွက် အရမ်းလန်းတဲ့ mini 3D HD ဂိမ်းလေးဖြစ်တဲ့ Granny Smith ဆိုတဲ့ ဂိမ်းလေးပါ ။ စိတ်လှုပ်ရှား ထိတ်လန့်ဖွယ်ဖြစ်တဲ့ ခုန်ရတဲ့ဂိမ်းလေးပါ အဖွားကြီးရဲ့ ပန်းသီးခြံထဲကို သူခိုးကဝင်လာပြီး ပန်းသီးတွေခိုးသွားလို့ စကိတ်စီးပြီး ပြန်လိုက်လုတဲ့ဂိမ်းလေးပါ ပန်းသီးသုံးလုံးကို ရအောင်စားရမှာပါ ဖွားဖွားဂေါ်လီကြီးနော် ခိခိ ။ တားတားနေ့ရောညပါကိုက်နေတဲ့ ဂိမ်းလေးပေါ့ လက်မထိပ်တွေလဲနာနေပြီ ခိခိ ဒီဂိမ်းလေးဟာ မားကပ်မှာဆိုရင် $ 1.07 ကျပ်တန်ပါတယ် ကျနော်အခုနောက်ဆုံးထွက်ဖူးဗားရှင်းလေးကို တင်ပေးလိုက်ပါတယ် လိုချင်သူများ အောက်မှာဒေါင်းယူ


Granny Smith V1.0.1 ကို လိုချင်သူများ ဒီမှာဒေါင်းယူပါ ဆိုဒ်က 19 MB ရှိပါတယ် ။ 

Apple သမားများ ဒီမှာသွား၍ ဒေါင်းယူပါ ဆိုဒ်က 24 MB ရှိပါတယ် ။ 

Bad Piggies for idevice



နာမည်ကျော် angry bird company မှ အသစ်ထုတ်လိုက်တဲ့ bad pigges ဂိမ်းလေးပါ။။။ အခန်းပေါင်း ၆၀ ပါဝင်တဲ့ ဂိမ်းလေးမှာ ဝက်လေးတွေ ခုန်ပျံကျော်လွှား ဥာဏ်စမ်း ဂိမ်းလေးများကို ကစားနိုင်မှာပါ။

ifunbox ဒါမှမဟုတ် itools လေးကနေ တဆင့်သွင်းပါ ခင်ဗျာ..

download  http://www.mediafire.com/?1k0j7yjklatlico

Bad Piggies for Android



နာမည်ကျော် angry bird company မှ အသစ်ထုတ်လိုက်တဲ့ bad pigges ဂိမ်းလေးပါ။။။ အခန်းပေါင်း ၆၀ ပါဝင်တဲ့ ဂိမ်းလေးမှာ ဝက်လေးတွေ ခုန်ပျံကျော်လွှား ဥာဏ်စမ်း ဂိမ်းလေးများကို ကစားနိုင်မှာပါ။

download  http://www.mediafire.com/?yakl94mxaz7onl5

ခင်မင်လျက်
ပေတူး
27/09/2012
10:44pm

How to add songs to iphone(5) without itunes

ဒီနေ့လည်က အစ်မတစ်ယောက် ပေတူးကို က မေးတယ်ဗျ။ itunes မပါပဲ ဖုန်းထဲကို သီးချင်းသွင်းချင်လို့တဲ့။ သူတို့ရုံးက ဆော့ဝဲလ်တွေကိုလည်း စက်ထဲပေးမရမ်းဘူး ဆိုတော့ portable ဆော့ဝဲလ်နဲ့မှပဲ အဆင်ပြေမယ်ထင်တယ်။ ဒါနဲ့ ပေတူးလည်း ဟိုရှာ ဒီရှာပေါ့။

 နောက်ဆုံးတော့ ဒီကောင်ကို တွေ့တယ်။ ပေတူးမှာက jailbroken iphone ပဲရှိတာဆိုတော့ သယ်ရင်းဆီက သူတောင် မသုံးတဲ့ iphone 5 လေးကို အားမနာစွာ ကိုယ့်စက်မှာတပ်လို့ စမ်းတော့တာပေါ့။ (သီးချင်းတွေ ဒေါင်းချင်ရင်တော့ ကျတော်က များသောအားဖြင့် myanmarmp3album.com မှာဒေါင်းပါတယ်။ သီချင်းတွေ ဒေါင်းပီးပီလို့ ယူဆလိုက်မယ်ဗျာ။)


Planet Myanmar Dictionary V1.4 For Android



Android စက်ရုပ်သမားတွေအတွက် English to Myanmar စကားပြန်ဆော့ဝဲလေးပါ အင်တာနက်ရှိဖို့မလိုပါဘူး Offline နဲ့အသုံးပြုနိုင်တဲ့ အရမ်းကောင်းတဲ့ Planet Myanmar Dictionary ဆိုတဲ့ဆော့ဝဲလေးပါ ကျနော်မားကပ်မှာအခုနောက်ဆုံးထွက် ဗားရှင်းလေးကို တင်ပေးလိုက်ပါတယ် လိုချင်သူများ အောက်မှာဒေါင်းယူပါ အားလုံးပဲ အဆင်ပြေကြပါစေ.....။

Monday, September 24, 2012

ဘုရားပုံ Widget လေးပါ...

မိမိ ၏ဖုန်းတွင် .. ဘု၇ားပုံလေးကို ပူဇော်ချင်တယ်ဆို၇င်..
ဒီမှာ ဒေါင်းပါ >>> Click

ကဲအားလုံးဘဲ ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ....

Battery Widgets လေးတွေပါ...

ပုံလှလှလေးတွေနဲ့... မိမိတို့ရဲ့ဖုန်း battery ဘယ်လောက်ကျန်သေးလဲဆိုတာကြည့်ကြ၇အောင်..
ကျနော် ၉ ခုတင်ထားပေးပါတယ်...
၉ခုပေါင်းမှ ၅ မက်ဂါဘိုတ်ဘဲရှိတာနော်...
ကဲ ဒေါင်းမယ် ဆို၇င်  ဒီမှာ ဒေါင်းပါဗျာ...
အပေါ်က ပုံလေးတွေအတိုင်းပြမှာနော်...
အားလုံးဘဲ အဆင်ပြေ ချမ်းမြေ့ကြပါစေဗျာ.. xD

Sunday, September 23, 2012

အင်္ဂလိပ် Lyrics တွေကို အင်တာနက်၇ှိ၇င် ဖော်ပေးတဲ့ ... TTpod Player

TTpod Player လေးပါ .. အင်္ဂလိပ် lyrics တွေ ရှာပေးပါတယ်.. သီချင်းနားထောင်းနေ၇င်းနဲ့လည်း.. lyrics တွေက အသံအလိုက်သွားပေးပါတယ်...ပီးတော့ဒီကောင်လေးကို background မှာသီချင်းဖွင့်ထားပီး... lyrics on screen ပြပေးလို့ရပါတယ်...ကိုယ်ဂိမ်းဆော့နေ၇င်းဘဲဖြစ်ဖြစ် .. facebook သုံးနေ၇င်းဘဲဖြစ်ဖြစ်... စာသားလေးအချိန်မရွေးကြည့်လို့၇တယ်....
to download >>>> mediafire link CLICK
                             dropbox link Click



ဒီပုံလေးက Lyrics on Screen ပြနေတဲ့ပုံပါ။ 
အဲ့လိုမျိုး lyrics on screen လေးပေါ်ချင်တယ်ဆို၇င်တော့...menu ကိုနှိပ်လိုက်ပါ။ ပိး၇င် preference ထဲက Display Desktop Lyrics ကို on လိုက်ပါ။
အားလုံးဘဲ အဆင်ပြေပါစေဗျာ.. xD


Saturday, September 22, 2012

Galaxy S Advance I9070 ကို Firmware ပြန်တင်ချင်တဲ့ သူများအတွက်

အကြောင်းအမျိုးမျိုးကြောင့် Samsung Galaxy S Advance I9070 ကို Firmware ပြန်တင်ချင်တဲ့ သူများအတွက် Samsung Galaxy S Advance I9070 Official Gingerbread 2.3.6 Firmware ကိုတင်ပေးလိုက်ပါတယ် ။
လိုအပ်သည့်ဖိုင်များကို အောက်မှာဒေါင်းယူပါ ။
လုပ်ဆောင်ပုံကတော့ အောက်မှာ ပုံနှင့်တကွဖော်ပြထားပါတယ် ။

PC နဲ့ဖုန်းကို USB ကြိုးချိတ်တဲ့အခါမှာ PC ကဖုန်းကိုသိရန် SAMSUNG USB Driver ကို PC မှာအင်စတောလုပ်ထားဖို့ရန်လိုအပ်ပါတယ် ။
ကိုယ့် PC မှာမရှိသေးရင် SAMSUNG USB Driver ကို ဒီမှာဒေါင်းပါ ။ (ပြီးရင် PC မှာ အင်စတောလုပ်လိုက်ပါ )

Official 2.3.6 Firmware ကို ဒီမှာဒေါင်းပါ ။ ( ရလာတဲ့ Zipဖိုင်ကို PC ပေါ်မှာထားပြီး Zip ဖြေလိုက်ပါI9070XXLE2_I9070OXXLD4_HOME.tar.md5 ဆိုပြီး ဖိုင်တစ်ခုထွက်လာပါလိမ့်မယ် ။)

Odin3 V3.04 ကို ဒီမှာဒေါင်းပါ ။ (PC ပေါ်မှာ Zip ဖြေလိုက်ပါ ။ အဲဒီမှာ အရောင်သုံးရောင်ဆက်နဲ့ odin3 v1.85 ဆိုလေးကိုတွေ့ပါလိမ့်မယ်)

လိုအပ်တဲ့ ဖိုင်သုံးဖိုင်ကို ဒေါင်းပြီးပြီဆိုရင် အောက်ကနည်းအတိုင်း စပါမယ် ။

ဖုန်းမှာ Settings ထဲသွားပါမယ် ။ Developer Options ထဲဝင်ပါ အဲဒီမှာ USB debugging ကို အမှန်ခြစ်ထားပေးပါ 

ဖုန်းကို ပါဝါပိတ်ပါမယ် ဘက်တရီဖြုတ်ပြီ ပြန်တတ်လိုက်ပါ ။ ပြီးရင် download mode ထဲဝင်ဖို့ရန်
ကျနော်အောက်က ပုံ(1) မှာပြထားတဲ့ Volume Down + Power + Home ခုလုတ်သုံးခုကိုတွဲလျှက် ဖိနှိပ်ထားပါ (1)ကအတိုင်းစာတွေပေါ်လာပြီဆိုရင် လွှတ်လိုက်ပါ ။

ကျနော်အောက်က ပုံ(2) မှာပြထားတဲ့အတိုင်း  Volume Up ခုလုတ်ကို တစ်ချက်နှိပ်လိုက်ပါ ပုံ(2)ကအတိုင်း Downloaging.... ပေါ်လာပြီဆိုရင် USB ကြိုးကို PC မှာချိတ်လိုက်ပါ ။



ပြီးရင် Zip ဖြေလို့ထွက်ကြလာတဲ့ odin3 v3.04 ကိုဖွင့်လိုက်ပါ ပုံ(3)ကအတိုင်း မြင်ရပါမယ် အဲဒီမှာPC ကကိုယ့်ဖုန်းကို သိတယ်ဆိုရင် အောက်ကပုံ(3)မှာဝိုင်းထားတဲ့ အပြာအကွက်ထဲကအတိုင်း အကွက်ထဲမှာအရောင်ပြပါလိမ့်မယ် မပေါ်ရင် ပြန်ဖြုတ်ပြီး ပြန်တတ်လိုက်ပါ ။
သေချာပြီဆိုရင် အနီရောင်ဝိုင်းထားတဲ့အတိုင်း အမှန်လေးတွေခြစ်ပေးလိုက်ပါ ။ ပြီးရင် PDA ဆိုတဲ့ကောင်လေးကိုနှိပ်လိုက်ပါ PCရဲ့ My Documents ဘောက်လေးထွက်လာပါလိမ့်မယ် အဲဒီမှာခုဏကဒေါင်းပြီး Zip ဖြေလိုက်တဲ့ I9070XXLE2_I9070OXXLD4_HOME.tar.md5 ကိုရွေးပေးလိုက်ပြီး Open နှိပ်လိုက်ပါ ။ PDA ထဲရောက်သွားပါပြီ ပြီးရင် Start ဆိုတဲ့စာလေးကို နှိပ်ပေးလိုက်ပါ။



ဖုန်းနဲ့ Odin နဲ့ အလုပ်လုပ်နေတာကို တွေ့ရပါလိမ့်မယ် ပြည့်သွားပြီဆိုတာနဲ့ ဖုန်းမှာအော်တိုပိတ်သွားပြီး ပြန်ပွင့်လာပါလိမ့်မယ် ။ ပြီးရင် ကြိုးဖြုတ်လိုက်လို့ရပါပြီ။
ကဲ Samsung Galaxy S Advance I9070 ရဲ့ Official 2.3.6 Firmware ကိုပြန်လည်ရရှိသွားပါပြီ အားလုံးပဲ အဆင်ပြေကြပါစေ....။ တိန့် တိန် တိန် :-P

By . Djjoe Man 

Friday, September 21, 2012

ခြောက်လုံးပတ်တီးကြမယ် MMF ဘော်ဘော်တို့ရေ

ကဲကဲ မြန်မာပြည်သားစစ်စစ်များအတွက်... မြန်မာ့ ခြောက်လုံးပတ် တီးကြမယ်...

Credit to - Programmer - ကိုသိန်းလှမော်
download >>>>> နှိပ်ပါ။။



ဒီပုံလေးနဲ့ဘဲ Credit ပေးပါတယ်။

အားလုံးဘဲ အဆင်ပြေကြပါစေ။ xD

ပရိတ်ကြီး (၁၁)သုတ် စာသား+အသံ


ကဲ ဗုဒ္ဒဘာသာဝင် မြန်မြန် စစ်စစ်များအတွက်.. ပရိတ်ကြီး (၁၁) သုတ်။ အသံနားထောင်၇င်းနဲ့ စာပါ လိုက်ဖတ်လို့၇တယ်နော်... xD
ဒီ app လေးအသုံးပြုပီးတော့..MMF ၀ိုင်းတော်သား အားလုံးဘဲ သာဓုခေါ်နိုင်ကြပါစေ... 
credit to >>> Myanmar HUB
Download >>> click here


အားလုံးဘဲအဆင်ပြေကြပါစေဗျာ.. 
သားဓုလည်းများများရွတ်နိုင်ပါစေ...
ပရိတ်လည်းများများ ရွတ်နိုင် ဖတ်နိုင် နားထောင်နိုင်ပါစေဗျာ။


Thursday, September 20, 2012

Samsung Galaxy Note N7000 ကို PC မလိုပဲ Root လုပ်ရအောင်

Samsung Galaxy Note N7000 ( ICS သမားတွေအတွက် ဖုန်းကို PC နဲ့ချိတ်စရာမလို Odin မလိုပဲ ဖုန်းထဲမှာတင် အလွယ်ကူဆုံး Root လုပ်ကြရအောင် )




လိုအပ်တဲ့ Zipဖိုင်နှစ်ခုကို အောက်မှာဒေါင်းယူပြီး SD Card ထဲသို့ထည့်လိုက်ပါ ။

CWM ဇစ်ဖိုင်ကို ဒီမှာဒေါင်းပါ ။

SU-Busybox-Installer ဇစ်ဖိုင်ကို ဒီမှာဒေါင်းပါ ။

ရလာတဲ့ Zip ဖိုင်နှစ်ခုလုံးကို SD Card ထဲထည့်ပြီးရင်တော့ဖုန်းကို Power ပိတ်လိုက်ပါ။
ပြီရင်တော့ Home+Vol Up + Power ကို Recovery mode မပေါ်မချင်းဖီထားပါ ။ Recovery mode စာတွေပေါ်လာပြီဆိုရင် လွှတ်လိုက်ပါ ။

ပြီးရင် Volume ခုလုတ်နဲ့ အပေါ်အောက်ရွှေ့ပြီး Update From sd card ကို ရွှေးလိုက်ပါ ။ CWM.zip ဖိုင်ကို တွေ့ပါလိမ့်မယ် ရွေးပေးပြီး ပါဝါခုလုတ်တစ်ချက်နှိပ်ပြီး အင်စတောလုပ်လိုက်ပါ။

ပြီးရင်တော့ Reboot System ကို Touch Screen မှာလက်နဲ့ထောက်လိုက်ပါ  Reboot လုပ်ပါလိမ့်မည်။ အဲဒီမှာသတိထားပါ ဖုန်းမှာ Touch screen အလုပ်လုပ်နေပါပြီ။

ပြီးရင်တော့ Power ပြန်ပိတ်ပြီး Recovery mode သို့ ပြန်ဝင်ပါ။ပြီးရင် Volume နှင့်အပေါ်အောက်ရွေ့ပြီး Update From sd card ကို ရွှေးလိုက်ပါ SU-Busybox-Installer ဇစ်ဖိုင်ကိုတွေ့ပါလိမ့်မယ် လက်နဲ့ထောက်ပြီး Update လုပ်လိုက်ပါ ။ပြီးရင်တော့ Reboot System ကိုထောက်ပေးလိုက်ပါ ဖုန်းမှာပိတ်သွားပြီး ပြန်ပွင့်လာပါလိမ့်မယ် ။
ကဲ Root လုပ်တာအောင်မြင်သွားပါပြီ ။

ကိုယ့်ဖုန်းမှာ Root ဖြစ် မဖြစ် ကြည့်ချင်ရင်တော့ Root Checker ဆော့ဝဲနဲ့ စစ်ကြည့်နိုင်ပါတယ် ။ လိုချင်ရင် အောက်မှာ ဒေါင်းယူပါ ။

Root Checker ဆော့ဝဲကို ဒီမှာဒေါင်းပါ ။

Samsung Galaxy S2 ကို Odin မလိုပဲ Root လုပ်ရအောင်

Root ရသော်လည်း Error များသော Samsung Galaxy SII ကို Kernel အမျိုးမျိုး တွင် Odin မလိုပဲ Root လုပ်နည်းလေးပါ။အရင်က Odin နှင့်လုပ်ရာတွင် Kernel မတူသောကြောင့် Samsung Logo တွင်အ၀ါရောင်လေးပေါ်ပြီး Bluetooth , Wifi , Internet , Incoming Call မရခြင်းများဖြစ်တတ် ပါတယ် ။
အရင်နည်းလေးကတော့ကျွန်တော် တိုင်ခဏခဏပတ်လွန်းလို့ပါ။ အခုလိုတာလေးဒေါင်းလိုက်ရအောင်

(........... CWM.zip ) ကို ဒီမှာဒေါင်းပါ ။

(......... SU-Busybox-Installer.zip) ကို ဒီမှာဒေါင်းပါ ။

ပြီးရင်တော့ရလာတဲ့ Zip နှစ်ဖိုင်လုံးကို SD Card ထဲကူးထည့်ပါ ပြီးရင်တော့ဖုန်းကို Power ပိတ်လိုက်ပါ။
ပြီရင်တော့ Home+Vol Up + Power ကို Recovery mode မပေါ်မချင်းဖီထားပါ ။ Recovery mode စာတွေပေါ်လာပြီဆိုရင် လွှတ်လိုက်ပါ ။
ပြီးရင်တော့ Update From sd card ကို ရွှေးလိုက်ပါ။ပြီးရင်(........... CWM.zip ) ကို တွေ့ပါလိမ့်မယ် Volume ခုလုတ်နဲ့ ရွှေးပေးလိုက်ပါ ပြီးရင် ပါဝါခုလုတ်တစ်ချက်နှိပ်ပြီး အင်စတောလုပ်လိုက်ပါ။
ပြီးရင်တော့ Reboot System ကို Touch Screen မှာလက်နဲ့ထောက်လိုက်ပါ  Reboot လုပ်ပါလိမ့်မည်။အဲဒီမှာသတိထားပါ Touch screen အလုပ်လုပ်နေပါပြီ။
ပြီးရင်တော့ Power ပြန်ပိတ်ပြီး Recovery mode ပြန်ဝင်ပါ။
ပြီးရင် Volume နှင့်ပေါ်အောက်ပြောင်းပြီး Update From sd card ကို ရွှေးလိုက်ပါ (......... SU-Busybox-Installer.zip) ကိုတွေ့ပါလိမ့်မယ် လက်နဲ့ထောက်ပြီး Update လုပ်လိုက်ပါ ။

ကဲRoot လုပ်ခြင်း အောင်မြင်သွားပါပြီဗျာ MMF ကိုကြီးတို့မကြီးတို့ရေ အိုကေကြပါစေဗျာ..

ရေးသားပြုစုသူ ။ ။ Zin Ko Ko အား ကျေးဇူးတင်ပါတယ် ။ 

Wednesday, September 19, 2012

Whistle Locator PRO V3.0 For Android


Android စက်ရုပ်သမားတွေအတွက် ကိုယ့်ဖုန်းဘယ်နားထားမိမှန်း မသိလို့ ပျောက်နေရင် လေချွန်ခေါ်တဲ့ Whistle Locator PRO ဆိုတဲ့ ဆော့ဝဲလေးပါ ။
မားကပ်မှာ $.99 ကျပ်တန်လေးကို လိုချင်သူများအောက်မှာဒေါင်းယူပါ ။ဆိုဒ်က 3.4 MB ရှိပါတယ် 



Whistle Locator PRO V3.0 ကို လိုချင်သူများ ဒီမှာဒေါင်းယူပါ ။

Mobilism Market V1.8 For Android

Android စက်ရုပ်သမားတွေအတွက် Appleတွေမှာလို installous မားကပ်လိုမျိုး ဖူးဗားရှင်းဆော့ဝဲတွေ ဂိမ်းတွေကို ဖရီးဒေါင်းနိုင်အောင် upload တင်ပေးနေတဲ့ မားကပ်လိုမျိုးပါ ။ ကိုယ်ဒေါင်းလိုတဲ့တစ်ခုရဲ့အောက်မှာ ဒေါင်းလော့လင့်တွေ ပေးထားပါတယ် ကြိုက်တဲ့လင့်ကိုရွေးပြီးဒေါင်းနိုင်ပါတယ် ပုံနဲ့တကွပြထားပါတယ် လိုချင်သူများ အောက်မှာဒေါင်းယူကြပါ....


Mobilism Market V1.8 ကို လိုချင်သူများ ဒီမှာဒေါင်းပါ ဆိုဒ်က 700 KB ပဲရှိပါတယ် နည်းနည်းလေးပါ ။

Thursday, September 13, 2012

Tango V2.2.29122 For Android

Android စက်ရုပ်သမားတွေအတွက် အားလုံးလည်းသိပြီးသားဖြစ်တဲ့ မိုဘိုင်းဖုန်းချင်း Video Call ခေါ်ဆိုနိုင်တဲ့ Tango ဆိုတဲ့ဆော့ဝဲလေးပါ မားကပ်မှာအခုနောက်ဆုံးထွက် ဗားရှင်းလေးကျနော်တင်ပေးလိုက်ပါတယ် လိုချင်သူများအောက်မှာဒေါင်းယူပါ



 Tango V2.2.29122 ကို ဒီမှာဒေါင်းယူပါ ဆိုဒ်က 11 MB ရှိပါတယ် ။

Wednesday, September 12, 2012

Shazam Encore V5.0.6 For Apple

Apple သမားတွေအတွက် ဆော့ဝဲအလန်းလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ် ။ ဒီဆော့ဝဲဟာ မားကပ်မှာဆိုရင် $ 5.99 ကျပ်တန်ပါတယ် ကျနော်အခုနောက်ဆုံးထွက် ဖူးဗားရှင်းလေးတင်ပေးလိုက်တယ် ။ သူ့ရဲ့ အသုံးဝင်ပုံကတော့....
ကိုယ်လမ်းမှာပဲ ဖြစ်ဖြစ် ဘယ်နေရာမှာပဲဖြစ်ဖြစ် သူများဖွင့်ထားတဲ့သီချင်းသံကို ကြားနေရတယ်ဆိုပါတော့ အဲဒီသီချင်းကို အဆိုတော်နာမည် သီချင်းနာမည် သိချင်တယ်ဆိုရင် ဒီဆော့ဝဲလေးထဲဝင်လိုက်ပြီး အဝိုင်းလေးကို လက်လေးနဲ့တို့လိုက်ပါ အသံလှိုင်းကို သူနားထောင်နေပါလိမ့်မယ် 7 စက္ကန့်လောက်နေတာနဲ့ အဲဒီသီချင်းကို ဖုန်းထဲမှာ ထင်းထင်းကြီးကို ပေါ်လာပါလိမ့်မယ် Youtube Video ထဲသွားပြီး သင်နားထောင်မလား ပြီးတော့ အောက်မှာ အဲဒီသီချင်းရှိတဲ့ ဆိုက်တွေကိုလည်း ညွှန်ပြပေးထားပါတယ် ကြိုက်ရာကိုရွေးပြီးသွားနိုင်ပါတယ် ကိုယ်အပြင်မှာသူများဖွင့်တာကြားလိုက်ရတဲ့ သီချင်းကို သင့်ဖုန်းမှာ နားထောင်နိုင်ပါပြီ ။ ရှာဖွေတဲ့အခါ ဖုန်းမှာ အင်တာနက်ရှိရပါမယ် ။ တီးလုံးပဲဖြစ်ဖြစ် ဆိုသံပဲဖြစ်ဖြစ် ကြားတာနဲ့ ဖုန်းမှာ အဲဒီသီချင်းကို ပေါ်လာပါလိမ့်မယ် လိုချင်သူများ အောက်မှာဒေါင်းယူပါ အားလုံးပဲ အဆင်ပြေကြပါစေ.....။





Apple တွေအတွက် $ 5.99 ကျပ်တန် Shazam Encore V5.0.6 ဆော့ဝဲလေးကို ဒီမှာဒေါင်းပါ ဆိုဒ်က 5 MB နည်းနည်းလေးပဲ ရှိပါတယ် ။

Android သမားများအတွက် ဒီမှာသွား၍ ဒေါင်းယူပါ ။ 

Shazam Encore V3.10.1-BB76102 For Android

Android စက်ရုပ်သမားတွေအတွက် ဆော့ဝဲအလန်းလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ် ။ ဒီဆော့ဝဲဟာ မားကပ်မှာဆိုရင် $ 5.77 ကျပ်တန်ပါတယ် ကျနော်အခုနောက်ဆုံးထွက် ဖူးဗားရှင်းလေးကို တင်ပေးလိုက်တယ် ။ သူ့ရဲ့ အသုံးဝင်ပုံကတော့....
ကိုယ်လမ်းမှာပဲ ဖြစ်ဖြစ် ဘယ်နေရာမှာပဲဖြစ်ဖြစ် သူများဖွင့်ထားတဲ့သီချင်းသံကို ကြားနေရတယ်ဆိုပါတော့ အဲဒီသီချင်းကို အဆိုတော်နာမည် သီချင်းနာမည် သိချင်တယ်ဆိုရင် ဒီဆော့ဝဲလေးထဲဝင်လိုက်ပြီး အဝိုင်းလေးကို လက်လေးနဲ့တို့လိုက်ပါ အသံလှိုင်းကို သူနားထောင်နေပါလိမ့်မယ် 7 စက္ကန့်လောက်နေတာနဲ့ အဲဒီသီချင်းကို ဖုန်းထဲမှာ ထင်းထင်းကြီးကို ပေါ်လာပါလိမ့်မယ် Youtube Video ထဲသွားပြီး သင်နားထောင်မလား ပြီးတော့ အောက်မှာ အဲဒီသီချင်းရှိတဲ့ ဆိုက်တွေကိုလည်း ညွှန်ပြပေးထားပါတယ် ကြိုက်ရာကိုရွေးပြီးသွားနိုင်ပါတယ် ကိုယ်အပြင်မှာသူများဖွင့်တာကြားလိုက်ရတဲ့ သီချင်းကို သင့်ဖုန်းမှာ နားထောင်နိုင်ပါပြီ ။ ရှာဖွေတဲ့အခါ ဖုန်းမှာ အင်တာနက်ရှိရပါမယ် ။ တီးလုံးပဲဖြစ်ဖြစ် ဆိုသံပဲဖြစ်ဖြစ် ကြားတာနဲ့ ဖုန်းမှာ အဲဒီသီချင်းကို ပေါ်လာပါလိမ့်မယ် လိုချင်သူများ အောက်မှာဒေါင်းယူပါ အားလုံးပဲ အဆင်ပြေကြပါစေ.....။




$ 5.77 ကျပ်တန် Shazam Encore V3.10.1-BB76102 ဆော့ဝဲလေးကို ဒီမှာဒေါင်းပါ ဆိုဒ်က 4.5 MB နည်းနည်းလေးပဲ ရှိပါတယ် ။

Apple သမားများအတွက် ဒီမှာသွား၍ ဒေါင်းယူပါ ။ 

Monday, September 10, 2012

Box V1.8.5 For Android

Android သမားတွေအတွက် မိုဘိုင်းတွင် ဒေတာများကို upload တင်တဲ့အခါမှာ Dropbox ဆော့ဝဲကိုသုံးကြပါတယ် ။ အခု Dropbox ဆော့ဝဲလို 50 GB ရတဲ့ BOX ဆိုတဲ့ ဆော့ဝဲလေးကို ကျနော် တင်ပေးလိုက်ပါတယ် အခုနောက်ဆုံးထွက် ဗားရှင်းလေးပါ V1.8.5 ကို လိုချင်သူများအောက်မှာဒါင်းယူပါ အားလုံးပဲ အဆင်ပြေကြပါစေ.....။






Box V1.8.5 ကို လိုချင်သူများ ဒီမှာဒေါင်းယူပါ ဆိုက်က 7 MB ရှိပါတယ် ။

Thursday, September 6, 2012

Hanping Chinese Dictionary Pro V2.7.0b For Android

Android စက်ရုပ်သမားတွေအတွက် တရုတ်စာကို အင်္ဂလိပ်လို ဘာသာပြန်ပေးတဲ့ China to English Dictionary ဆော့ဝဲလေးပါ အင်တာနက်ရှိစရာမလိုပါဘူး Offline နဲ့အသုံးပြုနိုင်တဲ့ ဆော့ဝဲလေးပါ ဒီဆော့ဝဲလေးဟာ မားကပ်မှာဆို $ 6.32 ကျပ်တန်ပါတယ် ဒီမှာတော့ ပေးစရာမလိုပါဘူး ကျနော်ဖူးဗားရှင်းလေးကို တင်ပေးလိုက်တယ် လိုချင်သူများ အောက်မှာ ဒေါင်းယူပါ



$ 6.32 ကျပ်တန် China to English Dictionary ကို ဒီမှာဒေါင်းယူပါ ဆိုဒ်က 1.56 MB နည်းနည်းလေးပဲရှိပါတယ် ။

Wednesday, September 5, 2012

GT Racing: Motor Academy V1.4.0 For Android

Android စက်ရုပ်သမားတွေအတွက် Asphalt 7 ထက်လန်းတဲ့ GT Racing: Motor Academy Free+ ဂိမ်းလေးပါ ဂူဂဲပလေးမှာ ကားတွေတိုင်းကို လူဦးရေ 1000 လောက်ဒေါင်းပြီး 1000 ကျော်လောက်က ကြယ်တစ်ပွင့်ပေးတာကပိုများတယ် မကြိုက်ကြဘူး။ GT Racing: Motor Academy Free+ ကတော့ လူဦးရေ 1 သိန်းခွဲတောင်ဒေါင်းတယ်ဗျ အကုန်လုံးလဲကြိုက်ကြတယ် ။ အခုဖရီးပေးလိုက်ပြီလေ ဆော့လို့ကတော့အရမ်းကောင်းတယ် ပိုက်ဆံရှာ ပစ္စည်းထည့် ဆေးမှုတ်အကုန်လုပ်ရတာ ကားကိုပါဝါတွေတင် ပြိုင်မောင်းနိုင်ရင်ပိုက်ဆံပိုရတာပေါ့ အဲတာနဲ့ကားတွေဝယ် အရမ်းကောင်းတယ်ဗျ ကျနော်ကတော့ အဲတာပဲဆော့နေတော့ ဘယ်ကားမှကို မဒေါင်းတော့တာ ။ အကိုတို့ မရှိသေးရင် ထည့်ဆော့ကြည့်လိုက်ပါ ရုပ်ထွက်နဲ့ မောင်းရတာလည်း တော်တော်မိုက်တယ် ဖုန်းနှစ်လုံးလည်း ချိတ်ပြီးလည်း ပြိုင်မောင်းလို့ရတယ် ။ မားကပ်မှာ ဖရီးပေးထားလိုက်ပါပြီ ။ တကယ်လို့မားကပ်ဝင်လို့မရတဲ့အကိုတို့လည်း လိုချင်ရင်ကျနော်မှာ အခုနောက်ဆုံးထွက်တဲ့ဗားရှင်းဖြစ်တဲ့ GT Racing: Motor Academy V1.4.0 ကို ကျနော်တင်ပေးလိုက်ပါတယ် ။ ဆိုဒ်ကတော့ 1.06 MB ပဲရှိပါတယ် အင်စတောလုပ်ပြီးရင်တော့ ပထမဦးဆုံးအချိန် Open လုပ်တဲ့အခါ ဖုန်းမှာအင်တာနက်ရှိဖို့လိုပါတယ် SD-ကဒ်ထဲကို 380 MB ရှိတဲ့ Dataမန်မိုရီကိုအွန်လိုင်းကနေ သူအင်စတောလုပ်ဦးမှာပါ ။ 380 မန်မိုရီဆိုပေမယ့် ဖုန်းနဲ့ကမြန်ပါတယ် PC နဲ့ဒေါင်းနေတဲ့ပုံနဲ့ မတူပါဘူး ။ အားလုံးပဲ အဆင်ပြေကြပါစေ...။ လိုချင်သူများ အောက်မှာဒေါင်းပါ


GT Racing: Motor Academyကို လိုချင်ရင်ဒီမှာဒေါင်းပါ

Tuesday, September 4, 2012

Livewallpaper Collection For Android

၂၄၂ ခု ပါတယ် ဒေါင်းကြပေတော့.. 
click here to download Livewallpaper collection 
458 mb ဘဲရှိတာနော.်.ခွဲပီးမတင်ထားတော့ စိတ်မကောင်းပါဘူးခင်ဗျ.. ကျနော်လည်း အဲ့ဒါ နေ့လည် ၁၁ နာ၇ီက တင်တာ ည ၇နာရီမှာပီးတာ့...
ကျနော် ၁ခုတော့ request လုပ်ချင်တယ်ဘာလဲဆိုတော့.
ကော်နက်၇ှင်ကောင်းတဲ့သူဆို၇င်တော့
ခု ဒိ Collection လေးကို ခွဲပိးပြန်တင်စေချင်တယ်
ကျေးဇူးပါဗျာ .. xD

Monday, September 3, 2012

Tutorial for Samsung GALAXY S Plus GT-I9001 Dis Assembly

User တွေမှာ ဖြစ်တာအများဆုံးကတော့ ရေထဲကျတာတို့  လွတ်ကျတာတို့  နဲ့ ကြုံ တဲ့ အချိန်မှာ မိမိတို့ ရဲ့ဖုန်းကို ကိုယ်တိုင် လှပ်နိုင်ဘို့ ရန် အတွက် အသုံးဝင်မှာပါ။

ကဲ ကျွန်တော်နဲ့ အတူ Samsung GALAXY S Plus GT-I9001 ကို ပုံကိုကြည့်ပြီး Cover လှပ်ကြရအောင်


 အောက် ကပုံပါအတိုင်း Star Screw ခုနစ် လုံးကို အရင်ဖြုတ်ပါ။


အဝါရောင်လမ်းကြောင်းအတိုင်း အသာလေး လှပ်ပါ။


 နောက် Cover ကွာပြီဆိုရင် Printed Circuit Board ကိုဖြုတ်ဖို့ ရာ ကြိုးပြားတွေကို ဂရုစိုက်ပြီး အရင်ဖြုတ်ပါမယ်။
( 1 ) Head Phone/ Ear Speaker/ Sensor Connector
( 2 ) Main Camera  & Front Camera Connector
( 3 ) Ring Speaker Connector
( 4 ) Display Connector
( 5 ) ANT Connector
( 6 ) Power Switch
( 7 ) Connect to 8


ကြိုးပြားတွေကို ဂရုစိုက်ပြီး အရင်ဖြုတ် ပြီးပြီဆိုရင် Printed Circuit Board ကို အသာလေးမလို့ ရပါပြီ။
အောက်ပါပုံမှာ မြင်နေရတာကတော့----
( 1 ) Head Phone/ Ear Speaker/ Sensor Connector
( 2 ) Touch Connector တွေပါ။


Main Printed Circuit Board မှာ ( ကျောဘက် )
( 1 ) SIM & Micro SD Connector
( 2 ) JTAG BOX အတွက် အသုံးပြု တာပါ။
Riff JTAG BOX က Samsung, HTC, Huawei, ZTE, ဖုန်း Model အတော်များများ ကို Power လုံးဝမနိုးပဲ Dead ဖြစ်တဲ့ အခြေအနေ မှာ အသုံးပြုရပါတယ်။


ဒီလောက်ဆို အတော်လေး အဆင်ပြေလောက်ပါပြီ။
ဒီ Post အားကူးယူဖော်ပြလိုပါက www.freemobilesharing.blogspot.com အား Credit ပေးပါရန် ကြိုတင် အသိပေးအပ်ပါသည်။

Sunday, September 2, 2012

iKamasutra Sex Positions V5.0.1 For Apple

Apple သမားတွေအတွက် ကာမဆက်ဆံနည်းကျမ်း ဆော့ဝဲလေးကိုတင်ပေးလိုက်ပါတယ် ။ ဒီဆော့ဝဲယာ မားကပ်မှာဆိုရင် $2.99 ကျပ်တန်ပါတယ် လိုချင်သူများအောက်မှာဒေါင်းယူပါ

(အမှာစာ) ။ ။ အခြေခံအားဖြင့် အိမ်ထောင်ရေးတစ်ခုတွင် အချစ်သည် ကြင်နာသော သဘောကို ဆောင်ပြီး ကာမဆန္ဒတွင် အချစ်ကို ဖေါ်ထုတ်ကြရပေသည် ။ ထိုမှသာ သာယာတည်မြဲတဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်နိုင်ခြင်းအတွက် ကာမသည်အရေးကြီးသောအချက်တွင် ပါဝင်ပေသည် ။ ထို့ကြောင့် အိမ်ထောင်သားတိုင်းအတွက် လိုအပ်သော ကာမကျမ်းဆော့ဝဲလေးကို ကျနော်တင်ပေးရခြင်းဖြစ်ပါတယ် ။


  
$ 2.99 ကျပ်တန် iKamasutra Sex Positions V5.0.1 ကို လိုချင်သူများဒီမှာဒေါင်းပါ ဆိုဒ်က 19 MB ရှိပါတယ် ။

Android သမားတွေအတွက် iKamasutra Sex Positions ကို ဒီမှာဒေါင်းပါ ။

Post By : DjjoeMan(MMF) 

iKamasutra Sex Positions V2.0.7 For Android

Android သမားတွေအတွက် ကာမဆက်ဆံနည်းကျမ်း ဆော့ဝဲလေးကိုတင်ပေးလိုက်ပါတယ် ။ ဒီဆော့ဝဲယာ မားကပ်မှာဆိုရင် $2.93 ကျပ်တန်ပါတယ် လိုချင်သူများအောက်မှာဒေါင်းယူပါ

(အမှာစာ) ။ ။ အခြေခံအားဖြင့် အိမ်ထောင်ရေးတစ်ခုတွင် အချစ်သည် ကြင်နာသော သဘောကို ဆောင်ပြီး ကာမဆန္ဒတွင် အချစ်ကို ဖေါ်ထုတ်ကြရပေသည် ။ ထိုမှသာ သာယာတည်မြဲတဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်နိုင်ခြင်းအတွက် ကာမသည်အရေးကြီးသောအချက်တွင် ပါဝင်ပေသည် ။ ထို့ကြောင့် အိမ်ထောင်သားတိုင်းအတွက် လိုအပ်သော ကာမကျမ်းဆော့ဝဲလေးကို ကျနော်တင်ပေးရခြင်းဖြစ်ပါတယ် ။



  
$ 2.93 ကျပ်တန် iKamasutra Sex Positions V2.0.7 ကို လိုချင်သူများဒီမှာဒေါင်းပါ ဆိုဒ်က 19 MB ရှိပါတယ် ။

Apple သမားတွေအတွက် iKamasutra Sex Positions ကို ဒီမှာဒေါင်းပါ ။

Post By : DjjoeMan(MMF) 

DISCLAIMER
None of the files shown here are hosted or transmitted by this server. The links are provided solely by this site's users. The administrator of this site cannot be held responsible for what its users post, or any other actions of its users. You may not use this site to distribute or download any material when you do not have the legal rights to do so. It is your own responsibility to adhere to these terms.