Sunday, May 25, 2014
Viber ကို ကြိုက်ရာဖုန်းနံပါတ်နှင့် အသုံးပြုနည်း
Viber ကို တခြားနိုင်ငံ ဖုန်းနံပါတ်နှင့် ဝင်ရောက်အသုံးပြုနည်း....
.
ဖုန်းခေါ်ပြောတဲ့အခါ မိမိကတခြားနိုင်ငံရောက်နေသလို အသုံးပြုနိုင်သလို...
တစ်ချို့အတွက်လဲ မိမိဖုန်းနံပါတ်နဲ့ မသုံးချင်တဲ့သူများအတွက် အရမ်းကိုအဆင်ပြေစေမှာဖြစ်ပါတယ်
.
မိမိအတွက် မိမိကြိုက်ရာနိုင်ငံရဲ့ ကိုယ်ပိုင်ဖုန်းနံပါတ်တစ်လုံးရဖို့ရန် TextFree With Voice ဆော့ဝဲထဲမှာ အကောင့်တစ်ခုသွားဖွင့်လိုက်ယုံပါပဲ ။ မိမိအတွက် ကြိုက်ရာနံပါတ်တစ်ခုကို ရွေးချယ်ခွင့်ချပေးမှာဖြစ်ပါတယ် ။
ရွေးချယ်ပြီးပြီဆိုရင်တော့ တခြားသူက ထိုနံပါတ်ကို ရိုးရိုး Call နဲ့ ခေါ်ရင်တောင် မိမိဆီဖုန်းဝင်လာမှာဖြစ်ပါတယ် ။
.
ဖုန်းတစ်လုံးထဲမှာ ကိုယ်ပိုင်ဖုန်းနံပါတ်နှစ်ခုနဲ့ အသုံးပြုနိုင်သလို 1500 တန်ကဒ်ကို 2 သိန်းပေးပြီးလဲ ဝယ်စရာမလိုတော့ဘူးပေါ့ :P
.
ကျနော် US နံပါတ်တစ်ခု ရယူပြီးဖွင့်ပြထားပါတယ် US အတွက် ဖြည့်ရမည့် Zip Code ကတော့ 20505 ပါပဲ ။
လုပ်နည်းကလဲ အရမ်းကိုလွယ်ကူပါတယ် အောက်မှာပုံနှင့်ကွလဲ ပြသထားပါတယ် ။
.
မှတ်ချက် ။ ။  မြန်မာပြည်က ကိုကိုမမများနှင့် ဖုန်းနံပါတ်ရွေးချယ်ခွင့် ပေးသောအခါ ထိပ်မှာ+95 ဆိုပြီးဖြစ်နေပါက
ဖုန်း Settings >>> Applications Manager >>> Textfree With Voice >>> Clear data ဆိုတာနှိပ်ပြီး ဆေးလိုက်ပါ ။
ဆေးပြီးတဲ့အခါ ဆော့ဝဲကိုပြန်ဝင်ပြီး မိမိလုပ်ထားတဲ့ နာမည်နှင့် ပတ်စဝတ်ကိုဖြည့်ကာ ဝင်လိုက်ပါ US နံပါတ် +1 နဲ့ ပေါ်နေတာကိုတွေ့ရပါမယ် :)
.
>> အသုံးပြုတဲ့အခါ မိမိ Viber မှာ မပေါ်တဲ့သူငယ်ချင်းများရှိပါက ထိုသူထို့ရဲ့ဖုန်းနံပါတ်ရှေ့မှာ + ကုဒ် ထည့်ပေးလိုက်ပါ Viber မှာ ပေါ်လာပါမယ် :)
သဘောက 095555555 ဆိုတဲ့ နံပါတ်ကိုမှတ်မယ်ထား ။ +9595555555 ဆိုပြီး ရေးသားမှတ်ရပါမယ် ။  ရှေ့က 0 ကိုဖြုတ်ပြီး +95 ကိုထည့်လိုက်ခြင်းပါ
.
အသုံးပြုပုံ ပြုနည်းကို Video နဲ့ ရှင်းပြထားပါတယ် ။
.
.
ဖုန်းနံပါတ် ကိုင်ပိုင်တစ်ခုပေးတဲ့ ဆော့ဝဲတွေ မားကပ်မှာ အများကြီးရှိပါတယ် ။
Apple အတွက်လဲ ဆော့ဝဲတွေအများကြီးပါပဲ ။
လောလောဆယ်တော့ ကျနော်အကြိုက်ဆုံးဖြစ်တဲ့ Android အတွက် တစ်ခု တင်ပေးထားပါတယ် ။
ထိုဆော့ဝဲအပြင် မားကပ်မှာ TxetPlus ဆိုတဲ့ ဆော့ဝဲနှင့် အသုံးပြုနိုင်ပါတယ် :)
.
TextFree With Voice ဆော့ဝဲကို အောက်မှာကြိုက်ရာလင့်ကနေ ဒေါင်းယူနိုင်ပါတယ် :)
.
.
အဆင်မပြေမှုများ ရှိပါက မေးမြန်းလိုပါက ( သို့ ) ဒေါင်းလော့လင့်များ ဒေါင်းမရတော့ပဲ သေသွားခဲ့ပါက ။ MyanmarMobileForum(MMF) ဂရုမှာ လာရောက်မေးမြန်း တောင်းဆိုနိုင်ပါတယ် ။ မန်ဘာဝင်ထားကြဖို့လဲ ဖိတ်ခေါ်ပါတယ် :)
.
အားလုံးပဲ အဆင်ပြေကြပါစေ... :)
.
Post By : DjjoeMan(MMF)
14 comments:
  1. ညီ မင်း ဒီလောက်များတဲ့ Download တွေ တင်တာ အချိန်ကုန်တယ် Link မသေ စေချင်ရင် http://www.copy.com/ ကို သုံးပါ
    ReplyDelete
  2. ကျေးဇူးပါအကို :)
    ReplyDelete
  3. ဒါနဲ့ တခြားဖုန်းက ရိုးရိုး ခေါ်ရင်တောင် ကို့်ယ့်ဖုန်းကို ၀င်တယ်ဆိုတာ ကိုယ့်ဖုန်းက အင်တာနက် ဖွင့်ထားမှ ၇မှာပေါ့နော် ဘာလို့လည်းဆိုတော့ ဖုန်းက တကယ်မှ မရှိတာကိုး ဟုတ်လားမသိဘူးဗျ
    ReplyDelete
    Replies
    1. ဟုတ်ကဲ့ အင်တာနက်ရှိထားမှ ထိုဖုန်းကိုဝင်လာပေးမှာပါ
      Delete
  4. +95ဖြစ်နေတာ ဘယ်လိုပြင် ရ မလဲ ပြောပြပေးပါလား
    ReplyDelete
    Replies
    1. မြန်မာပြည်က ကိုကိုမမများနှင့် ဖုန်းနံပါတ်ရွေးချယ်ခွင့် ပေးသောအခါ ထိပ်မှာ+95 ဆိုပြီးဖြစ်နေပါက
      ဖုန်း Settings >>> Applications Manager >>> Textfree With Voice >>> Clear data ဆိုတာနှိပ်ပြီး ဆေးလိုက်ပါ ။
      ဆေးပြီးတဲ့အခါ ဆော့ဝဲကိုပြန်ဝင်ပြီး မိမိလုပ်ထားတဲ့ နာမည်နှင့် ပတ်စဝတ်ကိုဖြည့်ကာ ဝင်လိုက်ပါ US နံပါတ် +1 နဲ့ ပေါ်နေတာကိုတွေ့ရပါမယ် :)
      Delete
  5. ကိုညီရေ မသွားတယ်နော် ခုမှစလုပ်တာဆိုတော့ လုပ်တတ်သလိုပဲ
    ဆွဲလိုက်တယ်နော် ဘယ်လိုလုပ်ရလဲဆိုတာရှိရင်လဲ လမ်းညွှန်ပြပါအုံနော်
    ကျေးဇူပြုပြီးတော့ပေါ့နော်
    ReplyDelete
  6. Facebook varify code ယူလို့ ရပါသလားခင်ဗျာ
    ရတယ်လို့ကြားဘူးတယ် ယူလို့မရဘူး
    ReplyDelete
  7. iphone မှာကော အဲလိုလုပ်လို့ရလား ဘယ်လိုလုပ်ရမလဲ ပြောပေးပါနော်
    ReplyDelete
  8. ချစ်​ညီညီJune 4, 2014 at 9:16 AM
    ReplyDelete
  9. Ph no. ၂ခု အသုံးပြု လို့ရလား ကျေးဇူး ပြုပြီး
    ReplyDelete
  10. This comment has been removed by the author.
    ReplyDelete
  11. လုပ်မရလို့ ပါ
    ReplyDelete
  12. လင့်သေနေတယ်ရဘူး
    ReplyDelete
DISCLAIMER
None of the files shown here are hosted or transmitted by this server. The links are provided solely by this site's users. The administrator of this site cannot be held responsible for what its users post, or any other actions of its users. You may not use this site to distribute or download any material when you do not have the legal rights to do so. It is your own responsibility to adhere to these terms.