Friday, August 17, 2012

Firmware Flashing 2.3.6 in Samsung Galaxy Ace GT-S 5830i

မြန်မာနိုင်ငံမှာ ခုနောက်ပိုင်း Galaxy Ace အတွက် India ကထုတ်တဲ့GT-S5830i တွေတင်သွင်းမှု များလာပါတယ်။
အကြောင်းအမျိုးမျိုး ကြောင့် Firmware ဟန်းခဲ့ရင် GT-S5830i အတွက် ဘာမှ စိတ်မပူရတော့ ပါဘူး။
ICS နဲ့  Jelley Bean Themes တွေရှိပေမယ့် Internal Memory အရမ်းနည်းတဲ့အတွက် ထပ်ပြီး Update လုပ်ဖို့ ရန် မသင့်တော်ပါဘူး။


ပထမဦးဆုံး လိုအပ်တဲ့ File တွေကို ဒေါင်းရအောင်ပါ။
တစ်ခုသတိထားရမှာက Firmware zip ထဲမှာပါတဲ့ Odin3-1.85 မှာ Error ရှိနေတဲ့အတွက်
သီးသန့် တင်ပေးထားတဲ့ Odin3-1.85 ကို ပဲသုံးပေးပါ။


(1) Battery ကို အားပြည့်အောင် ဦးဆုံး ဖြည့်ထားပါ။
(2) Download Mode ကိုဝင်ဖို့  Volume Up+Volume Down+Power ကို စက္ကန့်  အနည်းငယ်မျှ 
     ဖိထားပေးပါ။
(3) Odin3-1.85 ကို Run ပြီး Computer နှင့် ချိတ်ပါ။
(4) Odin မှာအောက်ပါပုံတိုင်း
     PIT / BOOTLOADER / PDA / PHONE / CSC နေရာတွေမှာ မှန်ကန်အောင်ထည့်ပေးပါ။
     - – - – PIT နေရာမှာ                totoro_0623.pit
     - – - – BOOTLOADER နေရာမှာ BOOT_S5830iXXKK5_REV00.tar.md5
     - – - – PDA နေရာမှာ               PDA_S5830iXXKL1_REV00.tar.md5
     - – - – PHONE နေရာမှာ          MODEM_S5830iXXKK5_REV00.tar.md5
     - – - – SCS နေရာမှာ               GT-S5830i-MULTI-CSC-OXEKK4_RST.tar.md5




File တွေ အကုန်ဖြည့်ပြီးရင်တော့ Download Mode ကိုဝင်ဘို့ ရန် Home+Volume Down+Power ကိုစက္ကန့်  အနည်းငယ်ကြာမျှဖိထားပေးပြီး Computer နဲ့ ချိတ်ပါ။ အသင့်ဖြစ်နေတဲ့ ဖုန်းကို
Volume Up ကိုထပ် နှိပ်ပေးပါ။ ID:COM Box နေရာမှာ မိမိ ဖုန်းကို မြင်ရပါပြီ။
START ကိုနှိပ်ပေးလျှင် Flashing စတင် လုပ်ဆောင်ပြီး အစိမ်းရောင် အကွက်လေးထဲမှာ
PASS! ဆိုတဲ့စာတန်းလေးပေါ်လာရင် အားလုံး ပြီးမြောက်ပြီး Reboot လုပ်ပေးလိုက်ပါ။

2 comments:

  1. GT-s5830i

    2.3.6

    baseband version
    - s5830iZCKP9

    PDA - s5830iZCKP9
    phone - s5830iZCKP9
    CSC - s5830iZCKP9


    firmeware လေကူရှာ ပေးကြပါဦး ... .
    အခြားဟာနဲ့လည်ရေးသေးတယ် မရဘူးဖြစ်နေလို့ပါ

    ReplyDelete
  2. thank u soooooooooooooooo much

    ReplyDelete