Thursday, August 16, 2012

Galaxy SII GT-I9100G အား 4.0.4 မြင့်တင်ခြင်း

Galaxy SII  GT-I9100G အား 4.0.4 မြင့်တင်ခြင်း


ပထမဆုံး version မမြင့်ခင်မှာ တစ်ခုပြောချင်ပါတယ်
ကျွန်တော် sammobile ကနေ 4.0.4 Firmware တွေ ဒေါင်းပြီးတင်ပါတယ် 
ဘယ်လိုမှတင်မရပါဘူး ကိုယ့်ဖုန်းနဲ့အဆင်မပြေတာတွေရှိလို့ထင်ပါတယ်
အဲဒီ့လိုနဲ့ ဒေါင်းလိုက်တင်လိုက်လုပ်တာ လေးခုမြောက်
 နောက်ဆုံး ဒီမော်ဒယ်နံပါတ်  I9100GXXLPY
နဲ့ကျွန်တော့်ဖုန်းနဲ့အဆင်ပြေသွားပါတယ် အဲဒီ့တော့ အခု Rom နဲ့
 Fail ဖြစ်တယ်ဆိုရင် နောက်ထပ် မော်ဒယ်နံပါတ်တွေကို ဒေါင်းပြီးတော့ 
တင်ကြည့်ပါလို့ ပြောချင်ပါတယ်  


 








 


ဖုန်းကို ပါဝါပိတ်ပါ  Power+Vol up+Home ခလုပ်သုံးခုကိုနိပ်ပြီး recovery mode ထဲကိုဝင်ပါ




Wipe Data/Factory reset ကိုရွေးပေးပါ Yes-delete all user data ကို ရွေးပေးပါ















 














Wipe Cache ကိုရွေးပေးပါ















ပြီးရင် reboot လုပ်ပါ battery ဖြုတ်ပါ

power + vol down + home ခလုပ်တွေကို နိပ်လိုက်ပါ
အောက်ကပုံမှာပြထားတဲ့ အတိုင်း ပေါ်လာပါမယ်
ပြီးရင် Vol up ကို နိပ်ပြီး Download mode ဆီကို သွားပါမယ် 















ဒီအဆင့်တွေ မလုပ်ခင်တည်းက ကွန်ပြူတာမှာ Odin 1.85 ကို ဖွင့်ထားပါ
ပြီးတော့ PDA မှာ I9100GXXLPY  .md5 ကို ရွေးထည့်ပေးပါ 
အသင့်အနေအထားပေါ့ ဒါက 
Download mode ရောက်နေတဲ့ဖုန်းကို ကွန်ပြူတာ နဲ့ USB ထိုးပြီးချိတ်ဆက်လိုက်ပါ 













ပုံကအတိုင်း O:(COM3) ဆိုပြီးအ၀ါရောင်လေးလင်းနေရပါမယ် 
အဲဒီ့အတိုင်းဖြစ်နေပြီဆိုရင်တော့ Start ကိုနိပ်ပြီး တော့ Firmware စရေးပါမယ်
  








ငါးမိနစ်လောက်ကြာပြီဆိုရင် Pass ဖြစ်သွားပြီး Firmware မြင့်တာ ပြီးဆုံးသွားပါပြီ


  







အားလုံးဆင်ပြေကြပါစေ.....

No comments:

Post a Comment