Friday, August 24, 2012

how to download Music/Songs/any files by Idevice


တစ်ချို့က ပေတူးကို မေးကြတယ်။ အိုင်ဖုန်းကနေ သီချင်းတွေ ဘယ်လို ဒေါင်းမလဲ။ ဖိုင်တွေ ဘယ်လိုဒေါင်းမလဲပေါ။ အင်တာနေရှင်နယ် songs တွေကို ဒေါင်းတာကတော့ cydia apps တွေ တော်တော်များများရှိပါတယ်။ ပေတူးကတော့ ကြိုက်တဲ့ apps လေးကတော့ Download ဆိုတဲ့ apps လေးပါပဲ။ ဒီကောင်းလေးနဲ့ တော်တော်လေးကို အဆင်ပြေတာပါ။ သီချင်းတွေတင်မက ဂျီမေးလ် ကနေ ဖိုင်တွေကိုပါ အလွယ်တကူ ဒေါင်းလုပ်ချနိုင်ပါတယ်။ သူမှာပါတဲ့ ဘရောက်ဇာလေးက တော်တော်လေး အဆင်ပြေပါတယ်။ နောက်ထက် ထူးခြားတာက ဒီကောင်လေးဟာ ဖိုင်ဖောမတ်တော်တော်များများကို စပို့လုပ်ပါတယ်။ ဒါအပြင် zip/ rar/7zip စတဲ့ ဖိုင်တွေကို ဒေါင်းပီးရင် extract လုပ်နိုင်ပါတယ်။ (password ပေးထားရင်တော့ မရဘူးဗျ)။

လိုအပ်ရင်တော့ download ipa ဖိုင်လေးကို ဒီမှာ ဒေါင်းပါ။ ifunbox အကူအညီလေးနဲ့ စက်ထဲကို ထည့်ပေါ့..စက်ထဲကိုရောက်သွားရင်

ကဲ ဥပမာအနေနဲ့ဗျာ.. ကျတော်တို့ myanmarmp3ablum.com သီချင်းအယ်ဘမ်တစ်ခုကို ဒေါင်းကြည့်ရအောင်.. အရင်ဆုံး အဲသည် apps လေးရဲ့ ဘရောက်ဇာ address ထဲမှာ myanmarmp3album.com ကို၇ိုက်လိုက်ပါ။ ဒါဆို ဆိုဒ်ထဲရောက်သွားပီ။ ဆိုဒ်ထဲက သီချင်း album တစ်ခုကိုရွေးလိုက်ပါ။ အဲဒီက ဒေါင်းလုပ်လင့်လေးကို ကလစ်ခေါက်လိုက်။ ပြီးရင် ဒေါင်းလုပ်ဆိုတာလေးကို နှိပ်လိုက်။ done ဆိုတာလေးကို နှိပ်လိုက်ရင် ဖိုင်လေးဟာ ဒေါင်းနေပါပီ။ ပြီးမှ file tab ထဲက ခုနက ဒေါင်းထားတဲ့ ဖိုင်လေးကို ကလစ်လုပ်လိုက်ရင် ကျတော်တို့ ဖိုင်လေးဟာ zip ဖိုင်ဆိုရင် extract လုပ်ပေးပြီး ပုံမှန်ဖိုင်တစ်ခုဆိုရင်တော့ ဒါရိုက်ဖွင့်ပေးမှာပါ။ ပြီးရင် သီချင်းဆိုလဲ သီးချင်းမို့ နားထောင်နိုင်သလို pdf ဖိုင်ဆိုလဲ ဒါရိုက် ဖတ်ရှုနိုင်ပါတယ်။ ဒါမှမဟုတ် open in ကိုနှိပ်လိုက်ပါက သက်ဆိုင်ရာ ဖွင်မဲ့ apps ကိုလမ်းညွှန်ပေးမှာပါ။





ခုနက ဒေါင်းထားတဲ့ ဖိုင်ကို ကွန်ပျူတာထဲ သိမ်းချင်ရင်တော့ ifunbox နဲဆို user application > downloads> documents ကနေ သိမ်းချင်ထဲ့ ကွန်ပျူတာ ထဲကို ရွှေ့ပြောင်းရယူနိုင်ပါတယ်။
itunes နဲ့ ဆိုရင်တော့ အိုင်ကျူးကိုဖွင့်. မိမိidevice လေးကို ကလစ်လုပ် .. apps ဆိုတာလေးကို ကလစ်လုပ် အောက်ဖက်ကို ဆွဲချသွားရင် file sharing အောက်က downloads apps လေးကို ကလစ်လုပ်လိုက်ရင် ဘေးက window ထဲမှာ ခုနက ဒေါင်းထားတဲ့ ဖိုင်ကို save လို့ရပါလိမ့်မယ်။။



အပေါ်မှာကျတော် နမူနာ ပြောထားသလို သီချင်းတွေ။ ဖိုင်တွေကို အလိုရှိရာ ဒေါင်းလုပ်ချ ရယူနိုင်ပါတယ်။

ဒီ Downloads apps လေးကို ကျတော် အရင်က တစ်နေနေရာရာမှာ ရေးခဲ့ဘူးပါတယ်။ အခုတော့ ရေးတဲ့သူနာမည်နေရာမှာ ကျတော် ပေတူး အစား သူ့နာမည်တပ်ထားတာကို တွေ့ရတော့ စိတ်ထဲမကောင်းပေမဲ့ ကျတော်ရေးထားတာကို ဖတ်ပြီး စာဖတ်တဲ့သူ တစ်စုံတစ်ခု အကျိုးရှိမယ်ဆိုတာ ယုံကြည်လို့ ဘာပဲဖြစ်ဖြစ် မချိပြုံးလေးပြုံးကာ ကျေနပ်နေပါတယ်။

ခင်မင်လျက်
ပေတူး
1:26am 25 Aug 3012

No comments:

Post a Comment