ကျတော်တို့ idevice လေးတွေနဲ့ အင်တာနက်သုံးပြီးတဲ့ အခါ အင်တာနက်ကို ပိတ်ဖို့ setting > general > network > cellular data ကို ဝင်ပြီး off ပေး၇ပါတယ်။ (အဲသလို မပိတ်ရင် mpt က တစ်မိနစ် နှစ်ကျပ် ဖြတ်မှာပေါ့နော်) အဲသည်လို အဆင့်ဆင့်မဝင် ချင်ဘူးဆို SBsettings ဆိုတဲ့ cydia application ကို သုံးလို့ရပါတယ်။ ဒီ နာမည်ကျော် SBsettings လေးကို တော်တော်များ များ သိပါလိမ့်မယ်။ မသိသေးတဲ့ သူတွေ အတွက် သိရလွယ်အောင် ပေတူး ရေးသားလိုက်တာပါ။
SBsettings ကိုလိုအပ်တယ်ဆိုရင်တော့ အောက်က လင့်မှာ ဒေါင်းပါ။
http://www.mediafire.com/?w3rldzoml6xk9il
သင့်ရဲ့ device လေးဟာ jailbroken ဖြစ်ရပါမယ်။ ဒေါင်းပီးရင်တော့ ifunbox အကူအညီနဲ့ သွင်းရင်သွင်း ဒါမှမဟုတ် cydia ထဲက search မှာ SBsettings လို့ရိုက်ရှာလိုက်ရင် အလွယ်တကူ တွေ့ကာ သင့်ရဲ့ idevice ထဲကို သွင်းနိုင်ပါလိမ့်မယ်။ idevice လေး respring ဖြစ်ပီး ပြန်တက်လာပါလိမ့်မယ်။ အဲဒီအခါ idevice လေးရဲ့ အပေါ်ဆုံး နာရီလေးနား(status bar) ကိုပွတ်လုပ်လိုက်ပါ။ drop down window လေးကျလာပီး SBsetting ရဲ default setting တွေကို မြင်ရမှာပါ။
အဲသည်ကနေ ကျတော်တို့ ပိတ်ချင်တဲ့ DATA / 3G စတာတွေကိုပိတ်နိုင်ပါတယ်။ Respring လုပ်တာ power off / reboot လုပ်တာတွေကို စမ်းသပ်နိုင်ပါတယ်။
iOS 5 Compatible Mode
iOS 5 မှာ Notification center ဆိုတဲ့ feature အသစ်ပါလာပါတယ်။ အဲသည် feature အသစ်နဲ့ SBsetting အသစ် Compatible ဖြစ်ဖို့ ကျတော်တို့ အနည်းငယ် ချိန်းပေးရပါမယ်။ Setting > notification ထဲကို သွားပီး SBsetting လေးရဲ့ Notification ကို ON ပေးလိုက်ပါ။ ဒါဆိုရင် ကျတော်တို့ အောက်ကပုံလေးလို တွေ့ရမှာပါ။ အဲဒါကို ထက်ပြီး နည်းနည်းလေးကွန့်ချင်ပါတယ်။ springboard (idevice ရဲ့ အိုင်ကွန်လေးတွေ) ပေါ်မှာ SBsetting ကို ရှာပါ။ ကလစ်လုပ်လိုက်ပါ။ အဲဒီထဲက iOS 5+ Notification ဆိုတဲ့ အထဲက Notification Options လေးကို ကလစ်လုပ်ကာ အဲဒီအထဲကမှ more button Row ကို အွန်ပေးလိုက်ပါ။ ဒါဆိုရင် SBsetting လေးဟာ Notification Center လေးမှာ အခုလို လှလှ ပပ တွေ မြင်ရမှာပါ။
Some More Features
SBsetting ထဲမှာ ပါတဲ့ features တွေကို သယ်ရင်းတို့ ကိုယ်တိုင် စမ်းကြည့်ကြပါ။ ကျတော် အကြိုက်ဆုံးတွေကတော့ Hidden icon စတာတွေပါ။
အားလုံး အဆင်ပြေပါစေ
ခင်မင်လျက်
ပေတူး
12:27pm Friday Aug 2012
0 comments:
Post a Comment