လိုအပ်သည့်ဖိုင်များကို အောက်မှာဒေါင်းယူပါ ။
လုပ်ဆောင်ပုံကတော့ အောက်မှာ ပုံနှင့်တကွဖော်ပြထားပါတယ် ။
PC နဲ့ဖုန်းကို USB ကြိုးချိတ်တဲ့အခါမှာ PC ကဖုန်းကိုသိရန် SAMSUNG USB Driver ကို PC မှာအင်စတောလုပ်ထားဖို့ရန်လိုအပ်ပါတယ် ။
ကိုယ့် PC မှာမရှိသေးရင် SAMSUNG USB Driver ကို ဒီမှာဒေါင်းပါ ။ (ပြီးရင် PC မှာ အင်စတောလုပ်လိုက်ပါ )
Official 2.3.6 Firmware ကို ဒီမှာဒေါင်းပါ ။ ( ရလာတဲ့ Zipဖိုင်ကို PC ပေါ်မှာထားပြီး Zip ဖြေလိုက်ပါI9070XXLE2_I9070OXXLD4_HOME.tar.md5 ဆိုပြီး ဖိုင်တစ်ခုထွက်လာပါလိမ့်မယ် ။)
Odin3 V3.04 ကို ဒီမှာဒေါင်းပါ ။ (PC ပေါ်မှာ Zip ဖြေလိုက်ပါ ။ အဲဒီမှာ အရောင်သုံးရောင်ဆက်နဲ့ odin3 v1.85 ဆိုလေးကိုတွေ့ပါလိမ့်မယ်)
လိုအပ်တဲ့ ဖိုင်သုံးဖိုင်ကို ဒေါင်းပြီးပြီဆိုရင် အောက်ကနည်းအတိုင်း စပါမယ် ။
ဖုန်းမှာ Settings ထဲသွားပါမယ် ။ Developer Options ထဲဝင်ပါ အဲဒီမှာ USB debugging ကို အမှန်ခြစ်ထားပေးပါ
ဖုန်းကို ပါဝါပိတ်ပါမယ် ဘက်တရီဖြုတ်ပြီ ပြန်တတ်လိုက်ပါ ။ ပြီးရင် download mode ထဲဝင်ဖို့ရန်
ကျနော်အောက်က ပုံ(1) မှာပြထားတဲ့ Volume Down + Power + Home ခုလုတ်သုံးခုကိုတွဲလျှက် ဖိနှိပ်ထားပါ (1)ကအတိုင်းစာတွေပေါ်လာပြီဆိုရင် လွှတ်လိုက်ပါ ။
ကျနော်အောက်က ပုံ(2) မှာပြထားတဲ့အတိုင်း Volume Up ခုလုတ်ကို တစ်ချက်နှိပ်လိုက်ပါ ပုံ(2)ကအတိုင်း Downloaging.... ပေါ်လာပြီဆိုရင် USB ကြိုးကို PC မှာချိတ်လိုက်ပါ ။
ပြီးရင် Zip ဖြေလို့ထွက်ကြလာတဲ့ odin3 v3.04 ကိုဖွင့်လိုက်ပါ ပုံ(3)ကအတိုင်း မြင်ရပါမယ် အဲဒီမှာPC ကကိုယ့်ဖုန်းကို သိတယ်ဆိုရင် အောက်ကပုံ(3)မှာဝိုင်းထားတဲ့ အပြာအကွက်ထဲကအတိုင်း အကွက်ထဲမှာအရောင်ပြပါလိမ့်မယ် မပေါ်ရင် ပြန်ဖြုတ်ပြီး ပြန်တတ်လိုက်ပါ ။
သေချာပြီဆိုရင် အနီရောင်ဝိုင်းထားတဲ့အတိုင်း အမှန်လေးတွေခြစ်ပေးလိုက်ပါ ။ ပြီးရင် PDA ဆိုတဲ့ကောင်လေးကိုနှိပ်လိုက်ပါ PCရဲ့ My Documents ဘောက်လေးထွက်လာပါလိမ့်မယ် အဲဒီမှာခုဏကဒေါင်းပြီး Zip ဖြေလိုက်တဲ့ I9070XXLE2_I9070OXXLD4_HOME.tar.md5 ကိုရွေးပေးလိုက်ပြီး Open နှိပ်လိုက်ပါ ။ PDA ထဲရောက်သွားပါပြီ ပြီးရင် Start ဆိုတဲ့စာလေးကို နှိပ်ပေးလိုက်ပါ။
ဖုန်းနဲ့ Odin နဲ့ အလုပ်လုပ်နေတာကို တွေ့ရပါလိမ့်မယ် ပြည့်သွားပြီဆိုတာနဲ့ ဖုန်းမှာအော်တိုပိတ်သွားပြီး ပြန်ပွင့်လာပါလိမ့်မယ် ။ ပြီးရင် ကြိုးဖြုတ်လိုက်လို့ရပါပြီ။
ကဲ Samsung Galaxy S Advance I9070 ရဲ့ Official 2.3.6 Firmware ကိုပြန်လည်ရရှိသွားပါပြီ အားလုံးပဲ အဆင်ပြေကြပါစေ....။ တိန့် တိန် တိန် :-P
By . Djjoe Man
No comments:
Post a Comment