Thursday, September 27, 2012

How to add songs to iphone(5) without itunes

ဒီနေ့လည်က အစ်မတစ်ယောက် ပေတူးကို က မေးတယ်ဗျ။ itunes မပါပဲ ဖုန်းထဲကို သီးချင်းသွင်းချင်လို့တဲ့။ သူတို့ရုံးက ဆော့ဝဲလ်တွေကိုလည်း စက်ထဲပေးမရမ်းဘူး ဆိုတော့ portable ဆော့ဝဲလ်နဲ့မှပဲ အဆင်ပြေမယ်ထင်တယ်။ ဒါနဲ့ ပေတူးလည်း ဟိုရှာ ဒီရှာပေါ့။

 နောက်ဆုံးတော့ ဒီကောင်ကို တွေ့တယ်။ ပေတူးမှာက jailbroken iphone ပဲရှိတာဆိုတော့ သယ်ရင်းဆီက သူတောင် မသုံးတဲ့ iphone 5 လေးကို အားမနာစွာ ကိုယ့်စက်မှာတပ်လို့ စမ်းတော့တာပေါ့။ (သီးချင်းတွေ ဒေါင်းချင်ရင်တော့ ကျတော်က များသောအားဖြင့် myanmarmp3album.com မှာဒေါင်းပါတယ်။ သီချင်းတွေ ဒေါင်းပီးပီလို့ ယူဆလိုက်မယ်ဗျာ။)






ကဲ လောလောဆယ် ဒီ portable copy trans manager လေးကို စက်မှာ ရမ်းဖို့ အရင်ဒေါင်းလုပ်ဆွဲလိုက်ပါ။ download copytrans

ပီးရင် zip ဖိုင်ထဲက ကောင်လေးကို ရမ်းလိုက်ပါ။ ဒါဆို ဒီအတိုင်းလေး မြင်ရမယ်ဗျာ။ ဖုန်းကို ကွန်ပျူတာနဲ့ ဆက်လိုက်ပေါ့ဗျာ။



ပြီးရင် playlist လေးလုပ်ဖို့ အပေါင်းလက္ခဏာ လေးကို နှိပ်ကာ ကျတော်ကကတော့ TEST လို့ အရင်ပေးလိုက်ပါတယ်။



ပြီးရင် Add musice လေးကို နှိပ်ကာ သီချင်းတွေ သွင်းပါမယ်။ ဒေါင်းထားတဲ့ သီချင်းတွေ နေရာကို ပြကာ သီချင်းတွေ ရွေးပေးလိုက်ပါ။




ပြီးရင် update ဆိုတာလေးကို နှိပ်ကာ အပ်ဒိတ်လုပ်ပေးလိုက်ပါ။



ဒါဆိုရင် ဖုန်းထဲကို သီးချင်းတွေ ရောက်ပါပီ...




ခင်မင်လျှက်
ပေတူး
27/09/2012 9:07pm




0 comments:

Post a Comment

DISCLAIMER
None of the files shown here are hosted or transmitted by this server. The links are provided solely by this site's users. The administrator of this site cannot be held responsible for what its users post, or any other actions of its users. You may not use this site to distribute or download any material when you do not have the legal rights to do so. It is your own responsibility to adhere to these terms.