Thursday, September 20, 2012

Samsung Galaxy Note N7000 ကို PC မလိုပဲ Root လုပ်ရအောင်

Samsung Galaxy Note N7000 ( ICS သမားတွေအတွက် ဖုန်းကို PC နဲ့ချိတ်စရာမလို Odin မလိုပဲ ဖုန်းထဲမှာတင် အလွယ်ကူဆုံး Root လုပ်ကြရအောင် )




လိုအပ်တဲ့ Zipဖိုင်နှစ်ခုကို အောက်မှာဒေါင်းယူပြီး SD Card ထဲသို့ထည့်လိုက်ပါ ။

CWM ဇစ်ဖိုင်ကို ဒီမှာဒေါင်းပါ ။

SU-Busybox-Installer ဇစ်ဖိုင်ကို ဒီမှာဒေါင်းပါ ။

ရလာတဲ့ Zip ဖိုင်နှစ်ခုလုံးကို SD Card ထဲထည့်ပြီးရင်တော့ဖုန်းကို Power ပိတ်လိုက်ပါ။
ပြီရင်တော့ Home+Vol Up + Power ကို Recovery mode မပေါ်မချင်းဖီထားပါ ။ Recovery mode စာတွေပေါ်လာပြီဆိုရင် လွှတ်လိုက်ပါ ။

ပြီးရင် Volume ခုလုတ်နဲ့ အပေါ်အောက်ရွှေ့ပြီး Update From sd card ကို ရွှေးလိုက်ပါ ။ CWM.zip ဖိုင်ကို တွေ့ပါလိမ့်မယ် ရွေးပေးပြီး ပါဝါခုလုတ်တစ်ချက်နှိပ်ပြီး အင်စတောလုပ်လိုက်ပါ။

ပြီးရင်တော့ Reboot System ကို Touch Screen မှာလက်နဲ့ထောက်လိုက်ပါ  Reboot လုပ်ပါလိမ့်မည်။ အဲဒီမှာသတိထားပါ ဖုန်းမှာ Touch screen အလုပ်လုပ်နေပါပြီ။

ပြီးရင်တော့ Power ပြန်ပိတ်ပြီး Recovery mode သို့ ပြန်ဝင်ပါ။ပြီးရင် Volume နှင့်အပေါ်အောက်ရွေ့ပြီး Update From sd card ကို ရွှေးလိုက်ပါ SU-Busybox-Installer ဇစ်ဖိုင်ကိုတွေ့ပါလိမ့်မယ် လက်နဲ့ထောက်ပြီး Update လုပ်လိုက်ပါ ။ပြီးရင်တော့ Reboot System ကိုထောက်ပေးလိုက်ပါ ဖုန်းမှာပိတ်သွားပြီး ပြန်ပွင့်လာပါလိမ့်မယ် ။
ကဲ Root လုပ်တာအောင်မြင်သွားပါပြီ ။

ကိုယ့်ဖုန်းမှာ Root ဖြစ် မဖြစ် ကြည့်ချင်ရင်တော့ Root Checker ဆော့ဝဲနဲ့ စစ်ကြည့်နိုင်ပါတယ် ။ လိုချင်ရင် အောက်မှာ ဒေါင်းယူပါ ။

Root Checker ဆော့ဝဲကို ဒီမှာဒေါင်းပါ ။

0 comments:

Post a Comment

DISCLAIMER
None of the files shown here are hosted or transmitted by this server. The links are provided solely by this site's users. The administrator of this site cannot be held responsible for what its users post, or any other actions of its users. You may not use this site to distribute or download any material when you do not have the legal rights to do so. It is your own responsibility to adhere to these terms.