Sunday, September 30, 2012

U8825D ရဲ့ power ပိတ်ပြီး အားသွင်းရင် CWM recovery ကိုရောက်ရောက်သွားတဲ့ error ကိုဖြေရှင်းနည်း

Huawei U8825D ကို power ပိတ်ပြီးအားသွင်းရင် CWM recovery သို့ရောက်ရောက်နေတတ်ပါတယ်။ အဲဒါဟာ ပထမတင်ထားတဲ့ English version CWM recovery ရဲ့ error ကြောင့်လို့ ပြောလို့ရပါတယ်။ အဲဒီ error ကို ဖြေရှင်းဖို့ကတော့ power ပိတ်ပြီး အားသွင်းတာကို support လုပ်နိုင်တဲ့ Chinese version CWM recovery အစားထိုးမှာဖြစ်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ရေးထားတဲ့ U8825D CWM recovery installer လေးကိုသုံးသွားမှာဖြစ်ပါတယ်။

U8825D CWM recovery installer ကို ဒီမှာဒေါင်းပါ ပြီးရင်Zip ဖြေလိုက်ပါ ။ ( Password  ။ ။   htayhlaingoo )

ဒေါင်းလို့ရလာတဲ့ U8825D_CWM_recovery_installer.rar ဖိုင်ကိုဖြေပါ။ အထဲမှ U8825D_CWM_recovery_installer.exe ကို run လိုက်ပါ။အောက်မှာပြထားတဲ့ ပုံအတိုင်းတွေ့ရပါလိမ့်မယ်။


Install CWM ကိုနှိပ်လိုက်ပါ။ အောက်ပါပုံပေါ်လာပါလိမ့်မယ်။


ကြိုက်ရာ key တစ်ခုကိုနှိပ်လိုက်ပါ။ အော်မှာပြထားတဲ့ပုံ ပေါ်လာပါလိမ့်မယ်။



ဖုန်းမှ volume down + power ကို ၁၅ စက္ကန့်လောက် ဖိနှိပ်ပြီး fastboot mode ၀င်ပါ။ ပြီးလျှင် computer နှင့် ချိတ်လိုက်ပါ။
cmd box ပိတ်သွားပါလိမ့်မယ်။ ဖုန်းကို battery ဖြုတ်ပြီး power  ပြန်ဖွင့်လိုက်ပါ။ အခုဆိုရင်တော့ သင့်ရဲ့ဖုန်းမှာရှိနေတဲ့ CWM recovery error ရှင်းလို့ပြီးသွားပါပြီ။
power ပိတ်ပြီးအားသွင်းလို့လည်းရပါပြီ။ အားလုံးအဆင်ပြေကြပါစေ....................။

Post By Htay Hlaing Oo  အား ကျေးဇူးအထူးတင်ပါတယ် ။

5 comments:

  1. mediafire က ဒေါင်းလို့ မရလို့ တခြားကတင်ပေးပါလား

    ReplyDelete
  2. Huawei c8800 အတွက် recovery လေးရောတင်ပေးပါလား

    ReplyDelete
  3. အားကျတယ်ဗျာ

    ReplyDelete
  4. lock key နိုပ်လိုက်တိုင်း power ကျသွား ဘာကြောင့်ဖြစ်နိင် လဲဗျာ

    ReplyDelete

DISCLAIMER
None of the files shown here are hosted or transmitted by this server. The links are provided solely by this site's users. The administrator of this site cannot be held responsible for what its users post, or any other actions of its users. You may not use this site to distribute or download any material when you do not have the legal rights to do so. It is your own responsibility to adhere to these terms.