Friday, October 26, 2012

Tutorial for iPhone 4s Dis Assembly

iPhone 4s ကို Power မလာတဲ့ ပြစ်ချက်လေးပြင်ရင်းနဲ့ ဒီ Post လေးကိုရေးခွင့်ကြုံခဲ့တာပါ။ ဖြုတ်လက်စနဲ့ မထူးတော့ပါဘူးဆိုပြီး မြေလှန်လိုက်တယ်ဗျာ။အရမ်းပဲရှုပ်ထွေးပြီး အရမ်းပဲ ခက်ခဲလှပါတယ်။ အတွေ့ ကြုံမရှိသေးတဲ့ User တွေ ကိုတော့ မပြုလုပ်ဖို့ ပြောချင်ပါတယ်။ တတ်နိုင်သလောက်တော့ စုံအောင်ဖော်ပြပေးထားပါတယ်။





မလှပ်ခင် အရင်ကြိုပြီး Accessories တွေကို အောက်ပါပုံမှာ အရင်လေ့လာကျရအောင်ပါ။ ဒါမှ ဘယ်ပစ္စည်းက ဘယ်လို Connector နဲ့ ဘယ်လိုပုံမျိုးရှိတယ်ဆိုတာသိရမှာပါ။



( 1 ) Head Phone/ Silent/ Volume up-down
( 2 ) Front Camera
( 3 ) Main Camera
( 4 ) Power/ Light Sensor
( 5 ) Sim Slot
( 6 ) Vibrator
( 7 ) Home Button
( 8 ) Main Speaker
( 9 ) Main Circuit
( 10 ) Battery
( 11 ) Mic/ USB/ Home Button Connector

Step ( 1 )
စကြရအောင်ပါ။
Screw Driver 0.8×25mm ငါးမြှောင့် နဲ့  ဖုန်း USB ကြိုးပေါက်ဘေးက Screw နှစ်လုံးကိုဖြုတ်ပါ။ပြီးရင်တော့ နောက် Cover ကို အပေါ်ကိုတွန်းပြီး မလိုက်ပါ။ နောက် Cover မှာ ကော်ပါတော့ အနည်းငယ်တော့ အားစိုက်ရပါတယ်။


Step ( 2 )
+ Screw Driver 1.5×25mm နဲ့  အနီဝိုင်းထားတဲ့ Screw တွေကိုဖြုတ်ကျရအောင်ပါ။
___ အောက်ပိုင်းရှိ Battery က Screw နှစ်လုံးကိုဖြုတ်ပြီး Battery Connector ကိုဖြုတ်ပါ။ 
      Battery ကို ပလပ်စတစ်ပြားကနေမပြီး ဖြုတ်ပါ။
___ အလယ်မှာ USB ကလာတဲ့ကြိုးပြား ကို Screw နှစ်လုံးဖြုတ်ပြီး Connector ကိုဖြုတ်ပါ။
___ အပေါ်ပိုင်းမှာတော့ Connector 6 ခုကို စတီး Cover နဲ့ အုပ်ထားပြီး Cover ကိုလှပ်ဖို့ ရာ Screw 
      ငါးလုံးကိုဖြုတ်ရပါမယ်။ Cover ကနေရာကျပ်ပြီး သေးငယ်တဲ့ ချိတ်တွေပါတဲ့ အတွက် အောက်က
      ဒုတိယပုံမှာ ပြထားပါတယ်။ သတိပြုပြီးတော့ ဖြုတ်ပါ။       

 


Step ( 3 )
ဒီအဆင့်မှာတော့ ကျန်ရှိနေတဲ့ Screw တွေနဲ့  သက်ဆိုင်ရာကြိုးပြားတွေအကြောင်းနဲ့  LCD ကိုဖြုတ်ဖို့ အတွက် သက်ဆိုင်ရာ Screw တွေကို ရှင်းပြပေးသွားမှာပါ။


 

___အနီရောင်နဲ့ ပြထားတဲ့ Connector တွေက
( 1 ) LCD
( 2 ) Touch
( 3 ) ANT
( 4 ) Main Camera
( 5 ) Front Camera
( 6 ) Head Phone/ Silent/ Volume up-down
( 7 ) Power/ Light Sensor
( 8 ) USB
( 9 ) Vibrator
( 10 ) Battery
( 11 ) ANT Click    စတာတွေဖြစ်ပြီး

___အဝါရောင်ကတော့ LCD ကိုထိန်းထားတဲ့ Screw တွေပါ။ အနီ/အဝါ နေရာမှာရှိတဲ့ Screw ကို Tape အနက်နဲ့ ကပ်ထားတော့ မမြင်ရတဲ့အတွက် သတိပြုစေချင်ပါတယ်။  


___အစိမ်းရောင်က ဖြုတ်ဖို့ ကျန်နေတဲ့ Screw တွေပါ။
     ဒါတွေ အကုန်ဖြုတ်ပြီးပြီဆိုရင်တော့ Main Circuit ကိုဖြုတ်လို့ ရပါပြီ။
LCD လဲမယ်ဆိုရင် သတိပြုရမှာက ကြိုးပြားကို နှစ်ဆင့် ခေါက်ရာမှာ သတိထားရပြီး တတ်တဲ့အခါမှာတော့ Connector ရဲ့ အောက်က ကြိုးပြားအခေါက်လေးကို အထူးဂရုပြုပေးပါ။

အောက်မှာ လေ့လာလို့ ရအောင် ပုံတွေ ထပ်တင်ပေးထားပါတယ်။



-----ဒီ Post တွေရေးသားရခြင်းက ကျွန်တော်မှာရည်ရွယ်ချက်တွေ အများကြီးရှိပါတယ်။ Software ကို လွယ်ပါတယ်လို့ ပြောတာမဟုတ်ပေမယ့် Hardware ဆိုတာကတော့ သေချာတာက ပါရမီ ရှိမှ ရတယ်လို့ ယုံကြည်ထားပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓ္ဓ့ဘာသာလူမျိုးတွေ အယူအစအရ နောက်ဘဝတွေ ထိပါအောင် ပညာဒါနပြုချင်ခဲ့တာပါ။ 
-----ပထမဦးစွာ ၄င်းပညာရပ်များနှင့်စပ်လျှဉ်းပြီး ငယ်စဉ်က မြေတောင်မြှောက် ပေးခဲ့သော မွေးသဖခင် ကျေးဇူးရှင်အား ၄င်း ၊
အသက် ၁၄ နှစ်မှ စတင်ပြီး Electric ပညာရပ်များအားသင်ကြားပေးခဲ့ပါသော ဆရာသခင်ကျေးဇူးရှင်များအား ၄င်း ၊ Mobile လောက (၄) နှစ်တာအတွင်း Mobile ဖုန်းဆိုင်ရာ Hardware & Software များအား
သင်ကြားပေးခဲ့ပါသော Mandalay “SKY” Mobile မှ ဆရာသခင်ကျေးဇူးရှင်များအား ၄င်း ရိုကျိုးစွာ ဦးထိပ်ပန်ဆင် ဂါရဝပြုရင်း ဒီ POST လေးကို အဆုံးသတ်လိုက်ပါတယ်။


ဒီ Post အားကူးယူဖော်ပြလိုပါက www.freemobilesharing.blogspot.com အား CREDIT ပေးပါရန်အသိပေးအပ်ပါသည်။
 

0 comments:

Post a Comment

DISCLAIMER
None of the files shown here are hosted or transmitted by this server. The links are provided solely by this site's users. The administrator of this site cannot be held responsible for what its users post, or any other actions of its users. You may not use this site to distribute or download any material when you do not have the legal rights to do so. It is your own responsibility to adhere to these terms.