Sunday, November 18, 2012

GT-I9100 ကို official 4.1.2 တင်နည်း နှင့် Root လုပ်နည်း

အခုပြောပြမှာကတော့ Samsung Galaxy S2 GT-I9100 ကို official 4.1.2 Jellybean တင်နည်းဖြစ်ပါတယ်။
firmware မတင်မှီ လိုအပ်သော data များကို back up ယူထားပါ (eg.contact,SMS, etc...)
ဖုန်း၏ battery ကို အနည်းဆုံး 80% လောက် အားပြည့်အောင်သွင်းထားပါ။
အဲဒါတွေပြီးရင်တော့ firmware update လုပ်လို့ရပါပြီ။

DOWNLOADO လင့်များ

fficial 4.1.2 Firmware

Odin v3.04

Samsung usb driver

သတိပြုရန်- official 4.1.2 ကို မတင်မှီ မိမိဖုန်းကို recovery သို့ ၀င်၍ factory data reset / wipe cache လုပ်ထားပါ။

Firmware တင်နည်း

ပထမဆုံးဒေါင်းထားသည့် I9100XXLSJ_I9100OXXLS1_OXX.zip ကို ဖြေလိုက်ပါ။အောက်ပါအတိုင်း ဖိုင် ၆ ခု တွေ့ပါလိမ့်မယ်။



ဒုတိယဒေါင်းထားသည့် Odin v3.04 ကို ဖြေ၍ run လိုက်ပါ။ ပြီးလျှင် ပုံတွင်ပြထားသည့် အတိုင်း လိုက်ထည့်ပါ။



- ဖုန်းကို voume down+home key+ power သုံးခုတွဲနှိပ်ပြီး download mode ထဲ ၀င်ရန် volume up ကို တစ်ချက်နှိပ်ပါ။

- usb ကြိုးကို computer တွင်အရင် ထိုးပါ။ ပြီးလျှင် download mode ထဲ ၀င်ထားသော ဖုန်းကို ထိုးပါ။

- message box တွင် Added ဟုပေါ်လာပါက computer နှင့် ဖုန်း ချိတ်ဆက်၍ ပြီးစီးပါပြီ။

- Added မပေါ်ပါက samsung usb driver or samsung kies တင်ရာတွင်တစ်ခုခု မှားယွင်းနေသောကြောင့်ဖြစ်သည်။

- driver ကို သေချာစွာ ပြန်တင်ပါ။

- Added ပေါ်လာပါက start ကို နှိပ်ပါ။

- firmware update အောင်မြင်ပါက အောက်တွင်ပြထားသည့် ပုံအတိုင်း pass ဟုစာလုံး အစိမ်းရောင် ပေါ်လာပြီး ဖုန်း Restart ကျသွားမည်။



- Restart ကျပြီး ၅ မိနစ်လောက်စောင့်ကြည့်ပါ။ power ပြန်တက်လာပါက Galaxy S2 အတွက် 4.1.2 တင်၍ ပြီးစီးပြီဖြစ်သည်




သတိ/

- official 4.1.2 kernel ဟာ Safe မဖြစ်တဲ့ အတွက် firmware တင်ပြီးလျှင် Philz kernel ကို odin ရဲ့ PDA နေရာတွင်ထည့်၍ flash ပြီး kernel ချိန်းလိုက်ပါ။

Root လုပ်နည်း

- Philz kernel ချိန်းပြီးရင်တော့ cwm သွင်းပြီးသားဖြစ်ပါပြီ။ root လုပ်ချင်ရင်တော့
Root.zip ဖိုင်လေးကို ( ဒီမှာဒေါင်းပါ )
sd card ထဲ ထည့်ပြီး cwm ကနေ update လုပ်လိုက်ရင် root ရပါပြီ။

အားလုံးအဆင်ပြေကြပါစေ.......

Posts By : Htay Hlaing Oo 

8 comments:

  1. GT-9100G အတွက်ရှိရင်တင်ပေးနော်အကို
    ကျေးဇူးဘဲ
    တင်နီးရှင်းထားတာတော်တော်ကောင်းတယ်

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete
  3. GT-9100G အတွက်လဲ တင်ပေးပါအုံးဗျာ။
    cyanogen mod နဲ့တင်တာ ကျန်တာတွေအဆင်ပြေတယ်။
    camera မှာ foucs လုပ်တာ အဆင်မပြေဘူးဗျ။
    quality ကျသွားတယ်

    ReplyDelete
  4. a ko pyaw taet philz kernal ka bal hmar lal , down lite taet a htae hmar tot shar loet m twayet woo , ku nyi per own

    ReplyDelete
  5. Kernal ဘယ်လိုဒေါင်းရပါ့။

    ReplyDelete
  6. ကာနယ် မ တွေ့။ဘယ်လိုလုပ်ရပါ့။

    ReplyDelete