အရေးအကြီးဆုံးကတော့ PC နဲ့ဖုန်းကို USB ကြိုးချိတ်တဲ့အခါမှာ PC ကဖုန်းကိုသိရန် samsung kies ကိုဒေါင်းပြီး PC မှာ အင်စတောအရင်လုပ်ထားပါ
CWMသွင်းဖို့ ဒီမှာဒေါင်းပါ (ဒေါင်းပြီးရင် PC ပေါ်မှာဒီအတိုင်းထားပါ Odin နဲ့သွင်းရမှာပါ)
Odin3 V3.04 ကို ဒီမှာဒေါင်းပါ (ပြီးရင် PC မှာဇစ်ဖြေလိုက်ပါ)
ကိုဌေးရဲ့ မြန်မာဖောင့်ကို အင်စတောလုပ်ဖို့ SAMUNGMMfont V1.0.1 ဇစ်ဖိုင်ဒီမှာပါ (ဒေါင်းပြီးတော့ မန်မိုရီကဒ်ထဲထည့်ထားလိုက်ပါ)
သွင်းနည်းကတော့
အရင်ဆုံး CWM ကို Odin နဲ့သွင်းရပါမယ်
ဖုန်းကို Settings ထဲသွားပါမယ် Developer options ထဲဝင်ပါမယ် အဲဒီမှာ USB debugging ကို အမှန်ခြစ်ထားပေးပါ ။
ဖုန်းကို ပါဝါပိတ်ပါမယ် ဘက်တရီဖြုတ်ပြီ ပြန်တတ်လိုက်ပါ ။ ပြီးရင် download mode ထဲဝင်ဖို့ရန်ကျနော်အောက်က ပုံ(1) မှာပြထားတဲ့ Volume Down + Power + Home ခုလုတ်သုံးခုကိုတွဲလျှက် ဖိနှိပ်ထားပါ (1)ကအတိုင်းစာတွေပေါ်လာပြီဆိုရင် လွှတ်လိုက်ပါ ။
ကျနော်အောက်က ပုံ(2) မှာပြထားတဲ့အတိုင်း Volume Up ခုလုတ်ကို တစ်ချက်နှိပ်လိုက်ပါ ပုံ(2)ကအတိုင်း Downloaging.... ပေါ်လာပြီဆိုရင် USB ကြိုးကို PC မှာချိတ်လိုက်ပါ ။
ပြီးရင် Zip ဖြေလို့ထွက်ကြလာတဲ့ odin3 v3.04 ကိုဖွင့်လိုက်ပါ ပုံ(3)ကအတိုင်း မြင်ရပါမယ် အဲဒီမှာPC ကကိုယ့်ဖုန်းကို သိတယ်ဆိုရင် အောက်ကပုံ(3)မှာဝိုင်းထားတဲ့ အပြာအကွက်ထဲကအတိုင်း အကွက်ထဲမှာအရောင်ပြပါလိမ့်မယ် မပေါ်ရင် ပြန်ဖြုတ်ပြီး ပြန်တတ်လိုက်ပါ ။သေချာပြီဆိုရင် အနီရောင်ဝိုင်းထားတဲ့အတိုင်း အမှန်လေးတွေခြစ်ပေးလိုက်ပါ ။ ပြီးရင် PDA ဆိုတဲ့ကောင်လေးကိုနှိပ်လိုက်ပါ PCရဲ့ My Documents ဘောက်လေးထွက်လာပါလိမ့်မယ် အဲဒီမှာခုဏကဒေါင်းထားတဲ့ CWM ဆိုတဲ့ recovery-cwm-touch-6.0.1.2-i9300.tar ကိုရွေးပေးလိုက်ပြီး Open နှိပ်လိုက်ပါ ။ PDA ထဲရောက်သွားပါပြီ ပြီးရင် Start ဆိုတဲ့စာလေးကို နှိပ်ပေးလိုက်ပါ။
ဖုန်းနဲ့ Odin နဲ့ အလုပ်လုပ်နေတာကို တွေ့ရပါလိမ့်မယ် ပြည့်သွားပြီဆိုတာနဲ့ ဖုန်းမှာအော်တိုပိတ်သွားပြီး ပြန်ပွင့်လာပါလိမ့်မယ် ။ ပြီးရင် ကြိုးဖြုတ်လိုက်လို့ရပါပြီ။ CWM သွင်းတာအောင်မြင်သွားပါပြီ ။
ပြီးရင် ဖုန်းကို ပါဝါပြန်ပိတ်ပါ ပြီးရင် Power + Home + Vole UP သုံးခုကို စုံလိုက်ဖိထားပါ Recovery ဆိုတဲ့စာတွေထဲရောက်သွားပါမယ် အဲကျရင်လွှတ်လိုက်ပါ ။
အဲ့ဒီမှာ လက်နဲ့စခရင်ကိုထောက်ပြီးဝင်ရပါမယ် လက်ထောက်တဲ့အခါမှာသတိထားပါ
Install Zip from sdcard ထဲဝင်
Choose Zip From external sdcard ထဲဝင်
အဲဒီမှာ ခုဏကဒေါင်းပြီး ထည့်ထားတဲ့ SAMUNGMMfont V1.0.1.zip ဆိုတာကိုတွေ့ပါမယ် ဝင်လိုက်ပါ
ပြီးရင် - Yes - Install SAMUNGMMfont V1.0.1.zip ဆိုတာကိုနှိပ်လိုက်ပါ အင်စတော ခဏလေးလုပ်ပါမယ်
ပြီးသွားရင် +++++Go Back++++ နှိပ်၍ပြန်ထွက် ပြီး၇င် reboot system now နှိပ်လိုက်ပါ ဖုန်းမှာ ပိတ်သွားပြီး ပြန်ပွင့်လာပါမယ် မြန်မာစာရသွားပါပြီ
( Android 4.0 အထက်ဆိုရင် သဘာဝအတိုင်း Facebook နဲ့ အော်ဒီဂျင်နယ် ဘရောက်ဇာမှာ မြန်မာစာကိုမှန်ကန်စွာမပေါ်ပါဘူး ။ မြန်မာစာကို 100%မှန်ကုန်စွာမြင်ချင်တယ်ဆိုရင်တော့ Mozilla Firefox နဲ့သုံးပါ Facebook ကိုရော အဲ့ဒီဘရောက်ဇာကနေသုံးပါ အလန်းလေးဖြစ်သွားပါပြီ ။)
Mozilla Firefox V15.0.1 For Android ကိုဒီမှာဒေါင်းပါ
အားလုံးပဲ အဆင်ပြေကြပါစေ......။
No comments:
Post a Comment