Tuesday, December 18, 2012

delet 1 song/video in iphone ipad ipod touch

By Spo Pwk in Myanmar Mobile Forum





ဒါလေး သိကြလား မသိကြလား မသိဘူး။ ဒီ အကြောင်းကို ဒီ group ထဲမှာရော online တွေ ပေါ်မှာပါ ပြောထားတာ လုံးဝ မတွေ့ရသေးဘူး။ ကျွန်တော်တော့ မသိတာလေး တစ်ခု မတော်တဆ သိလိုက်ရလို့ နည်းနည်း အံ့အောသွားတယ်။ ကျွန်တော့်လိုပဲ မသိတဲ့ လူတွေ သိကြရအောင်လို့ ဒီ doc လေးကို အမှတ်တရ ရေးထားလိုက်ပါတယ်။

ဘာမှတော့ မဟုတ်ပါဘူး။ iphone, ipad, ipod touch တွေထဲ ထည့်သွင်းထားပြီးသား songs and videos တွေထဲက ကိုယ် မကြိုက်တော့တဲ့ မလိုချင်တော့တဲ့ songs and videos တွေကို တစ်ခုချင်း တစ်ပုဒ်ချင်းစီ ရွေးပြီး delete လုပ်ပစ်တာလေးပါ။ computer မလိုဘူး။ itunes မလိုဘူး။ ဘာ apps, jailbreak မှ မလိုဘူး။ ကိုယ့် phone, pad, pod ထဲ ကနေ လွယ်လွယ်ကူကူ လုပ်နိုင်ပါတယ်။


ပုံမှန် ဆိုရင် songs/videos တွေကို phone ထဲကနေ delete ကိုင်ချင်ရင် ... settings > general > usage > songs (or) videos ... ထဲ သွားပြီး လုပ်ကြရတယ်။ videos မှာ ညာဖက် အပေါ် ထောင့်က edit ဆိုတာ နှိပ်ပြီး တစ်ခုချင်း ရွေးဖျက်လို့ ရတယ်။ ဒါပေမဲ့ songs မှာ ကျတော့ 1 song, 1 album, 1 artist ရွေးဖျက်လို့ မရဘူး။ ဖျက်ချင်ရင် phone ထဲက songs မှန်သမျှ အကုန် ဖျက်ပစ်မှ ရမယ်။ (delete all ဖြစ်နေတာပေါ့။)

အခု ကျွန်တော် သိလိုက်ရတာက ...

လုပ်နေကျ အတိုင်းပဲ သီချင်း နားထောင်မယ် ဆိုရင် home screen ပေါ်က songs icon လေးကို နှိပ်ပြီး ၀င်မယ်။ အထဲ ရောက်သွားရင် tags တွေကို playlists, artists, songs, albums, more ... ဆိုပြီး တွေ့မယ်။ songs tag ထဲ ၀င်လိုက်မယ် ဆိုပါစို့။ သီချင်းတွေ အားလုံးကို နာမည် အလိုက် စီပေးထားတာ တွေ့ရမယ်။

ဒါဆိုရင် သီချင်း တစ်ပုဒ်ချင်းစီ ဘယ်လို ဖျက်မလဲ ???
လွယ်ပါတယ်။ သီချင်း နာမည်ပေါ်ကို ထောက်ပြီး ညာဖက်ကို ဆွဲလိုက်ပါ။ ဘယ်ဖက်ကို ဆွဲလည်း ရပါတယ်။ (slide left or right) ... ဆိုရင် သီချင်း နာမည် ညာဖက်ဘေးမှာ delete ဆိုတဲ့ အနီရောင် button လေး ပေါ်လာပါလိမ့်မယ်။ နှိပ်လိုက်ရင် အဲ့ဒိ သီချင်း ပျက်သွားပါတယ်။ ဒါက သီချင်း တစ်ပုဒ်တည်းကို ဖျက်ပစ်တာပါ။
artist တစ်ယောက်ရဲ့ သီချင်းတွေ အကုန်လုံးကို ဖျက်ချင်လည်း ရပါတယ်။ artists tag ထဲ ၀င်လိုက်ပါ။ ဖျက်ချင်တဲ့ artist နာမည်ပေါ်မှာ (slide left or right) လုပ်လိုက်ရင် အနီရောင် delete button ပေါ်လာမယ်။ နှိပ်လိုက်ရင် အဲ့ဒိ artist ရဲ့ သီချင်းတွေ အားလုံး ပျက်သွားပါလိမ့်မယ်။ album လည်း ထိုနည်းလည်းကောင်းပါပဲ။ albums tag ထဲဝင်။ album နာမည်ပေါ်မှာ (slide left or right)။ အနီရောင် delete button ကို နှိပ်လိုက်ရင် အဲ့ဒိ album အောက်ထဲမှ ရှိသမျှ သီချင်းတွေ အားလုံး ပျက်သွားပါလိမ့်မယ်။

 

 

 


ဒါပါပဲ ခင်ဗျာ့။
သိတဲ့ အတိုင်းပဲ။ apple device တွေက သုံးရတာ မလွတ်လပ်ဘူးလေ။ ကိုယ့် phone, pad, pod ထဲ သီချင်း ထည့်ချင်ရင် (via itunes) တစ်ပုဒ်ချင်း ထည့်လို့ မရဘူး။ အနည်းဆုံး itunes library ထဲ add ထားပြီးသား သီချင်းတွေကို folder အလိုက် စီပြီးမှ ထည့်လို့ ရတယ်။ ပုံမှန် အတိုင်း ဆိုရင်တော့ library တစ်ခုလုံးကို sync လုပ်သွားပါတယ်။ လိုချင်တာတွေရော မလိုချင်တာတွေရော ရောထွေးနေတာပေါ့။ (itools ဆိုတဲ့ third party software သုံးရင်တော့ တစ်ပုဒ်ချင်း ထည့်လို့ ရတယ်ပေါ့လေ။) video ထည့်တာ ကျတော့ itunes ကနေ တစ်ခုချင်း ထည့်လို့ ရတာကြောင့် အဆင်ပြေတယ်။ ဒါကြောင့် itunes သုံးရတာ လက်ပေါက်ကပ်တယ်။ အချိန် စားတယ်။ လိုချင် သလို စိတ်တိုင်းကျ မဖြစ်လာဘူး။ လူက စက်ကို ခိုင်းရမယ့် ဟာကို စက်က လူကို ပြန်ခိုင်း သလို ဖြစ်နေတယ်။ ထားပါတော့။ ဒါတွေက သိပြီးသား။

idevices သုံးသူတွေ itools ဆိုတဲ့ (ယုန်ရုပ်လေးနဲ့) software သုံးသင့်တယ်လို့ အကြံ ပြုရင်း . . .



thank you for your reading !
SpoPwk
December 18, 2012





0 comments:

Post a Comment

DISCLAIMER
None of the files shown here are hosted or transmitted by this server. The links are provided solely by this site's users. The administrator of this site cannot be held responsible for what its users post, or any other actions of its users. You may not use this site to distribute or download any material when you do not have the legal rights to do so. It is your own responsibility to adhere to these terms.