Monday, December 17, 2012

htc one x JELLY BEAN 4.1.1 upgrade and change logs !

By Spo Pwk in Myanmar Mobile Forum

GOTO FACEBOOK LINK ------>>> HERE 
 
samsung (s3 & note 2) ၏ jelly bean (4.1.2) နှင့် ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့သော . . .
htc one x ၏ jelly bean 4.1.1 နှင့် official RUU.exe + hboot ဒုက္ခ !!!


htc က ထွက်တဲ့ အလုံးရည် နည်းတဲ့ အပြင် ကြေငြာအားလည်း မသုံးတော့ (ရန်ကုန်မှာ) တော်တော်ကြီးကို လူသုံး နည်းတယ်။ touchable mobile ကိုင်တဲ့ လူ ၁၀၀ မှာ ၁ ယောက်တောင် တွေ့ရခဲတာကိုး။ (ကျွန်တော့ အမြင် အရ) htc phone တွေထဲမှာ ကောင်းတာ မက်မက်စက်စက် ပြစရာ ဆိုလို့လည်း htc one x တစ်လုံးတည်း ရှိမယ်။

android လောကမှာ quad core စထွက်ခဲ့တာ htc one x ပဲ။ နောက်မှ samsung s3 ထွက်တာ။ “အကြံ တူ နောက် လူ စားတယ်” ဆိုတာ ဟုတ်နေမလားပဲ။ samsung ရဲ့ နည်းပညာရော ဈေးကွက်ရော အောင်မြင်မှုက htc ကြီးကို ဖင်ထိုင်ကျသွားစေတာပေါ့။ htc ရဲ့ ကြေငြာချက် article တစ်ခု online မှာ ဖတ်လိုက်ရတာ ဒီ နှစ် ၂၀၁၂ မှာ အမြတ်ငွေ ၆၀-၇၀% လောက် ကျသွားတယ်တဲ့။ world wide အနေနဲ့တောင် သရဖူ ဆောင်းထားတဲ့ samsung s3 ကို မယှဉ်နိုင်တာ အပြစ် တစ်ခုရယ်တော့ မဟုတ်ဘူးပေါ့လေ။

(ဂန္တ၀င် ဘိုးအေကြီး iphone series ရဲ့ iphone 5 တောင် samsung s3 ရဲ့ အနောက်မှာပဲ ရှိနေပါသေးတယ်။ samsung တစ်ဦးတည်းအစွမ်း လို့တော့ ပြောမရပါ။ android os - jelly bean ရဲ့ အန့်မခန်း တိုးတက်လာမှုကြောင့်လည်း ရာနှုန်းဝက်လောက် သက်ဆိုင်ပါတယ်။ true multi tasking + multi screens function ဆိုတာတွေက ios 6 ကို knock off ကျသွားစေတယ် ဆိုတဲ့ သုံးသပ်ချက်တွေ နှိုင်းယှဉ်ချက်တွေကို websites တွေမှာရော youtube မှာပါ တွေ့နေရပြီလေ။ ဒါက စကားစပ်မိလို့ ပြောတာပါ။ no flaming ! )

သို့ပေမဲ့လည်း ကိုယ်တိုင် htc one x သုံးနေရတဲ့ လူ တစ်ယောက် အဖို့ရာ သူများတွေ samsung s3 ရဲ့ multi tasking နဲ့ လန်းလန်းလန်းနေတာ ကြည့်ပြီး ကိုယ့် လက်ထဲက htc one x ကို အားမလို အားမရ ဖြစ်နေမိတာတော့ အမှန်ကြီးပဲပေါ့ ခင်ဗျာ။
- - - VS - - -

phone ၀ယ်ဖို့ ရွေးခဲ့တုန်းက htc one x (vs) samsung s3 ယှဉ်ကြည့်တာပေါ့။ quad core ဆိုလို့ အဲ့ဒိ နှစ်လုံးတည်း ရှိတာကိုး။ samsung s3 ရဲ့ plastic body, home button နဲ့ အနောက်ဖက်က flash light - camera - speaker .. လေးထောင့် ပုံစံ သုံးခု design ကို ဘယ်လိုမှ ကြိုက်ကြည့်လို့ မရဘူးလေ။ htc one x ရဲ့ uni body, polycarbonate body, button-less နဲ့ အနောက်ဖက်က camera+flash light အ၀ိုင်း design , မထင်မရှား speaker design , အနားသတ်တွေ လုံးချောနေတဲ့ touch screen glass .. အဲ့ဒါတွေကြောင့် htc one x ကို ၀ယ်ဖြစ်ခဲ့တာပဲ။ ရှင်းရှင်း ပြောရရင် htc one x က physical design ပိုသာတယ် ပိုမာတယ် ပိုလှတယ်ပေါ့ ခင်ဗျာ။ ပြီးတော့ ics 4.0.3 - 4.0.4 မှာတုန်းက samsugn s3 က htc one x ထက် မသာဘူးကိုး။ htc one x ကတောင် ပိုပြီး smart ကျသေး GUI လှသေး programming ပိုကောင်းသေးတယ်လေ။ အခု jelly bean ဖြစ်သွားတော့မှ samsung s3 က တအားကြီး ထောင်တက်သွားတော့ htc one x ၀ယ်ခဲ့မိတာ နောင်တ ရချင် သလိုလို မရချင် သလိုလို နဲ့ ဘ၀င် မကျ ဖြစ်လာရပြီပေါ့ ခင်ဗျာ။

ကျွန်တော့် ဖြစ်ပုံက ဒီလို . . .
ကျွန်တော်က game မက်တော့ game ဆော့လက်စ ရှိနေရင် ဖုန်းကို ဘာညာ မကလိ ဖြစ်ဘူး။ htc one x ၀ယ်ခဲ့တာကလည်း အဓိက game ကောင်းကောင်း ဆော့ချင်လို့ quad core သုံးချင်လို့ပေါ့။ အဲ့ဒါ game အဆော့ ကောင်းနေရင် တခြားဟာ မလုပ်ဖြစ်ဘူး။ jelly bean တင်မယ် တင်မယ် စိတ်ကူးနေတာ ၁ လ လောက် ကြာနေပြီ။ မတင်ဖြစ်ဘူး။ game ဆော့ရတာ နည်းနည်း ပျင်းလာတော့မှ jelly bean လေး တင်ကြည့်လိုက်ပါဦးမယ် စိတ်ကူး ရတာ။

ထုံးစံ အတိုင်း googling ပြီး ဟို ရှာ ဒီ ရှာပေါ့။ ဟို ဖတ် ဒီ ဖတ်ပေါ့။ သိတဲ့ အတိုင်း online ပေါ်မှာလည်း htc အကြောင်းက ရှားမှ ရှား။ xda ဆိုတာကလည်း (သူတို့ ကိုယ်တိုင် ၀န်ခံထားတဲ့ အတိုင်း) ရှုတ်ပွနေတာ။ ကိုယ်တိုင်ကလည်း သူတို့လောက်ကြီး မတတ်တော့ နားမလည်တာက များနေတယ်။ htc ရဲ့ foundation ကလည်း samsung လို လွတ်လွတ်လပ်လပ်ကြီး မဟုတ်ဘူးလေ။ samsung ဆိုရင် bootloader ဆိုတာ လုံးဝ လုံးဝ လုံးဝ မထည့်ထားဘူး။ very truly deeply madly amazingly FREEDOM ဖြစ်တယ်ပေါ့ဗျာ။ htc ကတော့ ပြောင်းပြန်။ bootloader ဆိုတာကြီးကို အသေအလဲ ချုပ်ထားတာ။ တခြား ဘယ် android phone/tablet တွေနဲ့မှ မတူအောင်ကို bootloader program ရေးပြီးတော့တောင် ထားတယ်။ htc ရဲ့ hboot ဆိုတာမျိုး ဘယ်မှာမှ မရှိဘူးလေ။ phone/tablet တွေက combine keys သုံးပြီးတော့ပဲ fastboot or recovery ၀င်တယ် ထွက်တယ်။ htc ကတော့ home + vol down နှိပ်ပြီး bootloader ထဲ ၀င်လိုက်ရင် hboot ဆိုတဲ့ထဲ ရောက်သွားပြီး function တွေ ထပ်ရွေး ထပ်လုပ်ရတာကိုး။ အဲ့ဒါကို ကောင်းလား ဆိုးလား မဝေဖန်တတ်ပါ။ လွတ်လွတ်လပ်လပ် ရှိတာ ပိုကောင်းတယ် လို့ပဲ မြင်ပါတယ်။

.. ဆိုတော့ jelly bean တင်မယ် အလုပ်မှာ အဲ့ဒိ hboot က စ ညိတော့တာပဲ။ ကျွန်တော့် phone condition က ...
htc one x (s720e)
<stock rom 4.0.3 + rooted + cwm touch + bootloader unlocked >
cid = HTC_044
build number = 1.29.707.11 CL63214 release-keys
software number = 1.29.707.11 (asia wwe)

အဓိက ညိတာက ...
> hboot version နိမ့်နေတယ်
> rooted ဖြစ်နေတယ် > bootloader unlock ဖြစ်နေတယ်
> custom recovery ဖြစ်နေတယ်

ဒီတော့ ပထမဆုံး bootloader ကို relocked ဖြစ်အောင် လုပ်လိုက်ရတယ်။
. . . requirements . . .
fastboot folder (including files > adb , AdbWinApi.dll , AdbWinUsbApi.dll , fastboot)
on pc , htc one x drivers and htc sync must be installed.
. . . instructions . . .
(1) shut down phone
(2) power + vol down = hboot menu
(3) choose > fastboot
(4) connect phone to pc via usb cable ("fastboot usb" will shown on phone)
(5) on pc go to fastboot folder
(6) shift + right click > choose "open command window here"
(7) in cmd, type ... fastboot oem lock
> > > done !!!
ဒါဆိုရင် bootloader က relocked ပြန်ဖြစ်သွားပါပြီ။ hboot menu အပေါ်ဆုံးမှာ *RELOCKED* ဆိုပြီး ပြနေပါလိမ့်မယ်။ bootloader relocked ဖြစ်သွားတာနဲ့ custom recovery (cwm touch) လည်း သုံးလို့ မရတော့ပါဘူး။ ဒါကြောင့် custom recovery ညိနေတာလည်း ဖြေရှင်းပြီးသား ဖြစ်သွားတာပေါ့။

rooted ဖြစ်နေတာကို ရှင်းဖို့ အတွက် ...
www.tsar3000.com ကနေ သက်ဆိုင်ရာ software number (eg : 1.29.707.11) အလိုက် RUU.exe ကို download ဆွဲပါတယ်။ RUU.exe က phone ကို firmware (rom) version မမြှင့်ပေးနိုင်ပါဘူး။ phone မှာ ရှိနေပြီးသား firmware (rom) version ကိုပဲ rebuild ပြန်လုပ်ပေးတာပါ။ factory format ရိုက်သလိုပဲပေါ့။ လုပ်ရတာကတော့ လွယ်ပါတယ်။ phone battery % က ၁၀၀ အပြည့် ရှိနေရင် အကောင်းဆုံးပါပဲ။
. . . instructions . . .
(1) connect phone to pc via usb cable
(2) run RUU.exe ( > next next next yes yes yes ok ok ok - like this ! )
> > > done !!!
ခဏလေးပဲ။ သိပ်မကြာဘူး။ ၁၀ မိနစ်လား ၁၅ မိနစ်လားပဲ ကြာမယ်။ နာရီဝက်ထက် ပိုကြာသွားမယ် ဆိုရင်တော့ တစ်ခုခု ညိနေပြီ။ RUU.exe က sending မှာ ရပ်နေမယ် .. phone က htc ဆိုတဲ့ ငွေရောင်စာတမ်းလေးမှာ ရပ်နေမယ်။ ဒါဆိုရင်တော့ phone ကို usb cable ဖြုတ်လိုက်ပါ။ power ခလုတ်ကို ကြာကြာ နှိပ်ထားပေးလိုက်ပါ။ phone ပြန်တက်လာပါလိမ့်မယ်။ bootloader or rooted တစ်ခုခု ညိနေလို့ ဖြစ်မှာပါ။ phone ကို settings > backup & reset > reset (delete all) လုပ်ချလိုက်။ တစ်ခါနဲ့ မရရင် လေးငါးခါ လုပ်ချလိုက်။ RUU.exe ပြန်တင်။ ဒါဆို ရသွားနိုင်ပါတယ်။ ဖြစ်တတ်တဲ့ error လေးတွေနဲ့ ဖြေရှင်းပုံတွေကတော့ ...

ERROR [110]: FILE OPEN ERROR This error message indicates that the RUU lacks some specific files or they are damaged, so the RUU cannot continue with the update. You have to get the complete RUU package and try again.

ERROR [120]: MAIN BATTERY POWER This error message will appear when the Android phone’s battery power is not sufficient (Batter power should be more than 30%). Although RUU will instruct you to plug in the AC adapter, it will still need to make sure that your Android phone has enough power to complete the update. (The Android phone cannot charge the battery when it is connected to the PC while installing the RUU).

ERROR [130]: MODEL ID ERROR
ERROR [131]: CUSTOMER ID ERROR One of these error messages will appear when you use the wrong RUU to do the update. The RUU will check if the Model ID and Language ID are compatible with the Android phone. Make sure you use the correct RUU to update.

ERROR [155~159]: IMAGE ERROR One of these error messages will appear when you use the incorrect RUU to update and the image file size is larger than the Flash ROM size. In this case, download the correct RUU version and try again.

ERROR [170]: USB CONNECTION ERROR This error message will appear when the Android phone is not correctly connected to the host PC. It might be a USB connection problem or a PC USB driver problem. Make sure the Android phone is connected to the host PC correctly and/or check if the PC driver matches the Android phone.

RUU.exe နဲ့ stock rom တင်လို့ ရသွားပြီ ပြီးသွားပြီ ဆိုရင်တော့ phone က brand new ပြန်ဖြစ်သွားပြီပေါ့။ အဲ့ဒိတော့မှ OTA (on the air) update တွေကို တင်လို့ ရသွားတယ်။ လုပ်ရတာက ရှင်းပါတယ်။
. . . instructions . . .
phone > settings > about > software updates > check now . . .
(1) phone will download 4.0.4 update. (140MB++)
(2) when download complete, click upgrade.
(3) phone will be upgrading itself and restart, then phone is on 4.0.4 ics.
(4) when done, do again > settings > about > software updates > check now . . .
(5) phone will download a small file. (1.5MB++) (this may be hboot update, not sure.)
(6) when download complete, click upgrade.
(7) phone will be upgrading itself and restart.
(8) when done, do again > settings > about > software updates > check now . . .
(9) phone will download 4.1.1 update. (300MB++)
(10) when download complete, click upgrade.
(11) phone will be upgrading itself and restart.
> > > done !!! enjoy to eat jelly bean with your htc one x !!! :)

(တော်တော် မြန်တဲ့ internet connection ရှိဖို့တော့ လိုပါလိမ့်မယ်။ ကျွန်တော်ကတော့ redlink 3MB wi max နဲ့ သုံးတာ ဆိုတော့ ညသန်းခေါင် ၁ နာရီ လောက်ဆိုရင် download speed က 400kbps++ လောက် ရပါတယ်။)

ဒါပဲ ခင်ဗျာ့။ အဲ့ဒိ နည်းနဲ့ htc one x ကို 4.0.3 ကနေ 4.1.1 ကို တင်လို့ ရသွားတာပဲ။ အခု နည်းရိုးကြီးနဲ့ မလုပ်ခင်မှာ နည်း အမျိုးမျိုးနဲ့ စမ်းတာ လေးငါးရက် ကြာသွားခဲ့တယ်။ ဘယ်လိုမှ မရဘူး။ ကျွန်တော် ညံ့တာကြောင့်လည်း ဖြစ်မှာပါ။ ဒါပေမဲ့ သေချာတာ တစ်ခုကတော့ htc one x မှာ hboot ကို update မမြှင့်ပဲနဲ့ firmware (rom) မြှင့်ချင်လို့ မရနိုင်ပါဘူး။ official rom မပြောနဲ့ custom rom တောင် တင်လို့ မရပါဘူး။ hboot ကို version မြှင့်ပြီးရင်လည်း ပြန် ဆင်းချင်လို့ မရပါဘူး။ ios firmware upgrade နဲ့ ပုံစံ တူတယ်။ အတက်ပဲ ရမယ်။ အဆင်း မရဘူး။ သိပ် မလွတ်လပ်ဘူးပေါ့ ခင်ဗျာ။

ပြောလက်စနဲ့ ဆက်ပြောချင်ပါသေးတယ်။ htc one x jelly bean 4.1.1 ရဲ့ features အသစ်လေးတွေပေါ့။
(1) new notification panel
(2) new home screen
(3) new design gadgets
(4) new skins (themes)
(5) new storage types + spaces
(6) GUI improved
(7) user/system settings improved
(8) camera functions improved
(9) battery improved
(10) usb tethering functions improved
(11) touch buttons (back , home , temp) improved
(programming နဲ့ ပတ်သက်တဲ့ ပြောင်းလဲလာမှုတွေ တွေ့နေရပေမဲ့ ပြောရမှာ တော်တော် များနေလို့ ဒီ နေရာမှာ မပြောတော့ပါဘူး။) ဒီလောက်ပါပဲ။ သိပ် များများစားစား ကြီးကြီးမားမား မပြောင်းလဲသွားပေမဲ့ jelly bean က ics ထက် ၁၀ ဆ မက ပို ကောင်းလာတာတော့ အမှန်ပဲ။ ဘယ်လို ပို ကောင်းလာတာတွေလဲ ဆိုရင် ...


(1) new notification panel
ဒီဟာကတော့ jelly bean ရဲ့ side effect ပါ။ htc က design လောက်ပဲ သက်ဆိုင်မယ် ထင်ပါတယ်။ အတို ချုံ့ ပြောရရင် အရမ်း အရမ်း အရမ်းကို နည်းပညာ အဆင့် မြင့်ထားတဲ့ လက်တွေ့မှာလည်း အသုံး ၀င်တဲ့ notification panel ဖြစ်သွားတယ်ပေါ့ ခင်ဗျာ။ htc one x မှာတော့ notify channel အရမ်း ကောင်းသွားတာရယ် power saver on ဆိုတဲ့ function နဲ့ times and dates ပြထားတာပဲ သိသိသာသာ တိုးလာပါတယ်။ samsung s3 မှာ ဆိုရင် ပိုပြီး သိသာပါတယ်။ settings > display ... မှာ notification panel ဆိုတဲ့ function တစ်ခု ထပ်တိုးပေးထားပါတယ်။ quick access icons (wifi, bluetooth, etc) တွေကို ရွှေ့နိုင်တယ် လဲနိုင်တယ် စသည်ဖြင့်ပေါ့လေ။ ဒီလောက်ထိ တိုးတက်လာတာတောင် jelly bean ရဲ့ core လို့ မသတ်မှတ်ကြပဲ side effect တစ်ခု အနေနဲ့သာ ပြောဆိုနေကြပါတယ်။ youtube ပေါ်က နှိုင်းယှဉ်ချက်တွေကို ကိုးကားရမယ် ဆိုရင် ios 6 ရဲ့ notification panel က child play ဖြစ်နေပါတယ်တဲ့။ android jelly bean ရဲ့ side effect တစ်ခု အနေနဲ့သာ အကျုံး ၀င်တဲ့ notification panel ကတော့ တကယ့်ကို ကြီးမား ခန့်ညားတဲ့ quick access board တစ်ခုပါပဲတဲ့။ (no flaming !)

(2) new home screen :) :) :) amazingly CHANGE !!! yeah !

ဒီ အကြောင်းကိုတော့ တော်တော်လေး ပြောပြချင်ပါတယ်။ ကျွန်တော် အရမ်း ပျော်သွားမိတဲ့ သဘော ကျသွားရတဲ့ ပြောင်းလဲမှုကြီးပါပဲ။ htc ကို ဒါနဲ့ ပက်သတ်ပြီးတော့ ကျေးဇူး တင်မိပါတယ်။ နှစ်ပိုင်း ခွဲပြီး ပြောပြရမယ်။ တစ်ပိုင်းက continuous sliding နဲ့ တစ်ပိုင်းက touching physic ပါ။
. . . . . . . . . . . continuous sliding . . . . . . . . . .
ဘာလဲ ဆိုတော့ 4.0.3 တုန်းက home screen (7 pages) က တစ်ပတ် မလည်ပါဘူး။ အခု 4.1.1 မှာတော့ home screen page (left or right) ဆုံးသွားရင် တစ်ပတ် လည်ပြီး ဆက်သွားလို့ ရသွားပါတယ်။ samsung touch wiz မှာ တစ်ပတ် လည်တာကတော့ ရိုးလို့နေပါပြီ။ အဲ့ဒါလေးက အင်မတန် အသုံး တည့်တာပေါ့။ တစ်ပတ် မလည်ရင် ဟိုဘက်ကို ပြန်ပြန် လှည့်နေရတာ တော်တော်ကြီး ကသိကအောင့် နိုင်လှပါတယ်။ အခုတော့ htc one x ရဲ့ home screen လေး အဆင် ပြေသွားပါပြီ။ ညာဘက်ကို သွားရင်း စာမျက်နှာ ဆုံးသွားရင် ဘယ်ဘက် အစကို ရောက်သွားပါတယ်။ ဘယ်ဘက်ကို သွားရင်း ဆုံးသွားရင် ညာဘက် အစကို ရောက်သွားပါတယ်။ ဒီဟာလေးက htc one x jelly bean ရဲ့ ထင်ရှားတဲ့ ပြောင်းလဲမှုကြီး တစ်ခု ဖြစ်ပါတယ်။
. . . . . . . . . . . touching physic . . . . . . . . . . .
home page ကို ဘယ် ညာ ပြောင်းချင်တဲ့ အခါ touch screen ကို လက်ညှိုးနဲ့ ဆက်တိုက် ဖိထားပြီး ပွတ်ဆွဲတဲ့ နေရာမှာတော့ မသိသာလှပေမဲ့ ........... touch screen ကို လက်ညှိုးနဲ့ တစ်ချက်တည်း တို့ပြီး ဆတ် ခနဲ ပွတ်ဆွဲလိုက်တဲ့ နေရာမှာတော့ အရမ်းကို သိသာပါတယ်။
ဥပမာ - touch screen ကို လက်ညှိုးနဲ့ တို့ထိပြီး ညာဘက်ကို ပွတ်ဆွဲလိုက်မယ် ဆိုရင် home screen page က ဘယ်ဘက်ကို ပြောင်းသွားတယ်။ အဲ့ဒိ transition period မှာ အနှေး အမြန် ရှိတယ်။ တခြား phone တွေမှာ ဆိုရင် transition speed က ၂ မျိုးပဲ ရှိမယ် (not very sure)။ ပုံမှန် ပြောင်းတာနဲ့ မြန်မြန် ပြောင်းတာပဲ ရှိမယ်။ ထိပွတ်ပြီး လွှတ်လိုက်တဲ့ လက်ရဲ့ အရှိန် အနှေး အမြန်ကို သိပြီး နှေးရင် နှေးသလို မြန်ရင် မြန်သလို အမျိုးမျိုး ချိန်ဆမပေးနိုင်ကြပါဘူး။ htc one x ကတော့ ချိန်ဆပေးနိုင်ပါတယ်။
လက်ညှိုးရဲ့ အရှိန်က ဖွဖွလေး ပွတ်လွှတ်လိုက်လို့ နှေးမယ် ဆိုရင် home page transition က နှေးနှေးပဲ ပြောင်းပြတယ်။ လက်ညှိုးရဲ့ အရှိန်က အားပါပါ ပွတ်လွှတ်လိုက်လို့ မြန်မယ် ဆိုရင် home page transition က မြန်မြန်လေး ပြောင်းပြတယ်။ အဲ့ဒိ speed က ၃ မျိုးလောက် ရှိတာ တွေ့ရပါတယ်။
နောက် တစ်ခုက အရင် 4.0.3 မှာတည်းက ရှိခဲ့ပြီးသား effect တစ်ခု ပို ညက်ညောလာတာပါ။ ဘာ effect လဲ ဆိုတော့ home screen ပေါ်မှာ လက် ၂ ချောင်းနဲ့ ဆွဲစုလိုက်တဲ့ အခါ home 7 pages တွေ အားလုံး စုစည်းသွားတယ်လေ။ ဒါကတော့ android တိုင်း လုပ်လို့ ရပါတယ်။ ဒါပေမဲ့ transition graphic မလှကြဘူး။ အဲ့ဒါကိုလည်း htc one x က လက်မ-လက်ညှိုးရဲ့ ထိတွေ့ထားတဲ့ အနှေး အမြန် အတိုင်း စုပေး ချဲ့ပေးနိုင်ပါတယ်။ samsung touch wiz မှာ ဆိုရင် home screen ကို လက်မ-လက်ညှိုးနဲ့ အစု အချဲ့မှာ transition တစ်မျိုးတည်း တွေ့ရမှာပါ။ htc one x ကတော့ လက်ရဲ့ ထိတွေ့မှုကို လိုက်ပြီး လှလှပပ ပြောင်းလဲပြပါတယ်။ physic ကောင်းတဲ့ နေရာမှာတော့ htc sense ကို ဘယ်သူမှ မယှဉ်နိုင်ပါဘူး။ အရင်ကလည်း ကောင်းတယ်။ အခုလည်း ပိုကောင်းသွားပါတယ်။ တကယ့် reality မှာ ထိတွေ့နေရတဲ့ အရသာမျိုး ပေးစွမ်းနိုင်တာ htc one x ရဲ့ jelly bean 4.1.1 home screen ပါပဲ ခင်ဗျာ။

 (3) new design gadgets

(4) new skins (themes)  

ဘယ်လောက်ကြီးပဲ မိုးပျံလန်ထွက်နေအောင် လှနေပေမဲ့လည်း ကြည့်ရင်း သုံးရင်း ရိုးအီလာတတ်တဲ့ လူ့ သဘော သဘာဝလေးကို ဖြည့်ဆည်းပေးဖို့ အတွက် designer တွေ တော်တော် ခေါင်း စားကြပါတယ်။ ဒါကြောင့် အသစ် အသစ်တွေ ဖန်တီး ပြကြရတာပေါ့ ခင်ဗျာ။ အခု htc one x jelly bean 4.1.1 မှာလည်း htc sense ရဲ့ အပြောင်မြောက်ဆုံး ဖန်တီးမှု တစ်ခု ဖြစ်တဲ့ skin ပြောင်းတာကို design အသစ်လေးတွေနဲ့ ပြုပြင်ပေးထားပါတယ်။ အသိအမှတ် မပြုပဲ မနေနိုင်လောက်အောင်လည်း လှပါပေတယ်။ အရင် 4.0.3 မှာ ရှိခဲ့တဲ့ skin တစ်ချို့ကတော့ အခု 4.1.1 မှာ ပါဝင်လာခြင်း မရှိတော့ပါဘူး။ ဖျက်သိမ်းခံလိုက်ကြရပါပြီ။ (samsung touch wiz မှာ ဆိုရင် skin (theme) ပြောင်းလို့ မရပါဘူး။ screen display ကိုပဲ လေးမျိုး (standard, dynamic, nature, movie) ပြောင်းလို့ ရပါတယ်။ ဒါပေမဲ့ touch wiz က font ပြောင်းလို့ ရှိတယ်။ အဲ့ဒါ သိပ် ကောင်းတယ်။)

(5) new storage types + spaces
ဒီ နေရာမှာလည်း တော်တော်လေး ပြောစရာ ရှိနေပါတယ်။ jelly bean ရဲ့ ပြောင်းလဲမှု တစ်ခုပါပဲ။ ဘယ် phone/tablet မှာ မဆို jelly bean တင်လိုက်ရင် storage type ပြောင်းလဲသွားမှာပါ။ အခုတော့ htc one x ရဲ့ ပြောင်းလဲသွားပုံလေး ပြောပြချင်တယ်လေ။
4.0.3 တုန်းက phone ကို usb cable နဲ့ pc ချိတ်လိုက်ရင် charge only, storage, share phone internet, internet pass through via pc ဆိုတာတွေ ရွေးလို့ ရပါတယ်။ storage အနေနဲ့ သုံးနေမယ် ဆိုရင် phone ထဲမှာ ထည့်ထားတဲ့ games, apps, photo, video တွေ ကြည့်လို့ သုံးလို့ မရပါဘူး။ missing ပြပါတယ်။ my computer ရဲ့ movable storage နေရာမှာ (cd/dvd rom, usb stick တွေ ပြတဲ့ နေရာမှာ) htc storage ဆိုပြီး ပြနေတယ်။ ကိုယ် ထည့်ချင်တာတွေ ကူးထည့်လို့ ရမယ်။ ဖျက်ချင်တာတွေ ဖျက်လို့ ရမယ်။ ပြင်လို့ ရမယ်။ format ချလို့ ရမယ်။ usb stick တစ်ခုလု full edit ရတယ်ပေါ့ ခင်ဗျာ။
အခု 4.1.1 မှာတော့ အဲ့ဒါတွေ မရှိတော့ပါဘူး။ phone ကို pc နဲ့ ချိတ်လိုက်ရင် တစ်ခါတည်း my computer မှာ media storage အနေနဲ့ တက်လာပါတယ်။ iphone လို sony လို ပေါ့။ အဲ့ဒါက ကောင်းတာလည်း ရှိသလို ဆိုးတာလည်း ရှိနေပါတယ်။ ကောင်းတာကတော့ data transfer လုပ်နေရင်းနဲ့ phone ကို ကလိနေလို့ ရတယ်။ (နည်းနည်း လေးနေပါလိမ့်မယ်။) မကောင်းတာက data transfer ကြာတယ်။ သိသိသာသာကြီးကို transfer speed ကျသွားတယ်။ နည်းနည်းပါးပါး ကြောင်တတ်တယ်။ ဂဂျီးဂဂျောင် များတယ်။ thumbnails တွေ မမြင်ရတော့ဘူး။ ဒါလေးတွေပါပဲ။
နောက် တစ်ခုကတော့ storage spaces ကို အပြည့်အစုံ ပြထားတာလေးပါ။ အရင် 4.0.3 တုန်းက app storage မှာ 2 GB နဲ့ phone storage မှာ 25 GB ပဲ ပြထားပါတယ်။ အခု 4.1.1 ကတော့ apps storage 6.76 GB နဲ့ phone storage 25.24 GB ပြထားပါတယ်။ apps storage 6.76 GB မှာ other က 4.71 ပြထားပါတယ်။ ROM နေရာ ယူထားတာကို ပြတာပါ။ ဒါပါပဲ။

(6) GUI improved

graphical user interface ဆိုတာ အဓိက အရေးကြီးဆုံးပါ။ iphone ios ကတော့ GUI မှာ နံပါတ် ၁ ပါ။ အဲ့ဒါကြောင့်လည်း အောင်မြင်မှုတွေ ရခဲ့တာလို့ ဆိုနိုင်တာပေါ့။ iphone ပြီးရင် အလှဆုံးလို့ ပြောချင် ပြောလို့ ရမယ့် phone ကတော့ htc one x ဖြစ်ပါလိမ့်မယ်။ အရင်ကလည်း တခြား brand တွေထက် လှတယ် ခန့်တယ် ညက်တယ်။ အခု 4.1.1 မှာတော့ ပို ကောင်းလာပြီ။ အကောင်းဆုံး အနေအထားမှာ ရှိနေပါတယ်။
> စာလုံးတွေ ပိုပြီး ထင်ရှားလာတယ်။
> လိုအပ်တဲ့ နေရာမှာ အကွက်လိုက် အပိုင်းလိုက် ရှင်းနေအောင် line တွေနဲ့ ခွဲခြားပြထားတယ်။
> အဖြူ အမည်း အရောင် ပို စိုတောက်လာတယ်။
> အနားသတ်တွေ ပို ချောမွတ်လာတယ်။
> ထိတွေ့ရတာ ပိုပြီး reality ကျလာတယ် smooth ဖြစ်လာတယ်။
အဓိက အကျဆုံး တိုးတက် ပြောင်းလဲလာမှုကတော့ ics 3 dots black bar ဆိုတဲ့ အစက် သုံးစက် အမည်းတန်းကြီး ပျောက်ကွယ်သွားတာပဲ ဖြစ်ပါတယ်။ YEAH !!! ဟုတ်ပါတယ်။ ကျွန်တော်တို့ htc one x သုံးသူတွေ အတွက် တကယ့်ကို စိတ်ကသိကအောင့် ဖြစ်စရာကြီး တစ်ခုက အဲ့ဒိ ics 3 dots black bar ပါပဲ။ ကျွန်တော်က game မက်တဲ့ သူမို့ game ဆော့တာနဲ့ ဥပမာ ပြချင်ပါတယ်။
ဥပမာ - asphalt 7 ဆိုတဲ့ game ဆော့မယ် ဆိုပါစို့။ game က screen အပြည့် မပေါ်ဘူး။ ညာဘက်မှာ အစက် သုံးစက်နဲ့ အမည်းရောင် အတန်းကြီး ခံနေပါတယ်။ အဲ့ဒါကို နှိပ်ရင် game pause/menu ဖြစ်သွားပါတယ်။ ဒါက game တင် မကပဲ apps တွေမှာလည်း ဖြစ်ပါတယ်။
ဥပမာ - es file explore ဆိုရင် အဲ့ဒိ ics 3 dots black bar ပေါ်နေပါတယ်။
game တိုင်း app တိုင်းတော့ မဖြစ်ပါဘူး။ need for speed - most wanted ဆိုရင် screen အပြည့် ပေါ်ပါတယ်။ အဲ့ဒိ ics 3 dots black bar ပြသနာကို resolution မကိုက်လို့ ဖြစ်ရပါတယ် ဆိုတဲ့ ဆင်ခြေကလည်း လက်ခံနိုင်စရာ မရှိပါဘူး။ htc one x နဲ့ resolution 1280x720 ချင်း တူတဲ့ samsung s3, note 2 တွေမှာ asphalt 7 ဟာ screen အပြည့် ပေါ်ပါတယ်။ ဒါကြောင့် ics 3 dots black bar ဟာ htc ရဲ့ မှားယွင်းတဲ့ programming တစ်ခု ဖြစ်ပါတယ်။ အခုတော့ ကောင်းသွားပါပြီ။ အဆင်ပြေသွားပါပြီ။ 4.1.1 ရဲ့ ကောင်းကျိုး တစ်ခုပါ။

(7) user/system settings improved
 ios က close source ဖြစ်တဲ့ အတွက် သူ့ရဲ့ system ကို လုံးဝ လုံးဝ လုံးဝ ထိခွင့် သိခွင့် မပေးပါဘူး။ ဒါကြောင့် iphone ipad ipod တွေမှာ ပါတဲ့ settings ဆိုတာ user settings သတ်သတ် ဖြစ်ပါတယ်။ system settings မဟုတ်ပါ။ ios သုံးရင် settings ဆိုတာ မေ့ထားလို့တောင် ရပါတယ်။
android os ကတော့ open source ဖြစ်တဲ့ အတွက် အများကြီး ပိုပြီး လွတ်လပ်တယ်ပေါ့ ခင်ဗျာ။ ဒါကြောင့် android မှာ settings တွေ ပွစာ တက်နေအောင် ရှုတ်ထွေးနေပါတယ်။ ဘယ်လောက်ထိ settings များသလဲ ဆိုရင် device တွေမှာ settings button (touch) ထည့်ပေးထားရတာသာ ကြည့်တော့လေ။ ဘာလဲ လုပ်လုပ် settings settings settings လုပ်နေရတာပဲ မဟုတ်လား။ android ကို ကောင်းကောင်း သုံးတတ်ချင်ရင် settings ကို ပိုင်ပိုင်နိုင်နိုင် ရှိဖို့ မဖြစ်မနေ လိုအပ်တာပေါ့။
အခု jelly bean မှာ settings တွေ ပိုလို့တောင် များပြားလာသေးတယ်။ ဒီ အကြောင်းက ပြောစရာ သိပ် ကျယ်ပြန့်လွန်း အားကြီးနေတယ်။ တစ်ခါတည်း စုံအောင် မပြောနိုင်ဘူး။ ဒါကြောင့် မြင်သာ ထင်သာ ရှိမယ့် ဥပမာ လွယ်လွယ်လေး တစ်ခုပဲ ကောက်နှုတ်ပြီး ပြောပါ့မယ်။
settings > application ... ထဲ ၀င်လိုက်ရင် ( download, phone storage, running, all ) ဆိုတာတွေမှာ apps တွေ စီပြထားတယ်။ apps က ၂ မျိုး ရှိတယ်။ system apps နဲ့ user က သွင်းထည့်ထားတဲ့ apps (download ထဲမှာ ပြထားတဲ့ apps တွေပေါ့)။ apps တစ်ခုခုထဲ ၀င်လိုက်ရင် အဲ့ဒိ apps ကို manage လုပ်လို့ ရမယ်။ force stop, disable/uninstall, clear data, clear cache .. ဘာညာသရာကာ။ system apps ဆိုရင် uninstall ဆိုတဲ့ function တစ်ခု လုပ်လို့ မရဘူး။ အလွန်ဆုံး disable ပဲ လုပ်ခွင့် ရှိတယ်။ ဒါတောင် တစ်ချို့ system apps တွေကို disable ပါ လုပ်ခွင့် မရှိဘူး။ system apps ဆိုရင် uninstall ဆိုတဲ့ button လုံးဝ မပါပါဘူး။ user ကနေ သွင်းထည့်ထားတဲ့ apps တွေကိုတော့ uninstall လုပ်လို့ ရတယ်။
htc one x 4.0.3 မှာ တုန်းက user apps တစ်ခုခုထဲ ၀င်လိုက်ရင် uninstall တစ်မျိုးတည်း ပြထားပါတယ်။ အခု 4.1.1 မှာတော့ disable ပါဝင်လာပါပြီ။ ဆိုတော့ user apps တစ်ခုကို uninstall လုပ်ချင်လည်း ရတယ်။ အပြီး ဖျက်ပစ်လိုက်တာ မဟုတ်ပဲနဲ့ ခဏ ဖျောက်ထားချင်တဲ့ သဘောမျိုး disable လုပ်ချင်လည်း ရပါပြီ။ ဒါက သိသာ ထင်ရှားတဲ့ settings ပြောင်းလဲမှုလေး တစ်ခု ဖြစ်ပါတယ်။
  
(8) camera functions improved
 
ဒီ နေရာမှာ အဓိကကတော့ camera ကို front and main လှည့်ပြောင်းတဲ့ shortcut လေး တစ်ခု ပါဝင်လာတာပဲ ဖြစ်ပါတယ်။ အရင် 4.0.3 တုန်းက htc one x ရဲ့ camera က front and main shortcut လေး မပါဘူးလေ။ ဒါလေး တစ်ခုပဲ ထူးခြားတာ တွေ့ရတယ်။ ကျန်တာတွေကတော့ အရင် အတိုင်းလောက်ပါပဲ။

(9) battery improved

notification panel အကြောင်းမှာ တစ်ခါ ပြောထားခဲ့သလို အခု 4.1.2 မှာ (samsung လို) battery saving mode ပါဝင်လာပြီ ဖြစ်တဲ့ အတွက် battery draining ကို standby state မှာ သိသိသာသာ လျှော့ချပေးနိုင်တာ တွေ့ရပါတယ်။ ဒါကလည်း standby state ONLY ပါ။ phone screen က active ဖြစ်နေရင် battery draining က လျော့ကျသွားမှာ မဟုတ်တော့ပါဘူး။ phone ကို သုံးနေမယ် ဆိုရင်တော့ battery saving mode ကို ဖြုတ်ထားမှ full performance ရနိုင်မှာ ဖြစ်တဲ့ အတွက်ကြောင့်လည်း battery saving mode ဆိုတာ standby time မှာသာ အသုံး ၀င်ပါလိမ့်မယ်။ စွမ်းအင် ပြသနာကို ပညာရပ်နယ်ပယ် အသီးသီးမှာ ဖြေရှင်းနိုင်စွမ်း မရှိသေး သလို mobile phone/tablet တွေမှာလည်း တခြား properties တွေ စက္ကန့်နဲ့ အမျှ အရှိန်အဟုတ် မြင့်မြင့် တိုးတက်လာနေပေမဲ့ battery အစားမခံနိုင်တာကိုတော့ ဘယ် brand မှ မပြုပြင် မပြောင်းလဲပေးနိုင်သေးပါဘူး။ ကျွန်တော် ဆိုရင်လည်း htc one x ကို မီးပလပ်ပေါက်မှာ ပလပ် ထိုးပြီး games တွေ ထိုင်ဆော့နေတတ်တယ်လေ။ မဟုတ်ရင် battery က အလွန်ဆုံး ၃ နာရီလောက်ပဲ ခံနိုင်မှာကိုး။

(10) usb tethering functions improved

ဒါကလည်း storage အကြောင်းမှာ နည်းနည်း ပြောထားပြီးပါပြီ။ အမှန်တော့ 4.0.3 တုန်းကနဲ့ အတူတူပဲ။ နေရာ ပြောင်းသွားတာ ပုံစံ ပြောင်းသွားတာပဲ ရှိမယ်။ သဘောတရားကတော့ same same ပဲ။ settings ချိန်ရတာ တစ်စုတစ်စည်းတည်းနဲ့ ပို အဆင် ပြေပြေ ဖြစ်လာတာတော့ ထူးတယ်ပေါ့လေ။


(11) touch buttons (back , home , temp) improved
 htc one x ရဲ့ touch button သုံးခု ဖြစ်တဲ့ back , home , temp တွေဟာ အရင် 4.0.3 မှာ button တစ်ခုကို function တစ်ခုစီပဲ အလုပ် လုပ်ပေးနိုင်ပါတယ်။ အခု 4.1.1 မှာတော့ home and temp button နှစ်ခုက function နှစ်ခုစီ လုပ်ပေးနိုင်တာ တွေ့ရပါတယ်။ သိပ်ကို ကောင်းတဲ့ အသုံးဝင်တဲ့ ပြောင်းလဲ တိုးတက်လာမှု တစ်ခု ဖြစ်ပါတယ်။
settings > display , gestures & buttons > buttons > recent apps button ... မှာ သုံးမျိုး ပြောင်းရွေးလို့ ရပါတယ်။ (1) always open recent apps (2) press for menu, press and hold for recent apps (3) press for recent apps, press and hold for menu .. ကျွန်တော်ကတော့ ဒုတိယ တစ်ခုကို ရွေးသုံးပါတယ်။ temp button ကို တစ်ချက်တည်း နှိပ်လိုက်ရင် menu ဖြစ်သွားပြီး ကြာကြာလေး ဖိထားမယ် ဆိုရင်တော့ recent apps တွေ ပြတဲ့ window တက်လာပါတယ်။
home button ကိုတော့ setting ချိန်လို့ မရပါဘူး။ သူ့ default က တစ်ချက်တည်း နှိပ်ရင် home ဖြစ်ပြီး ကြာကြာ ဖိထားရင် search ဖြစ်သွားပါတယ်။ search မှာ google voice search, web search တွေ ရသလို phone ထဲမှာ ရှိတဲ့ ဟာတွေကိုလည်း ရှာလို့ ရပါတယ်။
ဒီ touch button တွေရဲ့ ပြောင်းလဲခြင်းဟာလည်း တိုးတက်လာမှု တစ်ခု ဖြစ်ပါတယ်။ သိပ်ကို ကောင်းပါတယ်။ အသုံးဝင်ပါတယ်။

အချုပ် ပြောရရင်တော့ htc one x ရဲ့ 4.1.1 jelly bean က သိသိသာသာကို တိုးတက် ကောင်းမွန်လာပါတယ်။

samsung ရဲ့ 4.1.2 jelly bean ကတော့ ပို ကောင်းပါတယ်။

htc ပရိတ်သတ် ဖြစ်တဲ့ အတွက် htc ကြီး samsung လို ကောင်းလာပါစေကြောင်း မျှော်လင့်လျက် . . .

( ကောင်းရင် ကောင်းလာ ... မကောင်းလာလို့ကတော့ နင့်ကို ရတဲ့ ဈေးနဲ့ ရောင်းစားပြီး samsung s3 ၀ယ်ပစ်လိုက်မယ်ကွ ... ဟင်းဟင်းဟင်း ... )

thank you for your reading.
SpoPwk
December 17, 2012.


















  

3 comments:

  1. HTC one X တခုပဲကောင်းတာမဟုတ်ပါ
ွှံHTC တွေအကုန်လုံးမိုက်တယ်

    ReplyDelete
  2. HTC ရဲ့ Sense ကိုတော့ ဘယ်ဖုန်းမှယှဉ်လို့ မရပါဘူး... ကျွန်တော်လည်း HOX ပါပဲ... Android အစကတည်းက HTC ကိုင်ဖြစ်ရာကနေ sense ကို အကြိုက်ကြီး ကြိုက်သွားပါတော့တယ်... :)

    ReplyDelete
  3. htc one ကော ဘယ်လိုလူပ်ရလဲ version 4.4 ဖြစ်နေပိ

    ReplyDelete

DISCLAIMER
None of the files shown here are hosted or transmitted by this server. The links are provided solely by this site's users. The administrator of this site cannot be held responsible for what its users post, or any other actions of its users. You may not use this site to distribute or download any material when you do not have the legal rights to do so. It is your own responsibility to adhere to these terms.