Wednesday, December 5, 2012

Reboot Widget (Root) V1.2 For Android

Android စက်ရုပ်သမားတွေအတွက် အကြောင်းအမျိုးမျိုးကြောင့် Firmware တင်ဖို့ရန် Downloaging..... ဝင်ဖို့ရန် ခုလုတ်ကဝင်မရတာတို့ ။ Recovery ဝင်မရတာတို့ ဖြစ်တတ်ကြပါတယ် ။
အဲဒီဒုက္ခတွေက ကင်းဝေးအောင် Reboot Widget (Root) ဆိုတဲ့ ဆော့ဝဲလေးကိုတင်ပေးလိုက်ပါတယ်
မားကပ်မှာအခုနောက်ဆုံးထွက်ဗားရှင်းလေးပါ အသုံးပြုနည်းလေးကို အောက်မှာဖော်ပြထားပါတယ် လိုချင်သူများအောက်မှာဒေါင်းယူနိုင်ပါတယ် ။

အင်စတောလုပ်ပြီးတဲ့အခါမှာ

ပုံ (၁) သင့်ဖုန်းရဲ့ Widgets ထဲသွားလိုက်ပါ ဆော့ဝဲအိုင်ကွန်လေးကိုရှာလိုက်ပါ
ပြီးရင် Reboot Widget ဆိုတဲ့ဆော့ဝဲအိုင်ကွန်လေးကို လက်နဲ့ဖိထားလိုက်ပါ

ပုံ (၂) Home မျက်နှာစာသို့ ထွက်သွားပါမယ် အဲအခါကျ လက်ကိုလွှတ်လိုက်ပါ စာတွေပေါ်လာပါမယ်
အဲဒီမှာ သင်ကြိုက်နှစ်သက်ရာ အိုင်ကွန်ကို အပြင်ထုတ်ထားဖို့ရန် ရွေးပြီး  Done ကိုနှိပ်လိုက်ပါ
ကျနော်က ဖန်ဝဲတင်ဖို့ရန် Downloading.... ဝင်ဖို့ရန် Reboot Download Mode ကိုရွေးလိုက်တယ်ဆိုပါတော့..

ပုံ (၃) Home Screen မှာ သင်ရွေးလိုက်တဲ့ Download Mode အိုင်ကွန်လေးရောက်သွားပါပြီ
သင် Downloading..... ကို ဝင်ချင်တဲ့အခါမှာ အဲဒီအိုင်ကွန်လေးကို နှိပ်ပေးလိုက်တာနဲ့ Downloaging..... ဆိုတဲ့အထဲကို တန်းဝင်သွားပါတယ်

သင်အသုံးပြုလိုသော အိုင်ကွန်များကိုထိုနည်းအတိုင်း Home Screen မှာထုတ်ထားနိုင်ပါတယ် Recovery သို့ဝင်ချင်က Recovery အိုင်ကွန်လေးကိုနှိပ်လိုက်ယုံပါပဲ

မှတ်ချက် ။ ။ သင့်Android သည် Root လုပ်ထားမှသာ ဒီဖက်ရှင်များကို အသုံးပြုနိုင်ပါမည် ။

ကဲ...လွယ်မှလွယ် အားလုံးပဲအဆင်ပြေကြပါစေ......။





Reboot Widget ကို ဒီမှာဒေါင်းပါ ဆိုဒ်က 147 KB ပဲရှိပါတယ် နည်းနည်းလေးပါ ။

အားလုံးပဲ အဆင်ပြေကြပါစေ.... :-)

0 comments:

Post a Comment

DISCLAIMER
None of the files shown here are hosted or transmitted by this server. The links are provided solely by this site's users. The administrator of this site cannot be held responsible for what its users post, or any other actions of its users. You may not use this site to distribute or download any material when you do not have the legal rights to do so. It is your own responsibility to adhere to these terms.