Tuesday, January 15, 2013

How to drowngrade Viber on Jailbroken idevice (no need activation anymore)


update အသစ်ထွက်တိုင်း သွင်းချင်နေတာ အပ်ဒိပ်လုပ်ချင်နေတာ ကတော့ လူတိုင်းတားမရပါဘူး။ ပေတူးလည်း viber နောက်ဆုံးထွက်ကို သွင်းလိုက်ပီးမှာ မှားမှန်းသိရတယ်။ မြန်မာစာရိုက်ပီး ပို့မလို့ send ကိုနှိပ်လိုက်တာနဲ့ viber apps ဟာထွက်သွားပါတော့တယ်။
 
 အခုဘန်းကျော်မှာ viber activate လုပ်ဖို့ကလည်း အရင်လို မလွယ်တော့ပါဘူး။ အရင်လို installous ကလည်း ဒေါင်းမရတော့ ခတ်တယ်။ ဘန်းကျော် အပြင်က လူတွေကတော့ viber activation sms ကိုအလွယ်တကူရနိုင်တာ ဆိုတော့ ဗားရှင်းနိမ့် ဘယ် viber crack ဖိုင်ကိုမဆို အလွယ်တကူသွင်းပီး activate လုပ်နိုင်ပါတယ်။ ဒါကြောင့် activation လည်းမပျက် viber downgrade လုပ်နည်းကို ပြောပြချင်ပါတယ်
 
ပေတူးပြောမဲ့နည်းကတော့ ကိုယ်စက်ထဲမှာ vshare တော့ရှိရမှာပေါ့။

vshare မရှိသေးရင် ကိုဂျိုးရဲ့ ဒီပို့စ်လေးကို ဖတ်ပေးပါ
 
vshare စက်ထဲမှာရှိနေပီဆိုရင်တော့  vshare search box ကနေပီး viber လို့ရိုက်ရှာလိုက်ပါ။
 
 ပြီးရင် update/install ကို မနှိပ်ပဲ viber logo ခရမ်းရောင်ဖုန်းနားကို ကလစ်ပီး သူ page ကိုဝင်လိုက်ပါ။ 
 
ပီးရင် အောက်ဖက်နားက history ဆိုတာလေးကို နှိပ်ပီး ဗားရှင်းနိပ့် viber 2.2 ကိုသွင်းလိုက်ပါဗျာ။
 
ဒါဆို activation မလိုပဲ viber ဗားရှင်း အနိမ့်ကို သွင်းနိုင်မှာပါ။ ဒါပေမဲ့ အရင်ပို့ထားတဲ့ စာတွေ ။ ဒေတာတွေတော့ ပျက်သွားမှာပါ။

0 comments:

Post a Comment

DISCLAIMER
None of the files shown here are hosted or transmitted by this server. The links are provided solely by this site's users. The administrator of this site cannot be held responsible for what its users post, or any other actions of its users. You may not use this site to distribute or download any material when you do not have the legal rights to do so. It is your own responsibility to adhere to these terms.