Monday, March 11, 2013

Tutorial for iPad 2 Wi-Fi / 3G Dis Assembly

ဒီ Post ကိုတော့ Display & Wi-Fi Problem တွေပြုပြင်ရင်း ရေးသားခွင့်ရခဲ့ရတာပါ။ iDevice တွေရဲ့ Physical ပိုင်းဆိုင်ရာတွေက အရည်အသွေး အထူးပဲကောင်းမွန်ပြီး သေသပ်ခိုင်ခန့် လှလွန်းပါတယ်။ iDevice တွေရဲ့ Physical ပိုင်းထားသိုမှုတွေက ကပ်ကပ်ရပ်ရပ်နဲ့  ရှိနေတာမို့  ရေဝင်ဘို့ ရယ် လွတ်ကျ ခဲ့ရင် ပျက်စီးဘို့ မလွယ်ကူပါဘူး။ Hardware မှာ အတော်များများ စိတ်လှုပ်ရှားတတ်ကျပြီး ရဲတင်းလွန်းဘို့ မလိုအပ်သလို စိုးရိမ်စိတ်များလွန်းရင်လည်း မကောင်းပါဘူး။ Device တစ်ခုရဲ့ တန်ဘိုးနဲ့  စိတ် ကတိုက်ရိုက် အချိုးကျ နေတတ်ပါတယ်။



iPad ရဲ့ ဘေးဘောင်ပတ်လည်ကို Heater နဲ့  အပူပေးရင်း တဖြည်းဖြည်း ခွါယူရပါတယ်။




အပူပေးပြီးခွါတဲ့အခါမှာ ပုံပါအတိုင်း Camera အထိုင် / Home Key / Touch Cable / Wi-Fi ANT စတာတွေရှိနေတဲ့နေရာတွေမှာ သတိပြုရပါမယ်။ Volume +/- နဲ့  Silent နေရာမှာ ကြိုးပြားလေးက အချို့  Device တွေမှာ အပေါ်ကိုအနည်းငယ်ကျွတက်နေတတ်တာကြောင့် Tool ကို အောက်ကို အရမ်းစိုက်ပြီးမခွါမိစေဘို့ ပါပဲ။ အပေါ်ကို စောင်းလွန်းပြန်ရင်လည်း Touch မှာပါတဲ့ အဖြူ  အနက် စတဲ့ Color တွေကိုချစ်မိပြန်ပါရော အဲဒီတော့ သေချာ ဂရုစိုက်ပြီး ခွါပါ။ Touch က Glass လိုကျွတ်ဆတ်နေတာမျိုး မဟုတ်ပဲ ဘယ်လို material တွေနဲ့ ပြုလုပ်ထားမှန်းကျွန်တော် မသိပေမယ့် သေချာတာကတော့ ကော်ပြားတစ်ခုလိုပါပဲ။


Touch ကွာသွားပြီဆိုရင်တော့ ကြိုးပြားက အတွင်းဘက်မှာ ခေါက်ထားသေးတဲ့အတွက် အနည်းငယ် ဆွဲယူပြီး Touch ကို ဘေးမှာ ချထားပြီး LCD အထိုင် Screw တွေကိုဖြုတ် ပြီး လက်ယာဘက် ကနေမပြီး LCD Socket ကို ဖြုတ် ပြီးမှ Touch ကြိုးပြား ကို ဖြုတ်လို့ ရပါတယ်။ LCD အထိုင်ကိုဖြုတ်ဖို့  ကတော့ ကြေးကွင်း ကိုမယူပြီး နောက်ဘက်ကို ဆွဲ ဖြုတ်နိုင်ပါတယ်။
















1_ SIM / Headphone / Front Camera
2_ Magnetic Sensor / Volume+,-,Silent / Main Camera / Power Switch / Mic
3_ Battery Socket






Yellow____Main Camera & Power Switch
Blue___Mic Connector
Red___Volume+ , - , Silent
Green___Magnetic Sensor





 Yellow___USB Connector
Red___Speaker Connector




Yellow___Speaker
Red___Wi-Fi ANT
Blue___USB





 Main Circuit Board












iDevice တွေနဲ့ ပါတ်သက်ပြီး စတင်လေ့လာခဲ့တာ ( ၃ ) နှစ်လောက်ရှိပြီ ဖြစ်ပြီး အတွေ့ အကြုံ မရင့်ကျက်မှု ကြောင့် Post မှာ မပြည့်စုံ မှုကြောင့် လိုအပ်ချက်လေးတွေရှိခဲ့ရင် ညွှန်ကြားပြသပေးစေချင်ပါတယ်။ သင်တန်းမတက် အချိန်မကုန်ရအောင်
iDevice Hardware / Software ပြစ်ချက်တွေကို မညဉ်းမညူ အချိန်မရွေး ဖြေပေးပြီး သင်ကြားပြသပေးခဲ့တဲ့ SKY မှ ကိုတူး အား ရိုသေစွာ ဂါရဝ ပြုပြီး ဒီ Post ကိုအဆုံးသတ်လိုက်ရပါတယ်။


Tutorial for iPhone 5 Dis Assembly 
Tutorial for iPhone 4s Dis Assembly  

ကျွန်တော် ရေးသားသော Hardware post များအား အခြားသော ဆိုဒ် များတွင် Sharing ပြုလုပ်နိုင်ပါသည်။ ဒါပေမယ့် Credit လေးတော့ ပင်ပန်းရကြိုး နပ်စေဖို့ ရာ ပေးပါရန် သတိပေးပါသည်။ 











0 comments:

Post a Comment

DISCLAIMER
None of the files shown here are hosted or transmitted by this server. The links are provided solely by this site's users. The administrator of this site cannot be held responsible for what its users post, or any other actions of its users. You may not use this site to distribute or download any material when you do not have the legal rights to do so. It is your own responsibility to adhere to these terms.