Thursday, June 13, 2013

6.44 လက်မအရွက် ဆိုနီ xperia zu phablet ထွက်ရှိလာအုံးမည်...



Xperia series တွေနဲ့ ဈေးကွက်ထဲ ပြန်လည် ထိုးဖောက်လာတဲ့ ဆိုနီဟာ Xperia ZU လို့ အမည်ပေးထားတဲ့ phablet ဆိုဒ်အရွယ် ဖုန်းတွေကို မကြာမှိ ထုတ်လုပ်သွားမှာ ဖြစ်ကြောင်း အင်တာနက်အတွင်း ပြန်နှံ့လာတဲ့ သတင်းဓါတ်ပုံတွေ အရ သိရှိရပါတယ်။

အဆိုပါ xperia zu (U for "Ultra") ဟာ 6.44လက်မ စကရင် 1920x1080 IPS LCD Display with 342 ppi ဖြစ်ပါတယ်။ processor အနေနဲ့ 2.2GHz quad-core Snapdragon 800 ဖြစ်ပီး memory 2GB ပါဝင်ကာ internal storage 16GB ပါဝင်ပီး micro SD card slot မှ 64GB အထိ ဝင်ဆံတဲ့ ကတ်စလော့ ပါဝင်မှာ ဖြစ်ပါတယ်။ ကင်မရာကတော့ 8MP ဖြစ်ပြီး ဘတ်ထရီ အနေဲ့ 3000mAh အနေနဲ့ ထွက်ရှိလာမှာ ဖြစ်တယ်လို့ သတင်းများက ဆိုပါတယ်။

Xperia Z ဟာ ဆိုနီရဲ့ ထိပ်တန်း အရောင်းသွက် ဖုန်းတစ်ခု ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ 6.3 လက်မအရွယ် samsung galaxy mega , 5.5 လက်မအရွယ် samsung galaxy note 2 တို့ဈေးကွက် အတွင်းယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ်။  အခု ထွက်ရှိလာမယ်လို့ သတင်းတွေ ထွက်နေတဲ့ Sony Xperia ZU ရဲ့ အသေးစိတ် သတင်းတွေကိုတော့ July 4 မှာပြုလုပ်မဲ့ ဆိုနီရဲ့ ပွဲမှာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။


ခင်မင်လျက်
ပေတူး
14 June 2013 9.56am

0 comments:

Post a Comment

DISCLAIMER
None of the files shown here are hosted or transmitted by this server. The links are provided solely by this site's users. The administrator of this site cannot be held responsible for what its users post, or any other actions of its users. You may not use this site to distribute or download any material when you do not have the legal rights to do so. It is your own responsibility to adhere to these terms.