Tuesday, June 11, 2013

Galaxy note 12 ထွက်လာအုံးမည်..

ဆမ်ဆောင်းဟာ သူရဲ့ tablet မျိုးဆက်သစ် galaxy note 12 ထွက်ရှိလာဖို့ ရှိတယ်လို့ အင်တာနက် သတင်းများက ဆိုနေပါတယ်။ အဆိုပါ tablet မှာ စကရင်ဆိုဒ် ၁၂.၂ လက်မရှိပီး 2560x1600 pixel ကိုထုတ်ပေးနိုင်မယ့် IGZO (Indum-Gallium Zinc Oxide) နည်းပညာကို အသုံးပြုထားတာ WQXGA (2500x1600) resolution ကိုထုတ်ပေးနိုင်မယ်လို့ သတင်းများက ဆိုပါတယ်။ အဆိုပါ galaxy note 12 မှာ S-pen လည်း ပါဝင်မှာဖြစ်ပါတယ်။



ဆမ်ဆောင်းရဲ့ နောက်ဆုံးထွက် galaxy note 8 ဟာ အောင်မြင်မှုရတဲ့ tablet တစ်ခုဖြစ်နေပါတယ်။ galaxy series များနဲ့ အောင်မြင်မှု ရလာခဲ့တဲ့ ဆမ်ဆောင်းဟာ သူရဲ့ galaxy အမျိုးအစား ဖုန်း. တက်ပလက်. ကင်မရာတွေကို အလွှာစုံလူတန်းစားစုံ အသုံးပြုနိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ ဈေးကွက် ထိုးဖောက်ဖို့ ကြိုးစားနေပါတယ်။



ခင်မင်လျက်
ပေတူး
11 june 2013

No comments:

Post a Comment