Wednesday, June 12, 2013

Samsung Galaxy S4 Zoom (Camera+phone)


ဆမ်ဆောင်းဟာ ကင်မရာနဲ့ ဖုန်းတွဲစပ်ထားတဲ့ Galaxy S4 Zoom ထုတ်ဝေသွားမှာ ဖြစ်ကြောင်းတရားဝင် ကြေငြာလိုက်ပါတယ်။

အဆိုပါ ဖုန်းနဲ့ ကင်မရာ တွဲစပ်ထားတဲ့ Galaxy S4 Zoom ဟာ 16Mega Pixel CMOS Sensor နဲိ့ရိုက်ကူးနိုင်ပီး 10X Optical zoom ပါဝင်မှာဖြစ်ပါတယ်။ Image Stabilizer နဲ့ Xenon Flash တို့ကို ပေါင်းစပ်အားဖြည့်ထားပါတယ်။




ပီးခဲ့တဲ့ နှစ်က ထွက်ခဲ့တဲ့ Galaxy Camera ဟာ Wifi/3G/4G အင်တာနက် ဆက်သွယ်မှုအတွက် ပါဝင်ပေမဲ့ ဖုန်းခေါ်ဆိုမှု အတွက် dialer ပါဝင်ခြင်းမရှိတဲ့ အတွက် ဖုန်းခေါ်ဆိုမရနိုင်ခဲ့ပါဘူး။ အခု Galaxy Zoom မှာတော့ ဖုန်ခေါ်ဆိုဖို့ အတွက်  dialer ပါဝင်လာတဲ့အတွက် ခရီးသွားရင်း ကင်မရာကော ဖုန်းကော သယ်ရတဲ့ ဒုက္ခ ကင်းဝေစေမှာ ဖြစ်ပါတယ်

အဆိုပါ Galaxy S4 Zoom မှာ 4.3 inch qHD sAMOLED display, (960x540) Screen , 1.5 GB of RAM နဲ့ internal momery 8GB + micsro SD ကတ်ကို 64GB အထိ စိုက်နိုင် တဲ့ ဟတ်ဝဲ များပါဝင်မှာဖြစ်ပါတယ်။ ဒါအပြင် ဘတ္တရီ အနေနဲ့ 2330mAH ပါဝင်မှာ ဖြစ်ပါတယ်။

ဘယ်အချိန် ဈေးကွက်ထဲ ဖြန်မယ်ဆိုတာ မကြေငြာသေးတဲ့ Galaxy S4 Zoom ဟာ ကင်မရာရော ဖုန်းပါ ပါဝင်တဲ့ အတွက် သုံးစွဲသူတွေ အကြိုက်တွေအုံးမဲ့ ပစ္စည်းတစ်ခု ဖြစ်မှာ အမှန်ပါ။ 




ခင်မင်လျက်
ပေတူး 
12 june 2013 9.23pm


0 comments:

Post a Comment

DISCLAIMER
None of the files shown here are hosted or transmitted by this server. The links are provided solely by this site's users. The administrator of this site cannot be held responsible for what its users post, or any other actions of its users. You may not use this site to distribute or download any material when you do not have the legal rights to do so. It is your own responsibility to adhere to these terms.