Thursday, June 20, 2013

Samsung မှ Windows 8 နှင့် Androide နှစ်မျိုးပါ tablet ထုတ်


13.3 လက်မအရွယ် အစားရှိ ကီးဘုတ်ပါ တွဲဖက်ပါဝင်သော windows 8 နှင့် Android ကို အလွယ်တကူ ပြောင်းနိုင်သော Ativ Q laptop  ကို ဆမ်ဆောင်းမှ ထုတ်ဖော်ပြသလိုက်ပါတယ်။

အဆိုပါ laptop/tablet ဟာ Android OS နဲ့ Windows Os ကို ကလစ်တချက်နှိပ်ရုံဖြင့် အလွယ်တကူ ပြောင်းလဲနိုင်အောင် စီမံထားပါတယ်။ 

Hybrid laptop ဟာ အင်တယ် ရဲ့ haswell core i5 ပရိုကဆက်ဆာ. ၁၃ လက်မ မျက်နှာပြင်နဲ့ 3200x1800 pixel ပုံရိုက်ဖော်ပေးနိုင်ပါတယ်။ ဘတ်ထရီကတော့ ကိုးနာရီ အထိ ခံနိုင်ပါတယ်လို့ ဆမ်ဆောင်းက ပြောကြားသွားပါတယ်။


အဆိုပါ Ativ Q tablet/laptop ဟာ သိုလှောင်မှုအနေနဲ့ 128GB Solid-state ဟတ်ဒစ်စ် ပါရှိပီး ထက်တိုးဖို့အတွက် 64GB အထိ လက်ခံနိုင်တဲ့ micro usb card slot ပါရှိပါတယ်။


ဈေးနှုန်းအနေနဲ့ ဘယ်လောက်ရှိမယ် ဘယ်အချိန်ဈေးကွက်ထဲ ဖြန်ချီမယ်ဆိုတာ ဆမ်ဆောင်းမှ ပြောကြားသွားခြင်းမရှိပါဘူး။ 


ခင်မင်လျက်
ပေတူး
21 june 2013 11:15am

0 comments:

Post a Comment

DISCLAIMER
None of the files shown here are hosted or transmitted by this server. The links are provided solely by this site's users. The administrator of this site cannot be held responsible for what its users post, or any other actions of its users. You may not use this site to distribute or download any material when you do not have the legal rights to do so. It is your own responsibility to adhere to these terms.