Saturday, July 20, 2013

Samsung Galaxy Mega 6.3 - i9205 ကို Root လုပ်ပြီး မြန်မာစာထည့်နည်း

Samsung Galaxy Mega 6.3 - i9205 ကို Root လုပ်ပြီး မြန်မာစာထည့်ရအောင်

Downloading..... ဝင်နည်း

Odin3 V3.07 ဆော့ဝဲ၏ အနေအထား

                                            ကိုယ်တိုင် စမ်းသပ်ပြီးထားပုံ

Root နဲ့ MM Font အတွက် လိုအပ်တဲ့ဖိုင်ကို
( ဒီမှာဒေါင်းပါ )
( ဒီလင့်မှာလဲ ဒေါင်းနိုင်ပါတယ် )
( ဒီလင့်မှာလဲ ဒေါင်းနိုင်ပါတယ် )

ဒေါင်းပြီးရင် ဇစ်ဖြေလိုက်ပါ ဇစ်ဖြေလို့ရလာတဲ့ ဖိုဒါထဲက
Root Check Pro V1.2.1
Super SU V1.34
SAMUNGMMfont V1.0.1
အဲ့ သုံးခုကို ဖုန်းမန်မိုရီကဒ်ထဲကို ထည့်ထားပေးပါ

သင့်ဖုန်းကို PC နဲ့ချိတ်တဲ့အခါမှာ USB ကိုPC ကသိဖို့ samsung kies ကို PC မှာအင်စတောလုပ်ထားဖို့လိုပါတယ် သွင်းထားတာမရှိပါက ( ဒီမှာဒေါင်းပြီး ) အင်စတောလုပ်လိုက်ပါ

samsung kies ကို PC မှာသွင်းပြီးပြီဆိုရင် သင့်ဖုန်းရဲ့USB debugging ကို အမှန်ခြစ်ပေးပြီး ကြိုးချိတ်ရပါမယ်
USB debugging စာ ရှာမတွေ့သူများ ( ဒီမှာနှိပ်ပြီးသွားဖတ်လိုက်ပါ )

ကဲ့ အားလုံးပြီးပြီဆိုရင် ဖုန်းကိုပါဝါပိတ်လိုက်ပါ ။
ပြီးရင် Power + Home + Vol Down ခုလုတ်သုံးခုကိုဆွဲလျှက်ဖိထားပါ စာတွေပေါ်လာပြီဆိုရင်လွှတ်လိုက်ပါ အဲဒီမှာ Vol Up ခုလုတ်ကိုတစ်ချက်နှိပ်လိုက်ပါ ဖုန်းမှာ Downloading...... ဆိုပြီးပြနေပါလိမ့်မယ်

ပြီးရင်ဖုန်းကို PC နဲ့ USB ကြိုးချိတ်ပေးလိုက်ပါ
PC မှာ ခုဏက ဇစ်ဖြေလိုက်တဲ့ ဖိုဒါထဲက Odin3 V3.07 ဆော့ဝဲကိုဖွင့်လိုက်ပါ ပုံထဲကအတိုင်း အပေါ်ဘယ်ဘက်ထောင့်က အကွက်သေးလေးထဲမှာ အရောင်လေးပြနေရပါမယ် သင့်ဖုန်းကိုPC ကသိနေပါပြီ


သေချာပြီဆိုရင် PDA ဆိုတဲ့နေရာမှာ အမှန်လေးခြစ်ပေးပြီး PDA ကိုနှိပ်လိုက်ပါ My Documents ဘောက်လေးထွက်လာပါမယ်

အဲဒီမှာကိုယ်ဒေါင်းပြီး ဇစ်ဖြေလိုက်တဲ့ဖိုဒါထဲသို့ သွားလိုက်ပါ အဲ့မှာ Galaxy Mega 6.3 i9205 boot.img ဆိုတဲ့ကောင်လေးကိုရွေးလိုက်ပါ Odin ထဲရောက်သွားပါပြီ ပြီးရင် Start ကိုနှိပ်လိုက်ပါ Odin က အလုပ်လုပ်နေပါလိမ့်မယ် ပြီးတာနဲ့အော်တို ပါဝါပြန်ဖွင့်လာပါလိမ့်မယ် အားလုံးသေချာပွင့်ပြီးရင် ကြိုးဖြုတ်လိုက်လို့ရပါပြီ ။

( """ ထိုတဲ့သို့နောက်တစ်ကြိမ် """ ဖုန်းကိုပါဝါပိတ် Downloading...... ဝင် Odin က PDA မှာ  အမှန်လေးခြစ်ပေးပြီး PDA ကိုနှိပ် Galaxy Mega 6.3 i9200 CWM ကိုရွေးပြီး  Start ကိုနှိပ်လိုက်ပါ ပြီးတာနဲ့အော်တို ပါဝါပြန်ဖွင့်လာပါလိမ့်မယ် အားလုံးသေချာပွင့်ပြီးရင် ကြိုးဖြုတ်လိုက်လို့ရပါပြီ ။ )

ပြီးရင် သင့်ဖုန်းထဲက My File ထဲသွားပြီး သင့်မန်မိုရီကဒ်ထဲမှာထည့်ထားတဲ့ Super SU V1.34 ဆိုတဲ့ Apk လေးကို အင်စတောလုပ်ပေးလိုက်ပါ ။ Root Check Pro V1.2.1 ကိုလဲ အင်စတောလုပ်ပေးလိုက်ပါ ။
ပြီးရင်အပြင်မှာ Super SU အိုင်ကွန်လေးရောက်နေပါပြီ နှိပ်ဖွင့်လိုက်ပါ သူမေးတာ OK သာရွေးဖြေလိုက်ပါ ဖုန်းကို Restart ချဖို့ရန်စာပေါ်လာပါမယ် နှိပ်ပေးလိုက်ပါ ပိတ်ပြီးပြန်ပွင့်လာပါမယ် ။ Root ဖြစ်သွားပါပြီ :)

Root ဖြစ်မဖြစ် စစ်ဆေးနိုင်တဲ့ Root Check Pro အိုင်ကွန်ထဲကိုဝင်လိုက်ပါ စာမေးရင် Grant ဆိုတဲ့စာကိုသာ ရွေးပေးလိုက်ပါ ။ Root အောင်မြင်ကြောင်း စာအစိမ်းရောင်နဲ့ ပြနေပါလိမ့်မယ် ။
မပြလဲကိစ္စမရှိပါဘူး CWM ဝင်သွားပြီးတဲ့အတွက် မြန်မာဖောင့် ထည့်လို့ရပါတယ် မြန်မာဖောင့်ထည့်လိုက်ကြရအောင်...

×××××××

မြန်မာဖောင့်ထည့်နည်း

ပြီးရင် ဖုန်းကိုပါဝါပိတ်ပါမယ် ။ ပြီးရင် Power + Home + Vol Up ခုလုတ်သုံးခုကိုဆွဲလျှက်ဖိထားပါ အပေါ်နားမှာ စာတန်းအနီနဲ့ ဆမ်ဆောင်းလိုဂိုပေါ်လာပြီဆိုရင်လွတ်ပေးလိုက်ပါ
Recovery ဖြစ်တဲ့ စာတွေထဲရောက်သွားပါပြီ ။
အောက်ကပြထားတဲ့စာများကို အသံအတိုးအကျယ်ခုလုတ်နဲ့ သွားရွေးချယ်ပြီး ။ ပါဝါခုလုတ်နှင့် OK အဖြစ် ရွေးချယ်ပါ ။

install zip update pakage >>>>>> choose zip from external sdcard >>>>> SAMSUNGFont V1.0.1 >>>> Yes - Install SAMSUNGMMfont ကိုရွေးပေးလိုက်ပါ အင်စတောပြီးသွားရင် Go Back+++++ >>>>> reboot systen now >>>> ဖုန်းမှာ ပိတ်သွားပြီး ပြန်ပွင့်လာပါလိမ့်မယ် သင့်ဖုန်းမှာ မြန်မာလိုနေရာတိုင်း မြင်ရသွားပါပြီ

မြန်မာကီးဘုတ်ကိုတော့ ( ဒီမှာဒေါင်းပြီး ) ဖုန်းထဲအင်စတောလုပ်လိုက်ပါ ကိုယ်တိုင်သာချိန်းလိုက်ပါနော် မရှင်းပြတော့ပါဘူး  တိန့် တိန် တိန် :D

ကိုယ်တိုင်စမ်းသပ်ပြီးထားတဲ့အတွက် အားလုံးပဲ အဆင်ပြေကြပါစေ.....

Post By : Djjoe Man (MMF)

18 comments:

  1. root နည်းကတော့ဟုတ်ပါတယ် မြန်မာဖောင့် original firmware link လေးပါပေးပါလားဗျာ

    ReplyDelete
  2. galaxy mega i9200 ကိုလည်း အဲနည်းအတိုင်းလုပ်လို့ရပါသလားခင်ဗျာ

    ReplyDelete
  3. အကိုရေကျွှန်တော်ကတော့ဒီ root နည်းမှာအဆင်မပြေပါဘူးခင်ဗျာပထမအဆင့်မှာဘဲ
    odin ရဲ့ pass နေရာမှာ fail ပြပါတယ်(Galaxy Mega 6.3 i9205 boot.img ဆိုတဲ့ကောင်လေးကိုရွေးလိုက်ပါ Odin ထဲရောက်သွားပါပြီ ပြီးရင် Start ကိုနှိပ်လိုက်ပါ Odin က အလုပ်လုပ်နေပါလိမ့်မယ် )ဒီအတိုင်းလုပ်တာပါ...အဲ့ဒါနဲ့ driver & usb ကြိုးတွေကိုစစ်
    ပြီးနောက်တစ်ခါထပ်လုပ်ပါတယ်...fail ဘဲပြပါတယ်...ဒီပိုစ့်လေးကိုလည်းကျွှန်တော်ကူးယူပြီး
    http://www.lwanoomaung.blogspot.com/2013/07/samsung-galaxy-mega-63-i9205-root.html#more ဒီနေရာမှာပြန်လည်မျှဝေထားပါတယ်...အခုလုပ်တဲ့ဖုန်းကတော့
    ကျွှန်တော့ကိုယ်ပိုင်ပါဘဲ..မြန်မာစာက JB 4.2.2 မှာလုံးဝကိုအဆင်မပြေတော့အကောင်း
    ဆုံးဖြစ်အောင်အကြံညဏ်နဲ့အကူညီလေးပေးစေချင်ပါတယ်..မျှော်လင့်လျှက်

    ReplyDelete
  4. ကျနော် 3 လုံးလုပ်တာ အကုန်အဆင်ပြေသလို FB မှာရော ချက်ဘောက်မှာရော အကုန်လုံးအဆင်ပြေပါတယ် ။ ကျနော်လုပ်နည်းရေးထားတာကို သေချာဖတ်ပြီး ထပ်လုပ်ကြည့်ပါအကို ။ လုပ်နည်းအဆင့်က နည်းနည်းတူတော့မှားတတ်ပါတယ် ခုလုတ်ဝင်နည်းနဲ့ ရွေးရမယ့်ဖိုင်က တစ်ဆင့်နဲ့တစ်ဆင့်မတူပါဘူး ။

    အဲဒီမှာကိုယ်ဒေါင်းပြီး ဇစ်ဖြေလိုက်ပါ အဲ့တစ်ကြိမ်ပဲဖြေရမှာပါ ။ အထဲမှာ ပါဝင်လာတဲ့ ဇစ်ဖိုင်နှစ်ခုကို လုံးဝမဖြေရပါဘူး ။ အဲဒီ2ခုကို Odin ကနေ ဖုန်းထဲသွင်းရမှာပါ ။

    ဖုန်းထဲသွင်းတဲ့အခါမှာ ဖုန်းကို USB မိ မမိ အရင်ဒီအတိုင်းတတ်ကြည့်ပါ ပြီးရင် ဖုန်းကို Downloading.... ထဲဝင်ပြီး Galaxy Mega 6.3 i9205 boot.img ကို PDA ထဲမှာရွေးပြီး Start နှိပ်လိုက်ပါမယ် ။ ပြည့်သွားရင် ဖုန်းပါဝါပြန်တတ်လာပါတယ် ။

    နောက်တစ်ခါ ထိုအတိုင်း Downloading ပြန်ဝင်ပြီး Galaxy Mega 6.3 i9200 CWM ကိုရွေးပြီး Start ကိုနှိပ်လိုက်ပါ ပြည့်သွားရင် ပါဝါပြန်တတ်လာပါမယ် ။

    ကျနော်ရေးထားတဲ့ ဆက်လုပ်သွားပြီး ။

    ပြီးရင် Recovery ထဲဝင်ပါတယ် ဆက်လုပ်သွားပါမယ် ပြီးပါပြီ

    ReplyDelete
  5. အကိုရေအဆင်ပြေသွားပါပြီ....အရမ်းကိုကျေးဇူးတင်ရှိပါတယ်...မနေ့ကဘာမှားသွားလဲ
    မသိဘူး..တော်တော်တိုင်ပတ်နေတာ..အကို့ရဲ့နည်းပညာပိုစ့်တွေကိုလည်း
    ကျွှန်တော့ရဲ့ဆိုဒ်လေးထဲမှာပြန်လည်မျှဝေတာကိုခွင့်ပြုပေးစေချင်ပါတယ်...
    ရင်ဘတ်ကြီးနဲ့ကျေးဇူးတင်ရင်း(လွမ်းဦးမောင်။မြောင်းမြ)

    ReplyDelete
  6. ကျေးဇူး ပါပဲ အစ်ကိုရေ အထစ်အငေါ့မရှိကို အဆင်ပြေသွားပါတယ် အစ်ကိုတို့လို နည်းပညာမျှဝေပေးတဲ့
    သူတွေရှိတာ ဂုဏ်ယူဝမ်းမြောက်မိ ပါတယ် တကယ်ကို ဝမ်းသာကြည်နူးရပါတယ် အရမ်း အရမ်း ကျေးဇူးတင်ပါတယ်

    ReplyDelete
  7. ဟုတ်ကဲ့ အားလုံးအဆင်ပြေကြတဲ့အတွက် ဝမ်းသားပါတယ် ။
    လိုအပ်သူများအတွက်လဲ မျှဝေနိုင်ပါတယ်အကို :)

    ReplyDelete
  8. (((install zip update pakage >>>>>> choose zip from external sdcard >>>>> SAMSUNGFont V1.0.1 >>>> Yes - Install SAMSUNGMMfont ကိုရွေးပေးလိုက်ပါ))))
    ဒီအင်စတောကိုဖုန်းထဲမှာနှစ်ခါအင်စတောလုပ်လို့ရပါသလား...ကျွှန်တော်ဒီနည်းအတိုင်းroot
    လို့ရပါတယ်...ဒါပေမဲ့ဟိုတစ်နေ့က MMAS Zawgyi font changer 2ကိုအင်စတောလုပ်ပြီး
်font တွေချိန်းလိုက်တာ..ဘာမှမမြင်ရတော့ပါဘူး...original english lagunge တွေပါပျောက်
    ကုန်ပါတယ်ဖုန်းတစ်ခုလုံးစာတွေကလေးထောင့်အတုံးတွေဖြစ်ကုန်ပါရော...ကံကောင်းတာက
    ကိုသုံးနေတဲ့ဖုန်းဘယ်နေရာမှာဘာရှိတယ်ဆိုတာသိလို့ပြန်အဆင်ပြေသွားတာ..ဒါပေမဲ့
    တစ်ချို့နေရာတွေမှာရှိနေဆဲ..လေးထောင်းအတုံးလေးတွေ...
    နှစ်ခါလုပ်လို့ရမလားဆိုတာလေးသိချင်ပါတယ်..ဒီ root နည်းအတိုင်းအဆင်ပြေတဲ့မြန်မာဖေါင့်ကိုဘဲပြန်လိုချင်လို့ပါ..ဒီဖေါင့်ကအားလုံးအဆင်ပြေလို့ပါအကိုရေ..မျှော်နေမယ်အကိုရေ

    ReplyDelete
  9. အ​ကောင်းဆုံးက အလွယ်​ကူဆုံးဖြစ်​တာက​တော့ ဖန်​ဝဲသာပြန်​တင်​လိုက်​ပါအကို
    ဖန်​ဝဲတင်​လိုက်​ရင်​ ကိုယ့်​ရဲ့ App ​တွေ ​ဒေတာ​တွေ ဘာမှမ​ပျောက်​သွားပါဘူး
    Root နဲ့ MM Font ပဲ ​ပျောက်​သွားမှာပါ ပြီးရင်​ ကျ​နော့်​နည်းတိုင်း ပြန်​ထည့်​လိုက်​ပါ
    အဆင်​​ပြေသွားပါမယ်
    အဆင်​​ပြေပါ​စေအကို....

    ReplyDelete
  10. အစ်ကိုရေ အားလုံးအဆင်ပြေပါတယ်။ ကျေးဇူးအရမ်းကြီးပါတယ်ဗျာ။ နောင်ကိုလဲ အဲလိုမျိုးလေးတွေ တင်ပေးပါအုံးလို့...............................

    ReplyDelete
  11. ကျေးဇူးပါနော်..လာရောက်လည်ပတ်ဖို့ဖိတ်ခေါ်ပါတယ်
    http://lwanoomaung.blogspot.com/
    ကြိုဆိုလျှက်ပါ

    ReplyDelete
  12. အကိုရေ

    ReplyDelete
  13. အကို့ နည်းအတိုင်း root ဖောက်ထားတာအဆင်ပြေပါတယ် ဟိုနေ့ ကဖုန်းကို update လုပ်လိုက်တာroot ပျက်သွားတယ် build number လည်းပြောင်းသွားတယ် JDQ39.I9205XXUAMH2 ဖြစ်သွားတယ် အကို့ နည်းအတိုင်း root လုပ်လိုက်တာ root access မဖြစ်တော့ဘူး အဲဒါဘယ်လိုပြန်လုပ်ရမလဲ ပြောပြပေးပါနော် သဲ အကောင့်က athelay88@gmail.com ပါ facebook က athelay88@facebook.com ပါ ကျေးဇူးပါ

    ReplyDelete
  14. ကျွန်တော်ဖုန်းထဲထည့်တာ fontရောစာသားတွေရောရပါတယ် ဒါပေမဲ့(ေ) တွေကအေ၇ှါရောက်လိုက် (်) တွေ ပြောင်းပြန်တွေရောက်လိုက်ဖြစ်နေတယ်အဲ့တာဘာကြောင့်လည်း တချက်လောက်ပြောပြပေးနိုင်ပါမလား







    ReplyDelete
  15. အကိုရေ ဖောင့်ရောမှန်လားဟင်...
    ကျွန်တော့မှာ မချောလို့ရိုက်ရင် ... မေချာလို့ပေါ်နေလို့ပါ။

    ReplyDelete
  16. မြန်မာစာ ရှေ့နောက်လွဲနေတဲ့ ဖုန်းတွေအတွက် ၁၀၀% မှန်စေတဲ့ Apk ကို ဒီမှာသွားရောက်ဒေါင်းယူပါ
    http://freemobilesharing.blogspot.com/2013/11/fepfz-for-android-4xx-apk.html

    ReplyDelete
  17. bro အကုန်လုံးအဆင်ပြေပြီးမှ wifi မရတော့ဘူးဖြစ်နေတယ်။ ကူညီပါဦး။ wifi က turn on ကို လုပ်လို့မရတော့ဘူးဖြစ်နေတာ ကျွန်တော် ဘာမှားသွားလို့လဲမသိဘူး :(

    ReplyDelete

DISCLAIMER
None of the files shown here are hosted or transmitted by this server. The links are provided solely by this site's users. The administrator of this site cannot be held responsible for what its users post, or any other actions of its users. You may not use this site to distribute or download any material when you do not have the legal rights to do so. It is your own responsibility to adhere to these terms.