Sunday, February 23, 2014

Windows 8 Font Changer ဆော့ဝဲ

++ ကလစ်တစ်ချက်နှိပ်ယုံနဲ့ Desktop မှာ မြန်မာဖောင့်ပေါ်အောင်လုပ်နည်း ++


မြန်မာဖောင့်နဲ့ ပတ်သတ်ပြီးတိုင်ပွတ်နေကြတာတွေတော့ ထွေထွေထူးထူးမပြောတော့ပါဘူး ။


စက်ထဲကို ZawgyiOne သွင်းတဲ့အခါမှာ နောက်ဆုံးမှာ စာကိုနှိပ်ပြီး စက်ကို Restart ချခိုင်းပါတယ် ။

တစ်ချို့ကမိမိအသုံးပြုတဲ့အရာလေးတွေရှိလို့ Restart မရွေးချယ်ပေးလိုက်ပါဘူး ။
အဲ့မှာ မိမိစက် ဘာတွေဖြစ်ပေါ်လာလဲဆိုတော့ တခြားနေရာနှင့် Desktop မှာ မြန်မာဖောင့်တွေ အတုံးတွေဖြစ်ပေါ်နေမှာဖြစ်ပါတယ် ။

Win 8.1 မှာကြတော့လဲ Restart ရွေးချယ်ခဲ့ကြသလို ။
ဘယ်လိုနည်း ဘယ်ဆော့ဝဲနဲ့ပဲထည့်ထည့် Desktop မှာ မြန်မာဖောင့်တွေ အတုံးတွေပဲ ဖြစ်နေကြတာကို ကြုံတွေ့ရတတ်ပါတယ် ။


တခြားနေရာ Browser ပိုင်းတွေမှာ သက်ဆိုင်ရာ Settings များကိုဝင်၍ ZawgyiOne ကို အပ်ပေးလိုက်တာနဲ့ မြန်မာဖောင့်ကို မြင်တွေ့နိုင်သလို....

Desktop မှာ မြန်မာဖောင့်မြင်တွေ့နိုင်ဖို့ကို 
Right Click နှိပ်ကာ >>> Personalize ထဲဝင်ရောက်ပြီး >>> Color ထဲဝင် >>> iCon >>> ZawgyiOne ဆိုပြီး ရွေးချယ်ပေးလိုက်ရင် ရသွားပါတယ် ။


တစ်ချို့ Windows 7 နဲ့ 8 / 8.1 တွေမှာ Personalize မပါတာရှိကြသလို....
ပါဝင်လာတော့လဲ Color ထဲဝင် iCon >>> Fonts ရွေးဖို့ရန်လဲ ဖက်ရှင်ပါဝင်လာခြင်းမရှိပါဘူး ။


ထိုပြသနာများကို ကလစ်တစ်ချက်နှိပ်ယုံနဲ့ Desktop မှာ မြန်မာဖောင့်ပေါ်အောင် ကျနော်ပေးထားတဲ့ဆော့ဝဲလေးကို အသုံးချပြီး ပုံမှာမြှားပြထားတဲ့အတိုင်းလုပ်လိုက်ပါ

Item မှာ iConFont ရွေး >>> Font မှာ Zawgyi-One ရွေး >>> Apply နှိပ် >>> Log Off နှိပ်လိုက်ပါ ။ 

စက်ပိတ်ပြီး ပြန်ပွင့်လာတဲ့အခါ Desktop မှာ မြန်မာဖောင့်ပေါ်လာတာကို မြင်တွေ့ရပါမယ် :)




( ဆော့ဝဲကို အင်စတောလုပ်ပေးစရာမလိုပါဘူး )
ဆိုဒ်က 283 KB နည်းနည်းလေးပဲရှိပါတယ် :)

ဆော့ဝဲကို လိုချင်သူများ အောက်မှာဒေါင်းယူပါ 

Windows 8 Font Changer V1.0.0.0 ကို Dev-Host လင့်ဖြင့် ဒီမှာဒေါင်းယူပါ ။

Windows 8 Font Changer V1.0.0.0 ကို Zippyshare လင့်ဖြင့် ဒီမှာဒေါင်းယူပါ ။

Windows 8 Font Changer V1.0.0.0 ကို pCloud လင့်ဖြင့် ဒီမှာဒေါင်းယူပါ ။

Windows 8 Font Changer V1.0.0.0 ကို FilePup လင့်ဖြင့် ဒီမှာဒေါင်းယူပါ ။

အဆင်မပြေမှုများ ရှိပါက မေးမြန်းလိုပါက ( သို့ ) ဒေါင်းလော့လင့်များ ဒေါင်းမရတော့ပဲ သေသွားခဲ့ပါက ။ MyanmarMobileForum(MMF) ဂရုမှာ လာရောက်မေးမြန်း တောင်းဆိုနိုင်ပါတယ် ။ မန်ဘာဝင်ထားကြဖို့လဲ ဖိတ်ခေါ်ပါတယ် :)
https://www.facebook.com/groups/mmmobileforum/

အားလုံးပဲ အဆင်ပြေကြပါစေ..... :)

Post By : DjjoeMan(MMF) 

2 comments:

  1. phoneနဲ့firmare updateလုပ်​လို့ရပါသလာခင်​ဗျား ရရင်​​ပြေားပြ​ပေးပါအုန်​ အကို...thank ပါ.

    ReplyDelete
  2. Phon နဲ့ firmware update လုပ်​လို့ရရင်​​ပြေး​ပေးပါအကို .အမph ကို updateလုပ်​​ပေးချင်​လို့ပါ.

    ReplyDelete