ကွန်ပြူတာကနေ ဖုန်းထဲသို့ဝင်ရောက်နိုင်တဲ့ မိုဘိုင်းအတွက် Teamviewer ဆော့ဝဲ လေးတစ်ခု မိတ်ဆက်ပေးလိုက်ပါတယ် ။
"' နည်းနည်းတော့ လေရှည်လိုက်ပါဦးမယ် :P "'
Teamviewer ဆော့ဝဲရဲ့ အသုံးဝင်ပုံကိုတော့ အားလုံးပဲ သိရှိထားပြီးလောက်ပါပြီ ။
Teamviewer ဆော့ဝဲဟာဆိုရင် မိမိရဲ့ကွန်ပြူတာကနေ တစ်ဘက်သူရဲ့ကွန်ပြူတာကိုလှန်းဝင်ပြီး ဝင်ရောက်ကူညီပေးတဲ့ ဆော့ဝဲတစ်ခုအဖြစ် ကွန်ပြူတာလောကမှာ တော်တော်လေးကိုအဆင်ပြေစွာ နေရာယူထားတဲ့ ဆော့ဝဲကောင်းတစ်ခုပါ
မိမိဖုန်းကနေ ကွန်ပြူတာထဲကိုလဲ လှမ်းဝင်လို့ရပါတယ် Android / iOS မားကပ်တွေမှာ
TeamViewer for Remote Control ဆိုပြီး ဖရီးပေးထားပါတယ် :)
ကွန်ပြူတာအတွက် Teamviewer ဆော့ဝဲကို မူရင်းဆိုက်မှာ ဖရီးဒေါင်းယူနိုင်ပါတယ်
http://www.teamviewer.com
မိမိရော တခြားသူရော ဆော့ဝဲကို အင်စတောလုပ်ထားပါမယ် ။
မိမိကူညီလိုသော စက်ပိုင်ရှင်ရဲ့ Teamviewer ဆော့ဝဲရဲ့ ID နဲ့ Password ကိုတောင်းလိုက်ပါ
မိမိရဲ့ Teamviewer မှာဖြည့်စွတ်ပြီး နှိပ်လိုက်တာနဲ့ ထိုသူရဲ့ကွန်ပြူတာစခရင်ဟာ မိမိကွန်ပြူတာမှာ ပေါ်လာမှာဖြစ်ပါတယ် :)
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ယခုမိတ်ဆက်ပေးမှာကတော့ မိုဘိုင်းသမားတွေအတွက် Teamviewer ဆော့ဝဲလေးပါပဲ
မိမိက တခြားသူကိုကူညီချင်လို့ဖြစ်စေ... ဖုန်းအကြောင်းနားမလည်လို့ဖြစ်စေ
မလုပ်တတ်တာတွေကို တခြားသူကကွန်ပြူတာကနေ ကူညီပြီးနှိပ်ပေးလို့ရတဲ့အတွက် အရမ်းကိုအဆင်ပြေစေမည့် ဆော့ဝဲကောင်းတစ်ခုပါ ။
လိုအပ်သည့် TeamViewer QuickSupport ဆော့ဝဲကို ဒီမှာဒေါင်းယူနိုင်သလို
မားကပ်မှာလဲဖရီးပေးထားပါတယ် :)
https://drive.google.com/file/d/0B6_coojhGTfPYTJIYlMwNFhhdFU/edit?usp=sharing
နောက်ကိုယ့်ဖုန်းအမျိုးအစားအတွက် QS Add-On လေးကို ထပ်ပြီးအင်စတောလုပ်ထားရပါမယ်
Samsung အတွက် QS Add-On Samsung ကို ဒီမှာဒေါင်းပါ
https://drive.google.com/file/d/0B6_coojhGTfPaXB3TWNiRG85akE/edit?usp=sharing
Lenovo အတွက် QS Add-On Lenovo ကို ဒီမှာဒေါင်းပါ
https://drive.google.com/file/d/0B6_coojhGTfPYUJzTHNFLVpEZEE/edit?usp=sharing
တခြားဖုန်းအမျိုးအစားအတွက်ကတော့ QS Add-On မတင်ပေးတော့ပါဘူး
TeamViewer QuickSupport ကို အင်စတောလုပ်ပြီးလို့ ဖွင့်လိုက်တာနဲ့ မိမိဖုန်းအမျိုးအစား QS Add-On အတွက် Download နှိပ်ဖို့ရန် ပေါ်လာပါမယ် :)
ထိုဆော့ဝဲနှစ်ခုကို မိမိဖုန်းမှာ အင်စတောလုပ်ပြီးပြီဆိုရင် ။ မိမိရရှိထားတဲ့ Teamviewer ရဲ့ ID ကို ဝင်ရောက်ကူညီပေးမည့်သူကိုပေးလိုက်ယုံပါပဲ ။
ထိုသူက ကွန်ပြူတာမှာ မိမိ ID ကို ဖြည့်စွတ်ပြီး နှိပ်လိုက်တာနဲ့ မိမိဖုန်းစခရင်ဟာ ထိုသူရဲ့ကွန်ပြူတာမျက်နှာပြင်မှာ ပေါ်လာမှာဖြစ်ပါတယ် ။
ထိုသူဝင်ရောက်ဖို့ရန် မိမိက Teamviewer ဆော့ဝဲကိုဖွင့်ထားပါ သူဝင်ရောက်ချိတ်ဆက်နေပြီဆိုရင် လက်ခံမလားဆိုပြီး Allow တောင်းပါမယ် Allow နှိပ်ပေးလိုက်ပါ ။
ဒါဆိုရင် ထိုသူကမိမိဖုန်းထဲကို ဝင်ရောက်ကူညီနှိပ်ပေးနေပါပြီ ဒေတာများကိုလဲ ရှယ်ပေးလို့ရပါသေးတယ်
မှတ်ချက် ။ ။ နှစ်ဦး နှစ်ဘက်လုံးမှာ အင်တာနက်ရှိထားဖို့ လိုအပ်ပါတယ် :)
အားလုံးပဲ အဆင်ပြေကြပါစေ..... :)
အဆင်မပြေမှုများ ရှိပါက မေးမြန်းလိုပါက ( သို့ ) ဒေါင်းလော့လင့်များ ဒေါင်းမရတော့ပဲ သေသွားခဲ့ပါက ။ MyanmarMobileForum(MMF) ဂရုမှာ လာရောက်မေးမြန်း တောင်းဆိုနိုင်ပါတယ် ။ မန်ဘာဝင်ထားကြဖို့လဲ ဖိတ်ခေါ်ပါတယ် :)
https://www.facebook.com/groups/mmmobileforum/
Post By : DjjoeMan(MMF)
No comments:
Post a Comment