Wednesday, August 15, 2012

Huawei U8818 & C8812 ကို အလန်းဆုံးလုပ်မယ်

အခုပြောပြပေးမှာကတော့ Huawei U8818 & C8812 ကို အခြား Android ဖုန်းတွေ နည်းတူ application အားလုံးကို အသုံးပြုလို့ရအောင် ပြင်ဆင်နည်းဖြစ်ပါတယ်။ firmware update to 4.0.3, root, Myanmar font, Myanmar keyboard, CWM, google application သွင်းနည်း အစရှိတာတွေကို တနေရာတည်းမှာ တစုတဝေးတည်း ရနိုင်ပါပြီ။
အရင်ကသုံးလို့မရတဲ့ talk, gmail, maps, google earth, viber အစရှိတဲ့ application တွေတစ်ခုမကျန်သုံးလို့ရပါပြီ။

၁။ အရင်ဆုံး Android version 4.0.3 ကိုမြှင့်ပါမယ်။
ကျွန်တော်ပြန်မရေးချင်တော့လို့ ဒီနည်းလေးအတိုင်းမြှင့်လိုက်ပါမခက်ပါဘူး။
 http://friendsmyanmar.org/forum/topics/huawei-u8818-ics-4-0-3

၂။ official ICS ကို root လုပ်မယ်။
unlockbootloader.exe ကိုဒေါင်းပါ "
(က) unlockbootloader.exe ကို run လိုက်ပါ။
(ခ) ဖုန်းကို unknown source နဲ့ usb debugging ကို အမှန်ခြစ်ထားပြီး ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ။
(ဂ) ကွန်ပျူတာတွင် run ထားသော unlockbootloader.exe မှ bootloader ကိုနှိပ်လိုက်ပါ။
ခဏစောင့်ပါ။ unlockbootloader.exe ပြန်ပိတ်သွားပါလိမ့်မယ်။ ဒါဆိုရင်တော့ bootloader unlock လုပ်တာပြီးသွားပါပြီ။
(ဃ) root လုပ်ဖို့ အတွက် unlockbootloader.exe ကိုပြန် run ပါ။ root ဆိုတာကို နှိပ်ပါ။
ခဏစောင့်ပါ။ unlockbootloader.exe ပြန်ပိတ်သွားပါလိမ့်မယ်။ ဒါဆိုရင်တော့ root လုပ်လို့ပြီးပါပြီ။ ဖုန်းထဲမှာ super user ပုံလေးမြင်ရပါပြီ။

၃။မန်မာဖောင့်ထည့်မယ်
fontchanger ကိုဒေါင်းပါ။ ဒေါင်းလို့ရလာတဲ့ fontchanger.apk ကို ဖုန်းထဲမှာ install လုပ်ပြီး run လိုက်ပါ။ ပြီးရင် ဇော်ဂျီဖောင့်ချိန်းရန် ကိုနှိပ်လိုက်ပါ။ ဖုန်း reboot ကျသွားပါလိမ့်မယ်။ မြန်မာဖောင့်ထည့်လို့ပြီးပါပြီ။



၎။မန်မာကီးဘုတ် ထည့်မယ်။
frozen keyboard ကိုဒေါင်းရန် ဒေါင်းလို့ရလာတဲ့ frozenkyeboard ကို ဖုန်းထဲမှာ install လုပ်ပါ။ ပြီးလျှင် setting/ Language  input/ အဲဒီ အထဲမှာ forzenkeyboard ကို အမှန်ခြစ်ပါ။ အပေါ်က default ကို နှိပ်ပြီး frozenkeyboard ကိုရွေးလိုက်ပါ။

၅။ CWM တင်မယ်။
Easy CWM Recovery Installer ကိုဒေါင်းရန် (က) fast boot mode ၀င်မယ်။ ဖုန်း setting ထဲမှာ fast boot ကို အမှန်ခြစ်ဖျောက်ထားပါ။ ဖုန်းကို power ပိတ်လိုက်ပါ။ battery ကို ၁၀ စက္ကန့်လောက်ဖြုတ်ထားပါ။ battery ပြန်ထည့်ပါ။
(ခ) ဖုန်း power နှင့် volume down key ကို တွဲပြီး ၁၀ စက္ကန့်လောက်နှိပ်ထားပါ။ ပြီးလျှင် ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ။
(ဂ) ဒေါင်း၍ ရလာသော CWM-Easy-Installer.zip ကို zip ဖြေလိုက်ပါ။ အဲဒီ အထဲမှာ ကွန်ပျူတာ အမျိုးအစားပေါ်လိုက်ပြီး CWM တင်ရန် ဖိုင်တွေပါပါတယ်။
ကွန်ပျူတာက window OS ဖြစ်လျှင် install-cwmrecovery-windows.bat ကို double click နှိပ်လိုက်ပါ။
ကွန်ပျူတာက Linux OS ဖြစ်လျှင် install-cwmrecovery-linux.sh ကို double click နှိပ်လိုက်ပါ။
ကွန်ပျူတာက Mac OS ဖြစ်လျှင် install-cwmrecovery-mac.sh ကို double click နှိပ်လိုက်ပါ။
ဖုန်း restart ကျသွားပါလိမ့်မယ်။ ပြန်တက်လာရင်တော့ CWM တင်ပြီးပါပြီ။

၆။ Google Application တွေ ထည့်မယ်။
ICS google package ဒေါင်းရန် (က) ဒေါင်းလို့ ရလာတဲ့ zip ဖိုင်ကို sd card ထဲထည့်ပါ။
(ခ) ဖုန်းကို ပိတ်လိုက်ပါ။ ပြီးလျှင် power နှင့် volume up key ကို ၁၀ စက္ကန့်လောက်တွဲနှိပ်ပါ။ CWM recovery mode ထဲ ၀င်ပါလိမ့်မယ်။
(ဂ) ပြီးလျှင် install zip from sdcard > choose zip from sdcard > gapps-ics-20120429-signed.zip ကိုရွေးပြီး update လုပ်ပေးပါ။ ခဏစောင့်ပါ။
(ဃ) main menu သို့ ပြန်သွား၍ reboot system now ကို နှိပ်လိုက်ပါ။ အခုဆိုရင်တော့ google application တွေထည့်လို့ပြီးသွားပါပြီ။
အခုဆိုရင်တော့ Huawei U8818 ဖုန်းလေးဟာ တခြား android ဖုန်းတွေလို ဘယ် application ကို မဆို ထည့်လို့ရပါပြီ။ အားလုံး အဆင်ပြေ ချောမွေ့ကြပါစေ။

16 comments:

  1. huawei u8836d ကိုလဲ application အကုန်သုံးလို့ရအောင်လိုပ်လို့ရတဲ့ နည်းလေး ရှိရင်ပြောပြပေးပါ အခု viber သုံလို့မရပါ

    ReplyDelete
  2. cwm install လုပ်တာ error ပြနေပါတယ်

    ReplyDelete
  3. http://www.facebook.com/groups/MyanmarMobileForum/doc/480148812005369/

    ReplyDelete
  4. အကိုရေညီတော. version မြှင့်ပြီးနောက်ပိုင်း bluetooth ကူးလို.မရလို.ဘယ်လိုလုပ်ရမလဲဟင်။

    ReplyDelete
  5. အကိုရေညီဖုန်း version မြှင့်ပြီးbluetooth ကူးလို.မရတော.လို.ပါ။ကူညီပါ။သိတဲ့လူများပြောပြကြပါနော်။

    ReplyDelete
  6. can't not version update?please help

    ReplyDelete
  7. version 2.3.4 နဲ့ ကော CWM နှင့် Google app တွေ တင်လို့ ရပါသလား

    ReplyDelete
  8. Google app တွေကို version 2.3.6 မှာကော တင်လို့ ရပါသလား

    ReplyDelete
  9. cwm ဒေါင်းပြီးကွန်ပျူတာမှာ အကိုပြောသလိုလုပ်လိုက်တယ်
    ဖုန်းကိုလည်းပြောသလိုလုပ်တယ်
    ဖုန်းချိတ်ပြီးcwm run လိုက်တော့ ဘောက်ကလေးကျလာပြီး press to key ဆိုပြီး continue ပဲပြနေတယ်
    ဘယ်လိုဆက်လုပ်ရမလဲ
    Huawei c8812

    ReplyDelete
  10. CMW မှာ Install not allow ပဲတက်နေတယ်ဗျာ ဘယ်လိုလုပ်ရင်ရနိုင်မလဲသိချင်ပါတယ်

    ReplyDelete
  11. အကိုရေလင့်လေးတချက်လောက်စစ်ပေးပါအုံးလား ဆွဲလို့ကိုမရတော့ဘူးဖြစ်နေတယ်ဗျ လိုချင်လို့ပါ Please :(

    ReplyDelete
  12. Can't extract files
    Can't download.

    ReplyDelete
  13. cmw ကဘာကြီးလဲဗျ =D

    ReplyDelete
  14. ကျနော်တို့ ကို စမ်းကြည့် ခိုင်းတာလားမသိဘူးဖုန်းကတော့ ကြွ သွားပြီထင်တယ်


    ReplyDelete

DISCLAIMER
None of the files shown here are hosted or transmitted by this server. The links are provided solely by this site's users. The administrator of this site cannot be held responsible for what its users post, or any other actions of its users. You may not use this site to distribute or download any material when you do not have the legal rights to do so. It is your own responsibility to adhere to these terms.