Friday, August 24, 2012

ICS တွင် iphone ရဲ့ Siri ကိုယှဉ်မယ့် Google Now ထည့်နည်း

1. Google Now ဆိုတာဘာလဲ
Google Now ဆိုတာဟာ Jelly Bean မှာ iphone ရဲ့ Siri ကိုယှဉ်ဖို့ google က ထုတ်လိုက်တဲ့ feature အသစ် ဖြစ်ပါတယ်။ Google search engin ကို သုံးထားတဲ့အတွက် Siri ထက်ပိုပြီးမြန်ဆန်ပါတယ်။
အသေးစိတ်ကိုတော့ ဒီမှာ လေ့လာနိုင်ပါတယ်။
Google Now အတွက် Command အချို့ကို ဒီမှာ လေ့လာနိုင်ပါတယ်။
Message ကို voice နဲ့ ရေးရိုက်ခိုင်းချင်သူတွေအတွက် Jellybean keyboard ပါ။

2. ဘာကြောင့် ICS မှာ Google Now တင်ရတာလဲ
ကျွန်တော်ဘာကြောင့် jelly bean မတင်ပဲ ICS မှာ google now တင်ရတဲ့အကြောင်းအရင်းကတော့ Jelly bean မှာ မြန်မာစာ လုံးဝအဆင်မပြေလို့ပါ။ အဲဒီအတွက် မြန်မာစာ အနည်းငယ်အဆင်ပြေတဲ့ ICS မှာ Jelly bean က Google Now ကို တင်ရခြင်းဖြစ်ပါတယ်။



3. Google Now ထည့်ဖို့ဘာတွေလိုအပ်မလဲ
၁။ မိမိ ဖုန်းဟာ ICS တင်ထားရပါမယ်။
၂။ root လုပ်ထားရပါမယ်။
၃။ ဖုန်းနဲ့ လိုက်ဖတ်တဲ့ CWM တင်ထားရပါမယ်။

4. Google Now တင်နည်း
၁။ Google Now ကို ဒေါင်းရန်
၂။ ဒေါင်း၍ရလာသော GoogleNow_ICS_V2_MultiUpload.biz.zip ကို sd card ထဲထည့်ပါ။
၃။ ဖုန်းကိုပိတ်လိုက်ပြီး။ CWM ပြန်ဝင်ပါ။
၎။ မိမိရဲ့ ဖုန်းကို CWM မှ back up ယူထားပါ။ (အဆင်မပြေလျှင် ပြန်၍ restore လုပ်ရန်)
၅။   install zip from sdcard > choose zip from sdcard > GoogleNow_ICS_V2_MultiUpload.biz.zip  ကို update လုပ်ပါ။
၆။ main menu သို့ ပြန်သွား၍ reboot system now ကို နှိပ်လိုက်ပါ။
အခုဆိုရင်တော့ သင့်ရဲ့ဖုန်းမှာ Voice နဲ့ ခိုင်းစေလို့ရတဲ့ Google Now ပိုင်ဆိုင်သွားပါပြီ။

Huawei ဖုန်းများတွင် Google Now ထည့်နည်း
Huawei ဖုန်းတွေဟာ တခြား Android ဖုန်းတွေလို Google service ကိုပေးမထားတဲ့ အတွက် Google Now တင်ရာမှာ အခက်အခဲ တွေရှိပါတယ်။ ကျွန်တော်ကတော့ U8818 ကို သုံးပြီးစမ်းသပ်ထားပါတယ်။ ကျန်တဲ့ Huawei ဖုန်းတွေအားလုံးလည်း ICS တင်ထားမယ်ဆိုရင် ကျွန်တော်လုပ်သလို လိုက်လုပ်ရင် အဆင်ပြေပါတယ်။

# Google Now ထည့်ဖို့ဘာတွေလိုအပ်မလဲ
၁။ မိမိ ဖုန်းဟာ ICS တင်ထားရပါမယ်။
၂။ root လုပ်ထားရပါမယ်။
၃။ ဖုန်းနဲ့ လိုက်ဖတ်တဲ့ CWM တင်ထားရပါမယ်။
၎။ google application တွေထည့်သွင်းထားရပါမယ်။ (အဲဒီနေရာမှာတော့ အခက်အခဲတွေရှိပါတယ်။ gapps တွေဟာ အများကြီးရှိတဲ့အတွက် ဘယ်ကောင်နဲ့ အဆင်ပြေမယ်ဆိုတာ မသိနိုင်ပါဘူး။ ကျွန်တော်စမ်းသပ်လို့ အောင်မြင်သွားတဲ့ gapps ကတော့ gapps-ics-20120422-signed.zip ပါ)
# Google Now တင်နည်းကတော့ အပေါ်က အတိုင်းပါပဲ။



ကျွန်တော်ရင်ဆိုင်ခဲ့ရသောအခက်အခဲများ
Huawei U8818 ကို Google Now စမ်းသပ်ရင်းနဲ့ firmware ၂ ခါ ပြန်တင်ရပါတယ်။ restore ၁ ခါ ပြန်လုပ်လိုက်ရပါတယ်။ အခုတော့ ကျန်တဲ့သူတွေအားလုံး အဆင်ပြေစွာ စမ်းသပ်လို့ရပါပြီ။
အားလုံးအဆင်ပြေပါစေ…………

0 comments:

Post a Comment

DISCLAIMER
None of the files shown here are hosted or transmitted by this server. The links are provided solely by this site's users. The administrator of this site cannot be held responsible for what its users post, or any other actions of its users. You may not use this site to distribute or download any material when you do not have the legal rights to do so. It is your own responsibility to adhere to these terms.