Saturday, September 22, 2012

Galaxy S Advance I9070 ကို Firmware ပြန်တင်ချင်တဲ့ သူများအတွက်

အကြောင်းအမျိုးမျိုးကြောင့် Samsung Galaxy S Advance I9070 ကို Firmware ပြန်တင်ချင်တဲ့ သူများအတွက် Samsung Galaxy S Advance I9070 Official Gingerbread 2.3.6 Firmware ကိုတင်ပေးလိုက်ပါတယ် ။
လိုအပ်သည့်ဖိုင်များကို အောက်မှာဒေါင်းယူပါ ။
လုပ်ဆောင်ပုံကတော့ အောက်မှာ ပုံနှင့်တကွဖော်ပြထားပါတယ် ။

PC နဲ့ဖုန်းကို USB ကြိုးချိတ်တဲ့အခါမှာ PC ကဖုန်းကိုသိရန် SAMSUNG USB Driver ကို PC မှာအင်စတောလုပ်ထားဖို့ရန်လိုအပ်ပါတယ် ။
ကိုယ့် PC မှာမရှိသေးရင် SAMSUNG USB Driver ကို ဒီမှာဒေါင်းပါ ။ (ပြီးရင် PC မှာ အင်စတောလုပ်လိုက်ပါ )

Official 2.3.6 Firmware ကို ဒီမှာဒေါင်းပါ ။ ( ရလာတဲ့ Zipဖိုင်ကို PC ပေါ်မှာထားပြီး Zip ဖြေလိုက်ပါI9070XXLE2_I9070OXXLD4_HOME.tar.md5 ဆိုပြီး ဖိုင်တစ်ခုထွက်လာပါလိမ့်မယ် ။)

Odin3 V3.04 ကို ဒီမှာဒေါင်းပါ ။ (PC ပေါ်မှာ Zip ဖြေလိုက်ပါ ။ အဲဒီမှာ အရောင်သုံးရောင်ဆက်နဲ့ odin3 v1.85 ဆိုလေးကိုတွေ့ပါလိမ့်မယ်)

လိုအပ်တဲ့ ဖိုင်သုံးဖိုင်ကို ဒေါင်းပြီးပြီဆိုရင် အောက်ကနည်းအတိုင်း စပါမယ် ။

ဖုန်းမှာ Settings ထဲသွားပါမယ် ။ Developer Options ထဲဝင်ပါ အဲဒီမှာ USB debugging ကို အမှန်ခြစ်ထားပေးပါ 

ဖုန်းကို ပါဝါပိတ်ပါမယ် ဘက်တရီဖြုတ်ပြီ ပြန်တတ်လိုက်ပါ ။ ပြီးရင် download mode ထဲဝင်ဖို့ရန်
ကျနော်အောက်က ပုံ(1) မှာပြထားတဲ့ Volume Down + Power + Home ခုလုတ်သုံးခုကိုတွဲလျှက် ဖိနှိပ်ထားပါ (1)ကအတိုင်းစာတွေပေါ်လာပြီဆိုရင် လွှတ်လိုက်ပါ ။

ကျနော်အောက်က ပုံ(2) မှာပြထားတဲ့အတိုင်း  Volume Up ခုလုတ်ကို တစ်ချက်နှိပ်လိုက်ပါ ပုံ(2)ကအတိုင်း Downloaging.... ပေါ်လာပြီဆိုရင် USB ကြိုးကို PC မှာချိတ်လိုက်ပါ ။




ပြီးရင် Zip ဖြေလို့ထွက်ကြလာတဲ့ odin3 v3.04 ကိုဖွင့်လိုက်ပါ ပုံ(3)ကအတိုင်း မြင်ရပါမယ် အဲဒီမှာPC ကကိုယ့်ဖုန်းကို သိတယ်ဆိုရင် အောက်ကပုံ(3)မှာဝိုင်းထားတဲ့ အပြာအကွက်ထဲကအတိုင်း အကွက်ထဲမှာအရောင်ပြပါလိမ့်မယ် မပေါ်ရင် ပြန်ဖြုတ်ပြီး ပြန်တတ်လိုက်ပါ ။
သေချာပြီဆိုရင် အနီရောင်ဝိုင်းထားတဲ့အတိုင်း အမှန်လေးတွေခြစ်ပေးလိုက်ပါ ။ ပြီးရင် PDA ဆိုတဲ့ကောင်လေးကိုနှိပ်လိုက်ပါ PCရဲ့ My Documents ဘောက်လေးထွက်လာပါလိမ့်မယ် အဲဒီမှာခုဏကဒေါင်းပြီး Zip ဖြေလိုက်တဲ့ I9070XXLE2_I9070OXXLD4_HOME.tar.md5 ကိုရွေးပေးလိုက်ပြီး Open နှိပ်လိုက်ပါ ။ PDA ထဲရောက်သွားပါပြီ ပြီးရင် Start ဆိုတဲ့စာလေးကို နှိပ်ပေးလိုက်ပါ။



ဖုန်းနဲ့ Odin နဲ့ အလုပ်လုပ်နေတာကို တွေ့ရပါလိမ့်မယ် ပြည့်သွားပြီဆိုတာနဲ့ ဖုန်းမှာအော်တိုပိတ်သွားပြီး ပြန်ပွင့်လာပါလိမ့်မယ် ။ ပြီးရင် ကြိုးဖြုတ်လိုက်လို့ရပါပြီ။
ကဲ Samsung Galaxy S Advance I9070 ရဲ့ Official 2.3.6 Firmware ကိုပြန်လည်ရရှိသွားပါပြီ အားလုံးပဲ အဆင်ပြေကြပါစေ....။ တိန့် တိန် တိန် :-P

By . Djjoe Man 

0 comments:

Post a Comment

DISCLAIMER
None of the files shown here are hosted or transmitted by this server. The links are provided solely by this site's users. The administrator of this site cannot be held responsible for what its users post, or any other actions of its users. You may not use this site to distribute or download any material when you do not have the legal rights to do so. It is your own responsibility to adhere to these terms.