Sunday, September 30, 2012

Huawei တွင် Root မလုပ်ပဲ မြန်မာဖောင့်ထည့်နည်း

အရင် Huawei ဖုန်းတွေဟာ Root မလုပ်ပဲနဲ့ မြန်မာ ဖောင့်ကို ထည့်လို့မရပါဘူး။ ဒါပေမယ့် CWM ကို တော့ သွင်းလို့ရတာကို တွေ့ရပါတယ်။ CWM သွင်းပြီးရင် Root လုပ်ဖို့ လွယ်သွားပါပြီ။ သို့သော်လည်း ကိုယ့်ရဲ့ ဖုန်းကို Root မလုပ်ချင်သူများအတွက် ဒီနည်းကို အသုံးပြုလို့ရပါတယ်။ CWM သွင်းလို့ မရတဲ့ ဖုန်းတွေအတွက် ဒီနည်းက အဆင်မပြေသေးပါဘူး။ အခုကျွန်တော် ပြောပြပေးမှာကတော့ Huawei မှာ Root မလုပ်ပဲ မြန်မာစာ၊ တရုတ်စာ ၊ အင်္ဂလိပ်စာ များကို အဆင်ပြေပြေသုံးနိုင် အောင် ဖောင့်ထည့်သွင်းနည်းဖြစ်ပါတယ်။

လိုအပ်သော HWMMFont.zip ကိုဒေါင်းပါ ။
down ၍ ရလာသော HWMMFont.zip ကို sd card ထဲထည့်ပါ။

၁။ CWM သွင်းနည်း ။
Huawei ဖုန်းတွေအတွက် CWM သွင်းနည်း ကတော့ ဖုန်းတစ်ခုနဲ့ တစ်ခု မတူပါဘူး။ အဲဒါကြောင့် ကျွန်တော် ဒီနေရာမှာ ရှင်းမပြတော့ပါဘူး။

၂။ မြန်မာဖောင့်ထည့်နည်း ။
CWM ထည့်ပြီးပြီဆိုရင်တော့ ဖုန်းကို သက်ဆိုင်ရာခုလုတ်များကို ပြိုင်တူနှိပ်၍ CWM recovery mode သို့ဝင်ပါ။ CWM ၀င်နည်းကတော့ ဖုန်းအမျိုးအစားပေါ်လိုက်ပြီး နှိပ်ရတဲ့ ခလုပ်တွေ ကွဲပြားပါတယ်။ အဲဒါတွေကို ခေါင်းစားမခံချင်ရင်တော့ ဒီနည်း ကိုသုံးပြီး recovery mode ကို လွယ်ကူစွာဝင်လို့ရပါတယ် ။ ဒီမှာနှိပ်၍ သွားကြည့်နိုင်ပါတယ် ။
ပြီးလျှင် install zip from sdcard > choose zip from sdcard > HWMMFont.zip ကို update လုပ်ပါ။ main menu သို့ ပြန်သွား၍ reboot system now ကို နှိပ်လိုက်ပါ။
ဖုန်း Reboot ပြန်တက်လာတဲ့ အခါ မြန်မာစာ တွေကို ဖတ်လို့ ရေးလို့ရပါပြီ။

မြန်မာကီးဘုတ်ကိုတော့ ဒီမှာဒေါင်းပြီး ကိုယ့်ဘာသာပဲ ထည့်လိုက်ပါတော့။

အားလုံးအဆင်ပြေကြပါစေ...........။

Post By Htay Hlaing Oo အား ကျေးဇူးအထူးတင်ပါတယ် ။

4 comments:

  1. အကိုရေ လင့်က ပျက်တယ်လားသိဘူး

    ReplyDelete
  2. ရပီအကိုရေ ကျေးဇူးပါ Share ထားတယ်နော်

    ReplyDelete
  3. အစ်ကို ရဲ့ HWMMFont.zip ကိုဒေါင်းလို့မရဘူးဖြစ်နေတယ်ခင်ဗျ...ကျေးဇူးပြုပြီးတော့ပြန်တင်ပေးနိုင်မလားခင်မျာ

    ReplyDelete

DISCLAIMER
None of the files shown here are hosted or transmitted by this server. The links are provided solely by this site's users. The administrator of this site cannot be held responsible for what its users post, or any other actions of its users. You may not use this site to distribute or download any material when you do not have the legal rights to do so. It is your own responsibility to adhere to these terms.