Sunday, September 30, 2012

U8812D ကို root မလုပ်ပဲ မြန်မာဖောင့်ထည့်နည်း နှင့် root လုပ်နည်း

အခုပြောပြပေးမှာကတော့ လူတိုင်းမျှော်လင့် စောင့်စားနေတဲ့ Huawei U8812D ကို root မလုပ်ပဲမြန်မာဖောင့်ထည့်နည်းနှင့် root လုပ်နည်းဖြစ်ပါတယ်။ root မလုပ်ပဲ CWM recovery ကို သွင်းပြီးတော့ ကျွန်တော် တို့ဖန်တီးထားတဲ့ HWMMfont.zip နဲ့ CWM ကနေ update လုပ်လိုက်ရင်ရပါပြီ။

လိုအပ်သောဖိုင်ကို ဒီမှာဒေါင်းပါ ။ password  ။ ။  htayhlaingoo )

download လုပ်၍ရလာသော U8812D_root_by_HtayHlaingOo.rar ကို ဖြေလိုက်ပါ။ အထဲမှာ အောက်မှာပြထားတဲ့ပုံအတိုင်း တွေ့ရပါလိမ့်မယ်။


(၁) Driver သွင်းနည်း
ဖုန်းရဲ့ battery ကို ၁၅ စက္ကန့်လောက် ဖြုတ်ထားပါ။ ပြီးလျှင် ပြန်တပ်ပြီး computer နှင့် usb ကြိုးမှ တဆင့်ချိတ်လိုက်ပါ။ computer မှာ driver တောင်းပါလိမ့်မယ်။ အဲဒီအခါကျရင်ဒေါင်းလို့ရတဲ့ folder 6575驱动 > USB VCOM Driver > နောက်က ကိုယ့် ကွန်ပျူတာရဲ့ window အမျိုးအစားပေါ်လိုက်ပြီး ရွေးပေးပါ။ သူ့ဘာသာသူ driver သွင်းပေးသွားပါလိမ့်မယ်။ 

(၂) CWM သွင်းနည်း နှင့် Root လုပ်နိုင်သည့် kernel ချိန်းနည်း
driver သွင်းပြီးပြီဆိုရင်တော့ CWM သွင်းပါမယ်။ ဒေါင်းလို့ရတဲ့ SP_Flash_Tool_v3.1220.01 folder ထဲက Flash_tool.exe ကို run လိုက်ပါ။ အောက်မှာပြထားတဲ့ ပုံအတိုင်းတွေ့ရပါလိမ့်မယ်။


ပုံမှာ ပြထားတဲ့ နေရာကို click လိုက်ပြီး MT6575_Android_scatter_emmc.txt ကိုရွေးလိုက်ပါ။ အောက်မှာပြထားတဲ့ ပုံအတိုင်း တွေ့ရပါလိမ့်မယ်။


 အဲဒီနေရာမှာတော့ ရွေးစရာ သုံးမျိုးရှိပါတယ်။

(က) root ပဲလုပ်မယ်ဆိုရင်တော့ BOOTIMG နေရာတစ်ခုတည်းမှာ အမှန်ခြစ်ထားပါ။
(ခ) CWM ပဲသွင်းမယ်ဆိုရင်တော့ RECOVERY နေရာတစ်ခုတည်းမှာ အမှန်ခြစ်ထားပါ။
(ဂ) နှစ်ခုစလုံး လုပ်မယ်ဆိုရင်တော့ နှစ်ခုစလုံးလို အမှန်ခြစ်ထားပါ။

ကိုယ်ကြိုက်နှစ်သက်ရာရွေးချယ်ပြီးရင်တော့ ပုံမှာပြထားတဲ့ download ဆိုတာကို နှိပ်လိုက်ပါ။ Not All images are correctly loaded ဆိုတဲ့ စာ ပေါ်လာရင် Yes ကို ရွေးပေးပါ။
ဖုန်းရဲ့ battery ကို ၁၅ စက္ကန့်လောက် ဖြုတ်ထားပါ။ ပြီးလျှင် ပြန်တပ်ပြီး computer နှင့် usb ကြိုးမှ တဆင့်ချိတ်လိုက်ပါ။ စတင်အလုပ်လုပ်ပါလိမ့်မယ်။ အရင်ဆုံး အနီရောင်ပြေးပါမယ်။ ပြီးလျှင် အ၀ါရောင်ပြေးပါမယ်။ နောက်ဆုံးပြီးရင်တော့ အစိမ်းရောင်ဖြင့် download ok ဆိုတဲ့ box တစ်ခု ကျလာပါလိမ့်မယ်။- အခုဆိုရင်တော့ ဖုန်းကို ဖြုတ်ပြီး ကြည့်လိုက်ပါ။ ကိုယ်လုပ်ချင်တာကို လုပ်လို့ရပါပြီ။CWM သွင်းတာကတော့ ဒီမှာပဲပြီးသွားပါပြီ။

မြန်မာဖောင့်ထည့်နည်း

CWM သွင်းပြီးရင်တော့ မြန်မာဖောင့်ထည့်ချင်တဲ့သူများကတော့ CWM သွင်းပြီးပြီ ဖြစ်တဲ့ အတွက် မြန်မာဖောင့်ထည့်နည်းကို ဒီနေရာ မှာသွားရောက်လေ့လာနိုင်ပါတယ်။

Google Application ထည့်နည်း ။

CWM သွင်းပြီးရင်တော့ Google Application ထည့်ချင်သူများကတော့ ဒီနေရာ မှာ သွားရောက်လေ့လာနိုင်ပါတယ်။ 

သို့သော်လည်း root လုပ်ချင်တယ်ဆိုရင်တော့

နှစ်သက်ရာ root tool နဲ့ root လုပ်လို့ရပါပြီ။ Unlock Tool သို့ဒီမှာသွားပါ ။


အားလုံးအဆင်ပြေကြပါစေ....................။

Post By Htay Hlaing Oo အား ကျေးဇူးအထူးတင်ပါတယ် ။


4 comments:

  1. အနီေ၇ာင် ပြေးပြီး box ၁ခုကျလာတယ်. ok နှိပ်တော၇ပ်သွားတယ်

    ReplyDelete
  2. Link ကသေနေပြီ လုပ်ကြဦး

    ReplyDelete
  3. ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ... file တွေကိုတော့ download လုပ်လို့ မရတော့ ပါဘူး .. ဒါပေမယ့် file တွေကို ကျွှန်တော် ... myanmar mobile user's club(http://blog.myanmarmobileusers.com/2012/09/u8812d-myanmar-font-installation-for.html) ကနေ down ထားတာပါ ... အဲဒီ ဆိုဒ် က နဲ့ ခု ဆိုဒ်ကို နှစ်ခု ကြည့်ပြီး လုပ်လိုက်မှပဲ အဆင်ပြေသွားပါတယ် ... သူရှင်းတာ ကျွှန်တော် နားမလည်လိုက်ဘူး .. ကျွှန်တော်က ဝါဒနာရှင် အဆင့်ပဲဆိုတော့ အဆင်မပြေလိုက်ဘူး .. ဒီဆိုဒ်က ရှင်းတာနဲ့ ပေါင်းပြီး လုပ်လိုက်တော့ အဆင်ပြေသွားပါပြီ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ ...

    ReplyDelete
  4. down လို့မရဘူးlinkကသေနေပြီလုပ်ပါအုံး

    ReplyDelete

DISCLAIMER
None of the files shown here are hosted or transmitted by this server. The links are provided solely by this site's users. The administrator of this site cannot be held responsible for what its users post, or any other actions of its users. You may not use this site to distribute or download any material when you do not have the legal rights to do so. It is your own responsibility to adhere to these terms.