Thursday, December 27, 2012

Lenovo A60+ CWM & Custom Rom Flashing

   Driver ဒေါင်းရန် ဒေါင်းရန်


            CWM ဒေါင်းရန်

            SP Flashtool ဒေါင်းရန်
            Custom Rom ဒေါင်းရန် ဒေါင်းရန်

                   သင့်ကွန်ပျူတာမှာ U8812D ကို Root or CWM Recovery Flash လုပ်ခဲ့ဘူးတယ်ဆိုရင် SP Flash

tool နဲ့ Driver ကို မဒေါင်းပဲချန်ခဲ့လို့ရပါတယ်။

                  ၁။ MTK driver အရင်ဆုံးသွင်းထားဖို့လိုအပ်ပါတယ်။ဒေါင်းလို့ရလာတဲ့ ဇစ်ကိုဖြည်လိုက်ရင်

MT6575_USB VCOM ဖိုဒါထဲမှာ InstallDriver.exe ကို double click နှိပ်ပြီး install လုပ်ပါ။

Waning ပေးပါလိမ့်မယ် install this driver any way ကိုရွေးပေးပါ။

                  ၂။Flashtool.rar ကိုဖြည်လိုက်ပါ။Flahtool Folder ထဲကို ဒေါင်းထားတဲ့ A60+ ရဲ့ recovery.img

ဖိုင်လေးကူးထည့်ပေးပါ။

                  ၃။ Flash_tool.exe ကို run ပါ။ညာဖက်ခြမ်းမှာ folder ပုံလေးနဲ့ Scatter-loading ကိုနှိပ်ပါ။Open

Scatter file ဆိုပြီး Box တက်လာရင် Flash tool ဖိုဒါထဲက MT6575_Android_scatter.txt ကိုရွေးပြီး

Open နှိပ်ပါ။ အောက်က Blank ထဲမှာ ရွေးဖို့ ပေါ်လာရင် Recovery တစ်ခုတည်းကိုပဲ အမှန်ခြစ်ထားပါ။ပြီးရင်

အပေါ်ဘက်က Download ကိုရှာပြီး နှိပ်လိုက်ပါ။ Download Waning

ဆိုပြီးဆက်လုပ်မှာသေချာလားလို့ မေးပါလိမ့်မယ် Yes ကိုနှိပ်ပါ။

                  ၄။ ဖုန်းကိုပါဝါပိတ်။Battery ဖြုတ်ပြန်တပ်ပါ။ Vol up ကို နှိပ်ထားပြီး ကွန်ပျူတာနဲ့ တွဲပါ။ ပထမဆုံး

အနီတန်းပြေးပါမယ် ခဏကြာရင် အ၀ါတန်းထပ်ပြေးပါမယ်။ OK ဆိုပြီး မီးစိမ်း ပြရင် CWM သွင်းပြီးသွားပါပြီ။

                  ၅။ Recovery Mode ၀င်ဖို့အတွက် ဖုန်းကို ပါဝါပိတ်ထားပါ။ Power နှင့် Vol down ကို တွဲနှိပ်ပါ Vibrate

တစ်ချက်တုန်သွားရင် နှိပ်ထားတဲ့ ခလုတ်နှစ်ခု လုံးကိုလွှတ်ပြီး Vol Up ကိုဖိထားပါ။Recovery mode ထဲကို

ချက်ချင်းဝင်သွားပါလိမ့်မယ်။ Stock Recovery က တော့ Home key ကိုထပ်တို့ပေးလိုက်မှ ပေါ်လာတာပါ။ Stock

Recovery မှာ ကိုယ်လုပ်ချင်တဲ့ ဖန်ရှင်ကို Menu key နဲ့ ၀င်ရပြီး CWM Recovery ကတော့ Power Key နဲ့

ဝင်ရပါတယ်။CWM Recovery ကနေ Reboot system now ကိုဝင်ရင် Root မလုပ်ရသေးတဲ့ဖုန်းဆိုရင် ချက်ချင်း

Reboot မဖြစ်ပဲ ဦးထုပ်ပုံလေးမှာနည်းနည်းကြာနေပြီး Root access possibly lost.Fix? This can not be undone

ဆိုပြီး ထပ်ပေါ်လာပါလိမ့်မယ်။


                  Yes - Fix root (system/xbin/ ကိုရွေးလိုက်ပါ။ Reboot ဆက်လုပ်သွားပါလိမ့်မယ်။

                  ၆။ Custom Rom တင်ဖို့ အတွက်ကတော့ A60+_S317_MASKID_1_2.zip ကို sd card

ထဲကိုထည့်ထားပြီး CWM Recovery မှတစ်ဆင့် install zip from sd ကနေ ဖလပ်လိုက်ပါ။

မှီငြမ်း http://www.symbianize.com/showthread.php?t=841475 သို့သော်

တစ်ပုံစံတည်းကူးချထားခြင်းမဟုတ်ပါ နှစ်ရက်တိတိ ကြိုးစားထားပါတယ်။ အားလုံးအဆင်ပြေကြပါစေဗျား။

Kaung Myat (MMF)

0 comments:

Post a Comment

DISCLAIMER
None of the files shown here are hosted or transmitted by this server. The links are provided solely by this site's users. The administrator of this site cannot be held responsible for what its users post, or any other actions of its users. You may not use this site to distribute or download any material when you do not have the legal rights to do so. It is your own responsibility to adhere to these terms.