Sunday, December 9, 2012

USB debugging - for beginners

By Aaron Nandus in Myanmar Mobile Forum

 


Android တွေကို Root လုပ်တဲ့အခါမှာ USB debugging ကို ဖွင့်ပေးရတာကို သတိထားမိမှာပါ။

Debugging ဆိုတာ Android Apps တွေ ရေးတဲ့ Developer တွေအတွက် Google က ထုတ်ပေးတဲ့ SDK (Software Developer Kit) နဲ့ အမှားစစ်ဖို့နဲ့ လက်တွေ့စမ်းဖို့တွက် ဖွင့်ပေးရတဲ့ Function ပါပဲ။

USB Debugging ကို မဖွင့်ပေးရင် Android ရဲ့ စနစ်ကို Computer က ကိုင်တွယ်လို့မရပါဘူး။ USB Debugging ကို အရင်က ဖုန်းရဲ့ Setting > Application > Development ထဲမှာ ရှိပြီး ခုနောက်ထွက်တဲ့ ICS တွေမှာတော့ Setting > Development ထဲမှာရောက်သွားပါပြီ။

USB Debugging ကို ဖွင့်ထားမှ Android SDK ထဲမှာပါတဲ့ adb (android debug bridge) ကိုအခြေခံတဲ့ Software တွေကို run လို့ရမှာပါ။ Android PC Suite တွေနဲ့ root လုပ်တဲ့ Super One Click လို Software တွေအားလုံးဟာလည်း adb ကိုသုံးပြီး ဖုန်းကို access လုပ်နေကြတာပါပဲ။

USB Debugging ကို အမြဲတန်းဖွင့်ထားရင် ကောင်းကျိုး ဆိုးကျိုးတွေရှိပါတယ်။

ကောင်းကျိုးကတော့ ဖုန်း Lock ပေးထားပြီးမေ့သွားတာမျိုးလေးတွေကအစ အမျိုးမျိုးသော ပြသနာတွေအတွက် Computer နဲ့ ချိတ်ပြီး ကယ်တင်နိုင်ပါသေးတယ်။

ဆိုးကျိုးကတော့ ကိုယ့်ဖုန်းကို မေ့ခဲ့တာမျိုးဖြစ်ဖြစ် တစ်ခြားသူရဲ့ computer မှာ ထိုးထားရင်ပဲဖြစ်ဖြစ် virus ကြောင့် ဖုန်းရဲ့ rom ဖျက်စီးခံရတာမျိုး ဖြစ်နိုင်သလို (Pattern, Pin, Password ပေးထားပေမယ့်လည်း) ရည်ရွယ်ချက်ရှိရှိနဲ့ content တွေ message တွေ ခိုးယူခံရနိုင်ပါတယ်။ နောက်ပြီး spy app လေးတွေကိုလည်း ထည့်ပေးခံရနိုင်ချေရှိပါတယ်။

ဒါကြောင့် ကိုယ့် Android ဖုန်းရဲ့ USB Debugging ကို အမြဲတန်းဖွင့်ထားမလား၊ မလိုအပ်ရင် ပိတ်ထားမလားဆိုတာ ကိုယ့်ဘာသာ ချင့်ချိန်ပြီးသာ သုံးကြပါ။

(USB Debugging ဖွင့်ထားပြီး Computer နဲ့ ချိတ်ထားတဲ့ ဖုန်းထဲကို ကလစ်တစ်ချက်နှိပ်ရုံနဲ့ ကိုယ့်စိတ်ကြိုက် app တွေ ထည့်ပေးလိုက်တဲ့နည်း . .ရေးပေးပါဦးမယ်။)

by Aaron
aaron.nandus@gmail.com

0 comments:

Post a Comment

DISCLAIMER
None of the files shown here are hosted or transmitted by this server. The links are provided solely by this site's users. The administrator of this site cannot be held responsible for what its users post, or any other actions of its users. You may not use this site to distribute or download any material when you do not have the legal rights to do so. It is your own responsibility to adhere to these terms.