Monday, January 7, 2013

Restore iphone 4s (A5 Chip device only) ios 5.1.1 by Redsn0w



ပေတူးတို့လို့ ဖုန်းကို ကလိလွန်းတဲ့ သူတွေအတွက်ပါ။ အကြောင်းတစ်စုံတစ်ရာကြောင့် လက်ရှိသုံးနေတဲ့ ios 5.1.1 သွင်းထားတဲ့ စက်မှာ ပြသာနာတွေပေါ် စက်ကိုလဲ အပ်ဒိပ်မလုပ်ချင် မူလ ၅.၁.၁ ကိုပဲ ပြန်သုံးချင်တဲ့သူတွေ အတွက်ပါ) iphone 4s, ipad 2, ipod touch fifth gen ..

ios 5.1.1 iphone 4s အတွက် ပြန်ပီး restore ပြန်လုပ်ချင်တယ်ဆိုရင် ဒီအောက်က အဆင့်လေးတွေက ကူညီပါမယ်။ ထုံးစံအတိုင်း ဖုန်းကတော့ jailbreak ဖြစ်ပီးသား။ shsh ကိုလည်း save ပြီးသားဖြစ်ရပါမယ်။ shsh ကို မသိမ်းရသေးရင်လည်း ကိုယ်သုံးတဲ့ ကွန်ပျူတာမှာ သိမ်းဖို့ tinyumbrealla ကို ဒီမှာဒေါင်းပါ။ 

 ပြီးရင် ဖုန်းကို စက်မှာတပ်ပီး tinyumbrealla ကို ရမ်းပါ။ ပီးရင် save shsh ကိုကလစ်လုပ်ပီး shsh ကိုသိမ်းပါ။ ခုနက သိမ်းသွားတဲ့ shsh ဟာ  My Document  အောက်မှာ shsh ဆိုတဲ့ ဖိုဒါ နာမည်နဲ့ ရောက်သွားပါလိမ်မယ်။ အောက်က အဆင်တွေ မလုပ်ခင် ကိုယ့်ကွန်ပျူတာထဲ ရောက်မရောက် အရင် ဝင်ကြည့်ပါဗျာ။ 

၁။ပီးရင် အဓိက ဇာတ်လိုက် ဖြစ်တဲ့ redsn0w version 0.9.15b3 ကို ဒီမှာဒေါင်းပါ။ 

၂။နောက်ထက် ဒေါင်းရမှာက iphone 4s 5.1.1 firmware ကို ဒီမှာဒေါင်းပါ။ http://www.felixbruns.de/iPod/firmware/

၃။ ပီးရင် ဒေါင်းထားတဲ့ redsn0w ကို zip file ဖြည်ပီး အထဲက redsn0w ကို admin အနေနဲ့ run ပါ။

၎။ ပီးရင် Extra>Even More > Restore ကိုကလစ်ပါ

၅။ ipsw ဖိုင်ကို ရွေးပေးပါ။  ပီးရင် blobs အောက်က local ကို ကလစ်နှိပ်ပီး ကျတော်တို့ ခုနက သိမ်းထားတဲ့ shsh ထဲက 5.1.1 shsh ကို ညွန်ပြပေးပါ။ (သင့်မှာ shsh တွေ သိမ်းထားတာ အများကြီး ရှိနိုင်ပါတယ်) 

၆။ ပီးရင် next ကိုနှိပ်ပါ။ ဒါဆို redsn0w က အလုပ်လုပ်နေပါပီ

၇။ အခုလို ပြန် restore လုပ်ရင် baseband ချိန်းသွားမှာ ဖြစ်တဲ့ အတွက် lock ဖုန်းများ အနေနဲ့ မလုပ်သင့်ပါဘူး။ baseband ချိန်းမယ် အိုကေလား မေးနေပါမယ်။ အိုကေတယ် ဆိုရင် yes ဆိုပီး ခရီးဆက်တာပေါ့။

၈။ နောက်ဆုံးမှာ successfully re-stored ဆိုတဲ့ ဟာလေးကို ဝမ်းမြောက်စွာတွေ့ရပီး သင့်စက်ဟာ restore 5.1.1 ကို ရသွားမှာ ဖြစ်ပါတယ်။ 

၉။ ပီးရင်တော့ သင်သဘောရှိရာ jailbreak လုပ်ခြင်း. ဂိမ်းများ apps များ ပြန်သွင်းခြင်းကို လုပ်နိုင်ပါပီ။
(gsmhosting forums အားမှီငြမ်းပါသည်)။(OTA အပ်ဒိပ်လုပ်ထားရင် မရပါဘူးတဲ့ဗျ)





ခင်မင်စွာဖြင့်
ပေတူး

0 comments:

Post a Comment

DISCLAIMER
None of the files shown here are hosted or transmitted by this server. The links are provided solely by this site's users. The administrator of this site cannot be held responsible for what its users post, or any other actions of its users. You may not use this site to distribute or download any material when you do not have the legal rights to do so. It is your own responsibility to adhere to these terms.