Tuesday, February 26, 2013

Tutorial for iPhone 5 Dis Assembly

ကျွန်တော့်စိတ်ထင်တော့ iPhone 4/4s တွေထက် iPhone 5 ကပိုလွယ် နေသလား ထင်မိပါတယ်။ iPhone 3G/3Gs တွေကလို လေစုပ် ခွက် ကိုသုံးပြီး LCD ဘက်ကနေ စလှပ်ရတာပါ။ iPhone 4/4s တွေကတော့ Back Cover ကနေလှပ်တာပါ။


လေစုပ်ခွက်ကို LCD အောက်ပိုင်း Home Key နားမှာ ကပ်ပြီး အပေါ်ကို အသာလေး ဆွဲမရပါတယ်။
အထက်ပိုင်းမှာတော့ Front Camera/LCD/Touch ကြိုးပြား သုံးခုပါနေပြီး Steel Cover နဲ့  ဖုံးအုပ်ထားပါတယ်။








 ပထမဆုံး Battery နဲ့ USB Connector တွေဖြုတ်ဖို့  အစိမ်းရောင် အဝိုင်း နဲ့ ပြထားတဲ့ Screw သုံးလုံးကို အရင်ဖြုတ်ပါ။
Speaker ကို ဖြုတ်ဖို့ ရာ အပြာရောင် အဝိုင်း နဲ့ ပြထားတဲ့ Screw သုံးလုံး ကိုဖြုတ်ပြီး USB Connector ကိုခွါ Speaker ကို ဖြုတ်ပါ။
Speaker ကို ဖြုတ်ဖို့ ရာ Main Circuit ရဲ့ အောက်မှာ အတက်တစ်ခုနဲ့  ကလန့် ထားပါသေးတယ်။
အဝါရောင် အဝိုင်း နဲ့ ပြထားတဲ့ Screw သုံးလုံးကို ဖြုတ်ပြီး Camera နဲ့  Flash ကို မထားပါ။ Connector ကအောက်မှာဆိုတော့ ဖြုတ်လို့ မရသေးပါဘူး။
အနီရောင် လေးထောင့် နဲ့ ပြထားတဲ့ ANT Connector တွေနဲ့ အဖြူရောင် လေးထောင့် နဲ့ ပြထားတဲ့ Volume/ Silent/ Vibrator Connector တွေဖြုတ်။
အနီရောင် အဝိုင်း နဲ့ ပြထားတဲ့ Screw တွေကိုဖြုတ်ပြီးရင် Main Circuit ကိုဖြုတ်လို့ ရပါပြီ။
အောက်ပိုင်းက အဝါရောင် လေးထောင့် က Home Connector ပါ။






( 1 ) USB Connector
( 2 ) Battery Connector
( 3 ) Speaker
( 4 ) USB Socket
( 5 ) Headphone Socket




 HOME KEY Point












ကျွန်တော် ရေးသားသော Hardware post များအား အခြားသော ဆိုဒ် များတွင် Sharing ပြုလုပ်နိုင်ပါသည်။ ဒါပေမယ့် Credit လေးတော့ ပင်ပန်းရကြိုး နပ်စေဖို့ ရာ ပေးပါရန် သတိပေးပါသည်။





3 comments:

  1. ကောင်းလိုက်တာဗျာ လေ့လာချင်နေတာကြာပြီ ကျေးဇူးအထူးတင်ရှိပါကြောင်း

    ReplyDelete
  2. Hardware ပိုင်းတွေကို လေ့လာခွင့်ရတဲ့အတွက် ဒီ group ကအစ်ကိုတွေ အစ်မတွေ admin တွေအားလုံးကိုကျေးဇူးတင်ပါတယ် နောက်လည်းဆက်လက်ကြိုးစားပါ အားပေးနေပါမယ် ကျွန်တော့် page မှာလည်း share ချင်ပါတယ် creadit ပေးပါမယ်နော် share ခွင့်ပေးပါ

    ReplyDelete
  3. Credit က ဘယ်လိုပေးရမလဲ မသိဘူး :D နာမည်မတွေ့တော့ ပို့စ်ပိုင်ရှင်နာမည်လေး :D

    ReplyDelete

DISCLAIMER
None of the files shown here are hosted or transmitted by this server. The links are provided solely by this site's users. The administrator of this site cannot be held responsible for what its users post, or any other actions of its users. You may not use this site to distribute or download any material when you do not have the legal rights to do so. It is your own responsibility to adhere to these terms.