Apple သမားတွေအတွက် Cydia ထဲက deb ဖိုင်များဖြစ်တဲ့ Tweaks များကို deb ဖိုင်အဖြစ် Backup ပြန်ထုတ်နည်းလေးပါ ။ အရမ်းကို လွယ်ကူပါတယ် အောက်နည်းလေးအတိုင်း လုပ်သွားလိုက်ပါ
(1 ) Cydia ထဲက BackToDeb ကို အင်စတောလုပ်လိုက်ပါ ။
( Cydia ထဲတွင် http://repo.insanelyi.com/ ကို အပ်ပြီး ဒေါင်းယူနိုင်ပါတယ် ။ )
(2) BackToDeb ဆော့ဝဲကိုဖွင့်လိုက်ပါ ( Continua ဆိုတဲ့စာကို ရွေးပေးလိုက်ပါ )
(3) Backup Packages ဆိုတဲ့ စာလေးကို နှိပ်ပေးလိုက်ပါ ။
( သူ Backup လုပ်နေပါပြီ ခဏစောင့်ပါ ။ ပြီးသွားတဲ့အခါမှာ Close နှိပ်လိုက်လို့ရပါပြီ ။ ကိုယ့်ဖုန်းထဲက deb ဖိုင် Tweaka များကို Backup အဖြစ်သိမ်းပြီးသွားပါပြီ ။
ကဲ deb ဖိုင်များကို အပြင်သို့ထုတ်ယူပါမယ် သင့်ကွန်ပြူတာထဲတွင် iFunbox ထည့်ထားဖို့လိုပါတယ် ။
iFunbox မရှိပါက ဒီမှာနှိပ်၍ ဒေါင်းယူပါ ။
သင့် iDevice ကို PC မှာ ကြိုးချိတ်လိုက်ပါ ။ ပြီးရင် iFunbox ကိုဖွင့်ပါ ။
အပေါ်ထောင့်က iFunbox Classic ဆိုတဲ့စာကိုနှိပ်ပြီးဝင်လိုက်ပါ
အဲဒီမှာ သင့် iDevice ကို USB သိပြီးဆိုရင် သင့် iDevice နာမည်ကို တွေ့ရပါလိမ့်မယ် နှိပ်ပြီးဝင်လိုက်ပါ ။
အဲဒီမှာ Raw File System ဆိုတာလေးကို နှိပ်ပြီးဝင်လိုက်ပါ ။
ပြီးရင် var ဆိုတာကိုဝင်ပါ >>> ပြီးရင် mobile ကိုဝင်ပါ >>> အဲမှာ BackToDeb ဆိုတဲ့ဖိုဒါလေးကို ဝင်လိုက်ပါ ။
အဲဒီထဲမှာ သင့်ဖုန်းထဲက Tweaks များကို Backup လုပ်ထားတဲ့ deb ဖိုင်များကို တွေ့ရပါပြီ ။ သင်အပြင်ထုတ်ချင်တဲ့ကောင်ကို ရွေးပေးပြီး အပေါ်က Copy To PC ဆိုတာလေးကို နှိပ်လိုက်ပြီး သင့်ကြိုက်ရာနေရာတွင် Save ထုတ်နိုင်ပါပြီ ။
အားလုံးပဲ အဆင်ပြေကြပါစေ....။
Post By : Djjoe Man (MMF)
0 comments:
Post a Comment