Tuesday, June 11, 2013

Galaxy note 12 ထွက်လာအုံးမည်..

ဆမ်ဆောင်းဟာ သူရဲ့ tablet မျိုးဆက်သစ် galaxy note 12 ထွက်ရှိလာဖို့ ရှိတယ်လို့ အင်တာနက် သတင်းများက ဆိုနေပါတယ်။ အဆိုပါ tablet မှာ စကရင်ဆိုဒ် ၁၂.၂ လက်မရှိပီး 2560x1600 pixel ကိုထုတ်ပေးနိုင်မယ့် IGZO (Indum-Gallium Zinc Oxide) နည်းပညာကို အသုံးပြုထားတာ WQXGA (2500x1600) resolution ကိုထုတ်ပေးနိုင်မယ်လို့ သတင်းများက ဆိုပါတယ်။ အဆိုပါ galaxy note 12 မှာ S-pen လည်း ပါဝင်မှာဖြစ်ပါတယ်။



ဆမ်ဆောင်းရဲ့ နောက်ဆုံးထွက် galaxy note 8 ဟာ အောင်မြင်မှုရတဲ့ tablet တစ်ခုဖြစ်နေပါတယ်။ galaxy series များနဲ့ အောင်မြင်မှု ရလာခဲ့တဲ့ ဆမ်ဆောင်းဟာ သူရဲ့ galaxy အမျိုးအစား ဖုန်း. တက်ပလက်. ကင်မရာတွေကို အလွှာစုံလူတန်းစားစုံ အသုံးပြုနိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ ဈေးကွက် ထိုးဖောက်ဖို့ ကြိုးစားနေပါတယ်။



ခင်မင်လျက်
ပေတူး
11 june 2013

0 comments:

Post a Comment

DISCLAIMER
None of the files shown here are hosted or transmitted by this server. The links are provided solely by this site's users. The administrator of this site cannot be held responsible for what its users post, or any other actions of its users. You may not use this site to distribute or download any material when you do not have the legal rights to do so. It is your own responsibility to adhere to these terms.