Friday, June 21, 2013

iPhone Contacts ပေါင်း ရာချီခန့်ကို Android ဖုန်းထဲသို့ တစ်ပြိုင်နက်ထဲစက္ကန့်ပိုင်းအတွင်း လှမ်းပို့နည်း


iPhone ထဲက ဖုန်းနံပါတ်Contacts ပေါင်း ရာချီခန့်ကို Android ဖုန်းထဲသို့ တစ်ပြိုင်နက်ထဲစက္ကန့်ပိုင်းအတွင်း လှမ်းပို့နည်းလေးပါ ။ ပန်းသီး စက်ရုပ် ဘယ်ဖုန်းကနေ ဘယ်ဖုန်းကိုဖြစ်ပါစေ ပို့လို့ရပါတယ် 


Bump ဆော့ဝဲဖြင့် တစ်ပြိုင်နက်ထဲစက္ကန့်ပိုင်းအတွင်း ဖုန်းဖုန်းချင်းလှမ်းပို့နိုင်ပါတယ်

ပို့နည်းကတော့ လွယ်လွယ်လေးပါ သင့်ဖုန်းနှစ်လုံးစလုံးမှာ အင်တာနက်ရှိရပါမယ်

ဖုန်းနှစ်လုံးစလုံး  Bump ဆော့ဝဲကို ဝင်လိုက်ပါ ။

ပြီးရင် iPhone ကို Bump ဆော့ဝဲက Contacts ထဲဝင်လိုက်ပြီး ကိုယ်ပို့မယ့်နံမည်တွေကိုရွေးလိုက်ပါ အကုန်ပို့မယ်ဆိုရင်တော့ All သာ နှိပ်လိုက်ပါ ။

ပြီးရင် ဖုန်းနှစ်လုံးစလုံးကို တုန်ခါမှုပေးလိုက်ပါ ( ပုံမှာပြထားတဲ့အတိုင်း ဖုန်းနှစ်လုံးကို လက်ဖြင့်ဆုပ်၍ တိုက်လိုက်ပါ )

သင့်ဖုန်းနှစ်လုံးစလုံးရဲ့ နာမည်တွေ တစ်ဘက်ဆီမှာပေါ်လာပါမယ် နှစ်ဘက်လုံးကို Connect ကို နှိပ်ပေးလိုက်ပါ ။


သင့်ပို့ချင်တဲ့ဖုန်းကို အကုန်လုံး ချက်ခြင်းရောက်သွားပါပြီ ကဲ....မြန်မှမြန်နော် :)

Bump ဆော့ဝဲကို လိုချင်သူများ မားကပ်တွေမှာ ဖရီးပေးထားပါတယ် ။ မားကပ်ဝင်ရတာ အဆင်မပြေသူများကတော့ အောက်မှာဒေါင်းယူပါ ။


ကျနော့်ဖုန်းထဲက  Contacts  ပေါင်း 209 ခုကိုလှမ်းပို့ထားပုံကို Video နဲ့တကွ ဖော်ပြပေးထားပါတယ် ။



iPhone အတွက် Bump V3.5.10 ဆော့ဝဲကို ဒီမှာဒေါင်းယူပါ ။

Android အတွက် Bump V3.6.5 ဆော့ဝဲကို ဒီမှာဒေါင်းယူပါ ။


အားလုံးပဲ အဆင်ပြေကြပါစေ... :)

Post By : Djjoe Man (MMF) 

0 comments:

Post a Comment

DISCLAIMER
None of the files shown here are hosted or transmitted by this server. The links are provided solely by this site's users. The administrator of this site cannot be held responsible for what its users post, or any other actions of its users. You may not use this site to distribute or download any material when you do not have the legal rights to do so. It is your own responsibility to adhere to these terms.