Thursday, April 17, 2014

Teamviewer For Mobile

ကွန်ပြူတာကနေ ဖုန်းထဲသို့ဝင်ရောက်နိုင်တဲ့ မိုဘိုင်းအတွက် Teamviewer ဆော့ဝဲ လေးတစ်ခု မိတ်ဆက်ပေးလိုက်ပါတယ် ။




"' နည်းနည်းတော့ လေရှည်လိုက်ပါဦးမယ် :P "' 

Teamviewer ဆော့ဝဲရဲ့ အသုံးဝင်ပုံကိုတော့ အားလုံးပဲ သိရှိထားပြီးလောက်ပါပြီ ။

Teamviewer  ဆော့ဝဲဟာဆိုရင် မိမိရဲ့ကွန်ပြူတာကနေ တစ်ဘက်သူရဲ့ကွန်ပြူတာကိုလှန်းဝင်ပြီး  ဝင်ရောက်ကူညီပေးတဲ့ ဆော့ဝဲတစ်ခုအဖြစ် ကွန်ပြူတာလောကမှာ တော်တော်လေးကိုအဆင်ပြေစွာ နေရာယူထားတဲ့ ဆော့ဝဲကောင်းတစ်ခုပါ 

မိမိဖုန်းကနေ ကွန်ပြူတာထဲကိုလဲ လှမ်းဝင်လို့ရပါတယ် Android / iOS မားကပ်တွေမှာ
TeamViewer for Remote Control ဆိုပြီး ဖရီးပေးထားပါတယ် :)


ကွန်ပြူတာအတွက်  Teamviewer  ဆော့ဝဲကို မူရင်းဆိုက်မှာ ဖရီးဒေါင်းယူနိုင်ပါတယ်
http://www.teamviewer.com

မိမိရော တခြားသူရော ဆော့ဝဲကို အင်စတောလုပ်ထားပါမယ် ။
မိမိကူညီလိုသော စက်ပိုင်ရှင်ရဲ့  Teamviewer  ဆော့ဝဲရဲ့ ID နဲ့ Password ကိုတောင်းလိုက်ပါ  
မိမိရဲ့ Teamviewer  မှာဖြည့်စွတ်ပြီး နှိပ်လိုက်တာနဲ့ ထိုသူရဲ့ကွန်ပြူတာစခရင်ဟာ မိမိကွန်ပြူတာမှာ ပေါ်လာမှာဖြစ်ပါတယ် :)

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx 

ယခုမိတ်ဆက်ပေးမှာကတော့ မိုဘိုင်းသမားတွေအတွက်  Teamviewer ဆော့ဝဲလေးပါပဲ

မိမိက တခြားသူကိုကူညီချင်လို့ဖြစ်စေ... ဖုန်းအကြောင်းနားမလည်လို့ဖြစ်စေ
မလုပ်တတ်တာတွေကို တခြားသူကကွန်ပြူတာကနေ ကူညီပြီးနှိပ်ပေးလို့ရတဲ့အတွက် အရမ်းကိုအဆင်ပြေစေမည့် ဆော့ဝဲကောင်းတစ်ခုပါ ။


လိုအပ်သည့် TeamViewer QuickSupport ဆော့ဝဲကို ဒီမှာဒေါင်းယူနိုင်သလို
မားကပ်မှာလဲဖရီးပေးထားပါတယ် :)

https://drive.google.com/file/d/0B6_coojhGTfPYTJIYlMwNFhhdFU/edit?usp=sharing

နောက်ကိုယ့်ဖုန်းအမျိုးအစားအတွက် QS Add-On လေးကို ထပ်ပြီးအင်စတောလုပ်ထားရပါမယ်

Samsung အတွက် QS Add-On Samsung ကို ဒီမှာဒေါင်းပါ 
https://drive.google.com/file/d/0B6_coojhGTfPaXB3TWNiRG85akE/edit?usp=sharing

Lenovo အတွက် QS Add-On Lenovo ကို ဒီမှာဒေါင်းပါ
https://drive.google.com/file/d/0B6_coojhGTfPYUJzTHNFLVpEZEE/edit?usp=sharing

တခြားဖုန်းအမျိုးအစားအတွက်ကတော့ QS Add-On မတင်ပေးတော့ပါဘူး 
TeamViewer QuickSupport ကို အင်စတောလုပ်ပြီးလို့ ဖွင့်လိုက်တာနဲ့ မိမိဖုန်းအမျိုးအစား QS Add-On အတွက် Download နှိပ်ဖို့ရန် ပေါ်လာပါမယ် :)

ထိုဆော့ဝဲနှစ်ခုကို မိမိဖုန်းမှာ အင်စတောလုပ်ပြီးပြီဆိုရင် ။ မိမိရရှိထားတဲ့  Teamviewer  ရဲ့ ID ကို ဝင်ရောက်ကူညီပေးမည့်သူကိုပေးလိုက်ယုံပါပဲ ။

ထိုသူက ကွန်ပြူတာမှာ မိမိ ID ကို ဖြည့်စွတ်ပြီး နှိပ်လိုက်တာနဲ့ မိမိဖုန်းစခရင်ဟာ ထိုသူရဲ့ကွန်ပြူတာမျက်နှာပြင်မှာ ပေါ်လာမှာဖြစ်ပါတယ် ။

ထိုသူဝင်ရောက်ဖို့ရန် မိမိက Teamviewer ဆော့ဝဲကိုဖွင့်ထားပါ သူဝင်ရောက်ချိတ်ဆက်နေပြီဆိုရင် လက်ခံမလားဆိုပြီး Allow တောင်းပါမယ်  Allow  နှိပ်ပေးလိုက်ပါ ။

ဒါဆိုရင် ထိုသူကမိမိဖုန်းထဲကို ဝင်ရောက်ကူညီနှိပ်ပေးနေပါပြီ ဒေတာများကိုလဲ ရှယ်ပေးလို့ရပါသေးတယ် 

မှတ်ချက် ။ ။ နှစ်ဦး နှစ်ဘက်လုံးမှာ အင်တာနက်ရှိထားဖို့ လိုအပ်ပါတယ် :) 

အားလုံးပဲ အဆင်ပြေကြပါစေ..... :)

အဆင်မပြေမှုများ ရှိပါက မေးမြန်းလိုပါက ( သို့ ) ဒေါင်းလော့လင့်များ ဒေါင်းမရတော့ပဲ သေသွားခဲ့ပါက ။ MyanmarMobileForum(MMF) ဂရုမှာ လာရောက်မေးမြန်း တောင်းဆိုနိုင်ပါတယ် ။ မန်ဘာဝင်ထားကြဖို့လဲ ဖိတ်ခေါ်ပါတယ် :)
https://www.facebook.com/groups/mmmobileforum/

Post By : DjjoeMan(MMF) 

0 comments:

Post a Comment

DISCLAIMER
None of the files shown here are hosted or transmitted by this server. The links are provided solely by this site's users. The administrator of this site cannot be held responsible for what its users post, or any other actions of its users. You may not use this site to distribute or download any material when you do not have the legal rights to do so. It is your own responsibility to adhere to these terms.